Business နဲ့ Enterprise မှာ ကိုယ်ပိုင် 3D Avatar တွေမကြာခင်ပြုလုပ်ခွင့်ပေးတော့မယ့် Microsoft Team

Microsoft အနေနဲ့ Avatar တွေကို လွန်ခဲ့တဲ့လအနည်းငယ်က မိတ်ဆက်ခဲ့ပြီးတဲ့နောက်မှာတော့ Microsoft Teams နဲ့အတူ Avatars တွေကို Microsoft 365 Business နဲ့ Enterprise license တွေမှာ ဒီတစ်ပတ်က စတင်ပြီး အသုံးပြုခွင့်ပေးမှာ ဖြစ်ပါတယ်။ Avatar တွေအသုံးပြုဖို့အတွက် Windows နဲ့ Mac ပေါ်က Microsoft Teams Desktop App တွေကတစ်ဆင့် ဝင်ရောက်အသုံးပြုနိုင်မှာ ဖြစ်တဲ့အတွက် Meeting တွေ၊ Video Conference တွေကို ပုံစံသစ်တစ်မျိုးနဲ့ တစ်ကယ်ပြုလုပ်နိုင်တော့မှာ ဖြစ်ပါတယ်။

Microsoft ရဲ့ဖော်ပြချက်တွေအရ Microsoft Teams မှာပါဝင်လာမယ့် Avatar တွေဟာ Video ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ အသုံးပြုနိုင်မှာ ဖြစ်သလို ကိုယ်တိုင်ပြုပြင်ပြောင်းလဲနိုင်တဲ့ “Customizable Avatars နဲ့ Reactions တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။ ဒီလိုပြုလုပ်နိုင်တဲ့အတွက် Meeting အချိန်အတွင်း ကိစ္စရှိလို့ ကင်မရာကနေဖယ်ချင်ပြီဆိုရင်လည်း 3D Avatar နဲ့ပြောင်းလိုက်ရုံပါပဲ။ ဒါ့အပြင် စကားပြောတဲ့ ပါးစပ် အနေအထား ပေါ်မူတည်ပြီးလည်း Avatar က animate ပြုလုပ်ပေးသွားဦးမယ်လို့ သိရပါတယ်။ Microsoft အနေနဲ့ အသုံးပြုသူတွေကို ကင်မရာရှေ့ထိုင်နေစရာမလိုဘဲ အသံအနေအထားပေါ်လိုက်ပြီး လှုပ်ရှား ပြောင်းလဲပေးမယ့် Avatar ကို ထည့်သွင်းထားပေးတဲ့အတွက် ကင်မရာရှေ့မှာရှိနေသလို ခံစားရစေအောင် ပြုလုပ် ထားပေးတာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

Microsoft ဟာ Meta နဲ့ချိတ်ဆက်ထားတဲ့အတွက် Meta ရဲ့ VR headsets တွေနဲ့လည်း အသုံးပြုပြီး 3D meeting တွေကို ဒီ avatar တွေကို အသုံးပြုနိုင်အောင် ပြုလုပ်သွားမယ်လို့ သိရပါတယ်။