Ooredoo မှ 4G LTE ကွန်ရက်ထက် ပိုမိုကောင်းမွန်သည့် 4G LTE TURBO ကို ဧရာဝတီ၊ စစ်ကိုင်း၊ မကွေးတိုင်းနှင့်ရခိုင်ပြည်နယ်တို့တွင် အဆင့်မြင့်တင်

Ooredoo မှ4G LTE ကွန်ရက်၏ အရည်အသွေးပိုမိုပြည့်စုံကောင်းမွန်သည့် 4G LTE TURBO ကွန်ရက်ကို အဓိကကျသည့် တိုင်းဒေသကြီများနှင့် ပြည်နယ်ဖြစ်သည့် ဧရာဝတီ၊ စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီးနှင့်ရခိုင်ပြည်နယ်တို့တွင် အဆင့်မြှင့် တင်ပေးလိုက်ပြီဖြစ်ကြောင်းသိရသည်။
ထိုသို့အဆင့်မြှင့်တင်ရခြင်းရည်ရွယ်ချက်မှာလည်း အဆင့်မြှင့်တင်ထားသည့် 4G LTE TURBO ကွန်ရက်နှင့်အတူ အူရီဒူးမြန် မာမှ အဆိုပါဒေသများတွင် အဆောက်အဦ၏ အပြင်ပိုင်းသာမက အတွင်းပိုင်းအထိပါကွန်ရက်လွှမ်းခြုံနိုင်မှု အရည် အသွေးများကို ပိုမိုကောင်းမွန် တည်ငြိမ်လာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းလည်းဖြစ်သည်။

Photo Source – https://ooredoo.com.mm/portal/mm/index

မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ်ဖော်ဆောင်ရေးတွင် ဦးဆောင်နေသည့် အူရီဒူးမြန်မာအနေဖြင့် သုံးစွဲသူများအတွက် ဆန်းသစ်ပြီးသုံးစွဲရလွယ်ကူသည့် ဒစ်ဂျစ်တယ်ထုတ်ကုန်နှင့်ဝန်ဆောင်မှုများကို အစဉ်အမြဲပေးအပ်နိုင်ရန် ဆောင်ရွက်လျှက်ရှိ ပြီး မြန်မာနိုင်ငံတစ်ဝန်းတွင် ၎င်း၏ ကွန်ရက်အရည်အသွေးကို ပြည့်စုံကောင်းမွန်စေရန်အတွက် စဉ်ဆက်မပြတ်ရင်းနှီး မြှုပ်နှံလျက်ရှိကြောင်းလည်းသိရသည်။
အဆိုပါလုပ်ဆောင်ချက်၏ ရလဒ်ကောင်းတစ်ခုအနေဖြင့် ဧရာဝတီ၊ စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီးတို့နှင့် ရခိုင်ပြည်နယ် တို့တွင် အူရီဒူးသုံးစွဲသူများအနေဖြင့် ကွန်ရက်ချိတ်ဆက်မှု အဆက်မပြတ်ရရှိပြီး တည်ငြိမ်ကောင်းမွန်သည့် 4G ဒေတာကွန် ရက်ကို အသုံးပြုနိုင်မည်ဖြစ်သည့်အတွက် ပိုမိုကောင်းမွန်လာသည့် သုံးစွဲသူအတွေ့အကြုံကို ရရှိခံစားနိုင်တော့မည်ဖြစ် သည်။

Photo Source – https://ooredoo.com.mm/portal/mm/index

အူရီဒူးမြန်မာအဖွဲ့မှ ယင်းတိုင်းဒေသကြီးနှင့် ပြည်နယ်စုစုပါင်းလေးခုမှ မြို့နယ်တစ်မြို့စီတိုင်းကို သွားရောက်၍ သုံးစွဲသူများအား 4G LTE TURBO အသစ်နှင့်ပတ်သတ်သည့် အသိပညာဗဟုသုတများကိုလည်းကောင်း၊ မိုဘိုင်းဝန်ဆောင် မှုများနှင့် ပတ်သတ်သည့်ဗဟုသုတကိုလည်းကောင်းမျှဝေပေးသည့်အတွက် သုံးစွဲသူများအနေဖြင့် ပိုမိုကောင်းမွန်ပြည့် စုံသည့် ဒစ်ဂျစ်တယ်ဗဟုသုတများကို ရရှိခံစားနိုင်မည်လည်းဖြစ်သည်။
မြန်မာ့အမြန်ဆန်ဆုံးကွန်ရက် လွှမ်းခြုံမှုအောက်တွင် အကောင်းဆုံး ဒစ်ဂျစ်တယ်အတွေ့အကြုံများကို ပေးအပ်နိုင်ရန် အတွက် အူရီဒူးမြန်မာအနေဖြင့် မြန်မာနိုင်ငံတွင်ပထမဦးဆုံး 4G ကွန်ရက် ၂၀၁၆ ခုနှစ်၊ မေလတွင်တရားဝင်စတင်ပြီး ဖြန့်ကျက်ပေးခဲ့ပြီးဖြစ်ကြောင်းလည်းသိရသည်။ ထပ်မံ၍ အူရီဒူးမြန်မာအနေဖြင့် ကွန်ရက်အရည်အသွေးစစ်ဆေးသည့် ထိပ်တန်းဦးဆောင် ကမ္ဘာ့အဖွဲ့အစည်းကြီးဖြစ်သည့် Ookla® ၏ မြန်မာနိုင်ငံတွင် အမြန်ဆန်ဆုံး မိုဘိုင်းကွန်ရက်အဖြစ် ၂၀၁၉ ခုနှစ် ပထမနှစ်ဝက်တွင် အသိအမှတ်ပြုခြင်းကို ရရှိခဲ့ပြီးလည်းဖြစ်သည်။

Photo Source – https://ooredoo.com.mm/portal/mm/index

Ooredoo သည် ခြောက်နှစ်တာကာလအတွင်း မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်ထားသော ကုမ္ပဏီ များထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီး ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသော ဒေသများတွင် အမြန်ဆုံးနှင့်လိုင်းအ တည်ငြိမ်ဆုံးကွန်ရက်ကို ဖြန့်ကျက်ပေးလျက်ရှိသည်။ Ooredoo အနေဖြင့် ပြည်သူလူထုကို တန်ဖိုးထားအလေးထားပြီး အခြေခံကျန်းမာရေးစင်တာများကို မြန်မာနိုင်ငံအနှံ့အပြားတွင် ဆောက်လုပ်နိုင်ရန် ကူညီပံ့ပိုးပေးခြင်းနှင့် ပညာရေးကဏ္ဍများ တွင် ကူညီထောက်ပံ့ခြင်း အစရှိသော လူမှုအကျိုးပြုလုပ်ငန်းများစွာကို လုပ်ဆောင်ခြင်းဖြင့် ပံ့ပိုးကူညီပေးလျက်ရှိကြောင်း သိရသည်။