Mytel မှ 5G ကွန်ရက်အား ပထမဦးဆုံးထုတ်ဖော်စမ်းသပ်ပြသ

မြန်မာနိုင်ငံ၏ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သော Mytel သည် 5G ကွန်ရက်ကိုမြန်မာနိုင်ငံတွင် ပထမဦးဆုံးထုတ် ဖော်ပြသသည့် အခမ်းအနားကို ၂၀၁၉ ခုနှစ် ၊သြဂုတ် ၅ ရက်တွင် Sedona ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။

Photo Source By Myanmar Tech Press

မြန်မာနိုင်ငံ၏ နည်းပညာပိုင်းအရဖွံ့ဖြိုးတိုးတက်ပြီးခိုင်မာသောနိုင်ငံတစ်နိုင်ငံဖြစ်လာစေရန် ယခုကဲ့သို့သုံးစွဲသူများအတွက် ထူးခြားသောအတွေ့အကြုံများကိုပေးစွမ်းနိုင်မည့်နောက်ဆုံးပေါ်နည်းပညာသစ်တစ်ခုဖြစ်သော 5G ကွန်ရက်အား Mytel မှ မြန်မာနိုင်ငံသို့ပထမဦးဆုံး ယူဆောင်စမ်းသပ်ပြသခြင်းဖြစ်ကြောင်းလည်းသိရသည်။
အဆိုပါပွဲတွင် Mytel ၏ တာဝန်ရှိသူများမှဦးစီး၍ 5G ကွန်ရက်နှင့် အသုံးပြုပုံများအားထုတ်ဖော်ပြသပေးခဲ့ပြီး ပွဲတက်ရောက်သူများအနေဖြင့်လည်း လေ့လာစမ်းသပ်ကြည့်နိုင်သောနေရာတွင် 5G ကွန်ရက်ကို အသုံးပြုကာ VR Technology နှင့် 4K ဗီဒီယိုများကို စမ်းသပ်ကြည့်ရှုခံစားခွင့်ရရှိခဲ့သည်။ ထို့နောက်ပွဲ၏စင်မြင့်ပေါ်တွင် ထူးခြားမြန်ဆန်သည့် 5G ကွန်ရက်၏အမြန်နှုန်းအား 5G အသုံးပြုနိုင်သည့် ဖုန်းဖြင့်စမ်းသပ်ပြသခဲ့ကြသည်။

Photo Source By Myanmar Tech Press

“အရင် ကြိုးမဲ့နည်းပညာတွေနဲ့မတူဘဲ 5G ပေါ်ပေါက်လာခြင်းက ပိုပြီးကောင်းတဲ့အပြောင်းအလဲတွေကိုပေါ်ပေါက်လာ စေသလို အချင်းချင်း ဒေတာအပြန်အလှန်ပို့ဆောင်တဲ့အခါ လျင်မြန်တဲ့မြန်နှုန်းတွေ ၊ တုံ့ပြန်မှုတွေနဲ့အတူ အချင်းချင်းချိတ် ဆက်ရာမှာ ပိုပြီးကောင်းမွန်တဲ့အတွေ့အကြုံတွေ ရရှိစေမှာပါ။ အရှေ့က မျိုးဆက်တွေ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာ တုန်းကလည်း သိသာတဲ့ပြောင်းလဲမှုတွေရှိခဲ့ပေမဲ့လည်းအခု5Gပေါ်လာပြီးနောက်မှာတော့ ကျွန်တော်တို့ရဲ့ နေ့စဉ်လူမှု ဘ၀ တွေနဲ့ ကျွန်တော်တို့ အသုံးပြုနေတဲ့ device များရဲ့စွမ်းဆောင်နိုင်မှုများကိုလုံးလုံးလျားလျား ပြောင်းလဲပေးနိုင်မှာဖြစ်ပါတယ်။ အခုဆိုရင် ကျွန်တော်တို့ရဲ့ အိပ်မက်တွေက တကယ်ဖြစ်လာတော့မှာဖြစ်ပြီး များမကြာတော့မယ့်အချိန်မှာ digital လူမှုပတ်ဝန်းကျင်တစ်ခုကိုလည်းတွေ့မြင်ရတော့မှာဖြစ်ပါတယ်။နောက်ပြီးကျွန်တော်တို့အနေနဲ့ 5G ကိုမြန်မာနိုင်ငံအတွင်း ပထမဦးဆုံးယူဆောင်လာနိုင်တဲ့ဆက်သွယ်ရေးအော်ပရေတာဖြစ်တဲ့အတွက်လဲအရမ်းဂုဏ်ယူရပါတယ်”ဟု Mytel ၏ ပြင်ပဆက်ဆံရေးအရာရှိချုပ် ဦးဇော်မင်းဦး မှပြောကြားသည်။
ယခုအခမ်းအနားမတိုင်မှီ ၂၀၁၉ ခုနှစ် ဇူလိုင် ၃၁ ရက်တွင် Mytel ရုံး၌ 5G နည်းပညာစမ်းသပ်သည့် အစီအစဉ်ကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီးဖြစ်ကြောင်းလည်းသိရသည်။ အမြန်နှုန်းစမ်းသပ်မှုအား C band (3.5 GHz) ဖြင့် စမ်းသပ်ခဲ့ပြီး စမ်းသပ်နေစဉ်အတွင်း အမြင့်ဆုံးရောက်ရှိသွားသောမြန်နှုန်းမှာ 1 ဒဿမ 6Gbps အထိရှိပြီးထိုမြန်နှုန်းမှာ 4G ကွန်ရက်ထက် များစွာ မြန်ဆန်လှပြီး 4G ကွန်ရက်ဖြင့် အသုံးပြုမည်ဆိုပါက 150 Mbps ခန့်သာရှိမည်ဖြစ်သည်။ 5G ကွန်ရက် သုံးစွဲမှုသည် 4G နှင့် 3G မြန်နှုန်းများအပေါ်သက်ရောက်မှုမရှိပေ။ နောက်ဆုံးပေါ်ကွန်ရက်ဖြစ်သော 5G ၏ download speed မှာ တစ်စက္ကန့်လျှင် 1 ဒဿမ 6 Gbps ရှိသည့်အချိန်တွင် သာမန် 4G ကွန်ရက်၏ download speed မှာ တစ်စက္ကန့်လျှင် 150 Mbps ခန့်သာရှိမည်ဖြစ်ကြောင်းလည်းသိရသည်။

Photo Source – https://www.facebook.com/mytelmyanmar/

Mytel 5 Gsolutionpartner အဖြစ် Huaweiနှင့်နောက် ဆုံးမျိုးဆက်သစ်ကွန်ရက်အားယူဆောင်လာရန် အားပူးပေါင်း ပြီးလုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ယခုလို ထုတ်ဖော်ပြသပွဲ အခမ်းအနားအား အောင်မြင်စွာကျင်းပပြီးနောက် Mytel သုံးစွဲသူများအတွက် 5G ကွန်ရက်အား ဈေးကွက်တွင်တရားဝင်ရောင်းချနိုင်ရန် အပြင်းအထန်လုပ်ဆောင်လျက် ရှိနေပါသည်။ Mytel ၏ 5G ကွန်ရက်ကို မြန်မာပလာဇာရှိ Mytel ၏ Customer ExperienceCenter တွင်ရရှိနိုင်မှာ ဖြစ်ပြီးတစ်ပြိုင်နက်ထဲတွင်လည်း Mytel မှမြို့ကြီးပြကြီးများအပါအဝင်တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရရှိနိုင်အောင်ဆောင် ရွက်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။
မြန်မာပြည်တွင်း အော်ပရေတာတစ်ခုဖြစ်သည့် Mytel မှ မြန်မာနိုင်ငံသို့ကောင်းမွန်သောနည်းပညာများ ယူဆောင်လာပေး နိုင်ခဲ့သလို နောင်အနာဂတ်များတွင်လည်း Mytel မှ ဆန်းသစ်သောနည်းပညာများနှင့်တစ်မူထူးခြားကောင်းမွန်သော တိုး တက်မှုများကို ဆောင်ကျဉ်းပေးနိုင်ရန်အစဉ်ကြိုးစားသွားမည်ဖြစ်ပြီး ခေတ်မီအဆန်းသစ်ဆုံးတီထွင်မှုများကို သက်သာသော နှုန်း ထားများဖြင့်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်းလည်းထုတ်ပြန်ထားသည်။