Mytel မှ အပြည်ပြည်ဆိုင်ရာ Data Roaming အတွက် သုံးသလောက်ပေးအစီအစဉ်၏ ကောက်ခံမှုစနစ်အား ပြောင်းလဲသတ်မှတ်

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သော Mytel သည် လူအများ သွားရောက်လည်ပတ်လေ့ရှိသော နိုင်ငံများဖြစ်သည့် ကမ္ဘာဒီးယား ၊ တရုတ် ၊ ဂျပန် ၊ လာအို ၊ မလေးရှား ၊ စင်ကာပူ ၊ တောင်ကိုရီးယား ၊ အရှေ့တီမော ၊ ထိုင်း နှင့် ဗီယက်နမ်နိုင်ငံများတွင် ၎င်းတို့၏အပြည်ပြည်ဆိုင်ရာ Roaming အတွက် သုံးသလောက်ပေး အစီအစဉ် ကောက်ခံမှု စနစ်အား ပြောင်းလဲသတ်မှတ်လိုက်ပြီ ဖြစ်ကြောင်းသိရသည်။
Mytel အသုံးပြုသူများအနေဖြင့် အခြားနိုင်ငံများတွင် ဒေတာအသုံးပြုရာ၌ ပိုမိုအဆင်ပြေစေရန် ယခုကဲ့သို့ data roaming အတွက် ဈေးနှုန်းများကို လျှော့ချသတ်မှတ်ပေးလိုက်ခြင်းဖြစ်သည်။ Data Roaming အတွက် သုံးသလောက်ပေးအစီအစဉ် ကို ကမ္ဘာဒီးယား ၊ တရုတ် ၊ ဂျပန် ၊ လာအို ၊ မလေးရှား ၊ စင်ကာပူ ၊ တောင်ကိုရီးယား ၊ အရှေ့တီမော ၊ ထိုင်း နှင့် ဗီယက်နမ် နိုင်ငံများတွင်အသုံးပြုနိုင်မည်လည်းဖြစ်သည်။

Photo Source – https://mytel.com.mm/

“ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအတွက် မြန်မာနိုင်ငံတွင်းထဲမှာပဲဖြစ်ဖြစ် နယ်မြေရပ်ခြားမှာပဲဖြစ်ဖြစ် ဘယ်နေရာကနေပဲ သုံးသုံး အကောင်းဆုံးနဲ့ အတန်ဆုံးဈေးတွေကိုပဲ အမြဲတမ်းပေးနိုင်ဖို့ ရည်ရွယ်ပြီးလုပ်ပေးခဲ့တာပါ။ ဒါကြောင့်လည်း ကျွန်တော်တို့က အနည်းဆုံးဈေးနှုန်းအထိ လျှော့ချပေးထားပြီး အချို့နိုင်ငံအတော်များများအတွက်ကို ဈေးနှုန်းအဟောင်းနဲ့ ယှဉ်လိုက်ရင် ၉၇ ရာခိုင်နှုန်းအထိ သက်သာနိုင်မှာဖြစ်တဲ့အတွက် သုံးစွဲသူတွေအနေနဲ့ နိုင်ငံခြားမှာ ဒေတာအများကြီးသုံးမိမှာ စိတ်ပူစရာမလိုတော့ပါဘူး” ဟု Mytel ၏ ပြင်ပဆက်ဆံရေးအရာရှိချုပ်ဖြစ်သူ ဦးဇော်မင်းဦးမှ ပြောကြားသည်။
Mytel ၏ အခွန်မပါဝင်သေးသော data roaming ဈေးနှုန်းအဟောင်းနှင့် အခွန်မပါဝင်သေးသော data roaming ဈေးနှုန်းအသစ် တို့အား အောက်ဖော်ပြပါ ဇယားတွင်ကြည့်ရှုနိုင်ပါသည်။

Photo Source – https://mytel.com.mm/

အကြီးမားဆုံး 4.5G ကွန်ရက်နှင့်ရှေ့ပြေးတီထွင်သူဖြစ်သည့်အပြင် အကောင်းဆုံးအော်ပရေတာဖြစ်သော Mytel သည် သုံးစွဲသူများ၏ လိုအပ်ချက်များအား အစဉ်အမြဲဖြည့်ဆည်းနိုင်ရန် ကြိုးပမ်းလျက်ရှိပြီး Mytel သုံးစွဲသူများအတွက် အကောင်းဆုံး အော်ပရေတာဖြစ်လာရန်ရည်ရွယ်ပြီးဆောင်ရွက်လျက်ရှိကြောင်းလည်းသိရသည်။ ထို့အပြင် သုံးစွဲသူများ အပြန်အလှန်အကျိုးရှိစေရန်နှင့် ပိုမိုကောင်းမွန်သော အတွေ့အကြုံများပေးနိုင်ရန်လည်း ဆောင်ရွက်လျက်ရှိသည်။ Mytel သည် ဆန်းသစ်သောတီထွင်မှုများနှင့် ဝန်ဆောင်မှုများ၏ ဖွံ့ဖြိုးတိုးတက်ရေးအားအထူးအာရုံစိုက်လျက်ပြီး မြန်မာပြည်သူ တို့အတွက် ကောင်းမွန်သောအနာဂတ်ကို ဖန်တီးပေးနိုင်ရန် ဆက်လက်ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။