Mytel မှ တန်ဆောင်တိုင် အထူးကံစမ်းမဲအစီအစဉ်၏ ကံထူးရှင်များထံ iPhone 12 မိုဘိုင်းဖုန်းများ လွှဲပြောင်းပေးအပ်

Mytel သည် သုံးစွဲသူများကိုကျေးဇူးတုံ့ပြန်သည့်အနေဖြင့် တန်ဆောင်တိုင်ကာလတွင် “တန်ဆောင်တိုင် MG” အထူးကံစမ်းမဲ အစီအစဉ်ကို နိုဝင်ဘာ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့အထိ ပြုလုပ်ပြီး Mytel Myanmar ၏ လူမှုစာမျက်နှာတွင် တိုက်ရိုက်ထုတ်လွှင့်ကာ ကံထူးရှင်များကို ရွေးချယ်ပေးခဲ့ပါသည်။ ဤအစီအစဉ်သည် တန်ဆောင်တိုင်ကာလတွင် Mytel အသုံးပြုခြင်းဖြင့် လက်ဆောင်များ ရယူနိုင်အောင် ပြုလုပ်ပေးထားသည့် အထူးအစီအစဉ်တစ်ခု ဖြစ်ပြီး အထူးဆုအဖြစ် နောက်ဆုံးပေါ် iPhone 12 (၄) လုံးနှင့်အတူ အခြားသော တယ်လီကွန်းဆုများကို မဲဖောက်ပေးခဲ့သည်။
တန်ဆောင်တိုင်ပိတ်ရက်များတွင် တိုက်ရိုက်ထုတ်လွှင့်ကျင်းပခဲ့သော ယင်းအစီအစဉ်ကို Mytel သုံးစွဲသူများသည် 966 သို့ MG ဟုပေးပို့ကာ ပါဝင်ခဲ့ကြပြီး အထူးဆု iPhone 12 (၄) လုံးနှင့် အခြားတယ်လီကွန်းဆုများကို ကံစမ်းခဲ့ကြသည်။

Photo Source https://www.facebook.com/mytelmyanmar

ဤကံစမ်းမဲအစီအစဉ်၏ အထူးဆု ဖြစ်သည့် iPhone 12 (၄) လုံးကို ကံထူးရှင်များဖြစ်ကြသည့် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်မှ မဝါဝါလွင်၊ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်မှ ကိုဇေယျာဟန်၊ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်မှ ကိုစိုးထက်အောင် နှင့် ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်မှ ကိုစိုင်းမောင်မောင်တို့ထံ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို ဇန်နဝါရီလက သက်ဆိုင်ရာ Mytel ရုံးခွဲများတွင်ကျင်းပပြုလုပ်ခဲ့သည်။
Mytel သည် တစ်မူထူးခြားစွာဖြင့် ယခုကဲ့သို့ “တန်ဆောင်တိုင် MG” အထူးကံစမ်းမဲ အစီအစဉ်ကို တန်ဆောင်တိုင် အစိုးရရုံးပိတ်ရက်များတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နောင်အနာဂတ်များတွင်လည်း သုံးစွဲသူများအတွက် ယခုကဲ့သို့သော အထူးအစီအစဉ်များကို ပြုလုပ်ပေးသွားနိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိသည်။

Photo Source https://www.facebook.com/mytelmyanmar

မြန်မာလူမျိုးတို့၏ အကျိုးစီးပွားကိုရှေးရှုသော ဂရုအစိုက်ဆုံးအော်ပရေတာ Mytel သည် ခေတ်မီဆန်းသစ်သော နည်းပညာများဖြင့် သုံးစွဲသူများအား အထောက်အပံ့ ဖြစ်စေနိုင်မည့် အတွေ့အကြုံကောင်းများကို ပေးစွမ်းနိုင်ပြီး မြန်မာလူမျိုးတို့၏ သုံးစွဲမှုအလေ့အထနှင့် ကိုက်ညီသည့် အရည်အသွေးပြည့်မီကောင်းမွန်သော ဆက်သွယ်ရေး ဝန်ဆောင်မှုများကို အသုံးပြုနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။ Mytel သည် အသုံးပြုသူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော ဆန်းသစ် တီထွင်မှုများနှင့် ဝန်ဆောင်မှုများအား ပံ့ပိုးပေးနိုင်ရန် အထူးအာရုံစိုက်၍ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

Photo Source https://www.facebook.com/mytelmyanmar

Mytel ကုမ္ပဏီသည် နိုင်ငံတကာဆက်သွယ်ရေးဝန်ဆောင်မှုေဈေးကွက်များတွင် ဆယ်စုနှစ်တစ်ခုကျော်တိုင် အတွေ့ အကြုံရှိသော မိတ်ဖက်အဖွဲ့ဝင် တစ်ခုဖြစ်သည့် Viettel ၏ နည်းပညာများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ Mytel သည် မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှုအလေ့အထနှင့်ကိုက်ညီသည့် အရည်အသွေးပြည့်မီပြီး ကောင်းမွန်သော သုံးစွဲသူ အကြိုက် ဝန်ဆောင်မှုများကို ပြည်သူပြည်သားများအတွက် နောက်ဆုံးပေါ်နည်းပညာများဖြင့် ကြိုးပမ်း ဆောင်ရွက် လျက်ရှိပါသည်။ Mytel သည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ခေတ်အမီဆုံး ဆက်သွယ်ရေး အခြေခံ အဆောက် အအုံများ တည်ဆောက်၍ အကျယ်ပြန့်ဆုံး 4.5G ကွန်ရက်ဖြန့်ကျက်မှုဖြင့် ပြည်သူလူထု၏ လူနေမှု ဘဝများကို စွမ်းအားမြှင့်တင်ပေးနိုင်သော ဒီဂျစ်တယ်စနစ်သို့ကူးပြောင်းနိုင်ရန် ဦးတည်ဆောင်ရွက်နေသော ဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်သည်။ Mytel သည် မြန်မာနိုင်ငံတွင် 5Gကွန်ရက်၊ e-SIM နှင့် VoLTE စနစ်တို့ကို ပထမဆုံး မိတ်ဆက်ပေးခဲ့သည့် အော်ပရေတာလည်းဖြစ်သည်။

Photo Source https://www.facebook.com/mytelmyanmar

အသေးစိတ်အချက်အလက်များကို ပိုမိုသိရှိလိုပါက https://www.facebook.com/mytelmyanmar  တွင် ဝင်ရောက်ကြည့်ရှု့နိုင်သည်။