ဖုန်းဘေဖြင့်ရုံနှင့် Ooredoo ဖုန်းအချင်းချင်းတစ်ညလုံးအခမဲ့ ဖုန်းပြောနိုင်မည့် ဝန်ဆာင်မှုအသစ်ကို မိတ်ဆက်

အူရီဒူးသုံးစွဲသူများအားလုံး မိမိတို့ကြိုက်နှစ်သက်ရာနည်းဖြင့်ဖုန်းငွေ ၁,၀၀၀ ကျပ်နှင့်အထက် ဖုန်းဘီလ်ဖြည့်လိုက်တိုင်း တွင်ည ၁၁ နာရီမှ နံနက် ၇ နာရီအတွင်း အူရီဒူးအချင်းချင်းအကန့်အသတ်မရှိ အခမဲ့ဖုန်းပြောခွင့်ကို ၇ ညဆက်တိုက် ရယူနိုင်မည်ဖြစ်ကြောင်းသိရသည်။
၎င်းအကျိုးခံစားခွင့်ရရှိရန်အတွက် ငွေဖြည့်ကတ်၊ အီလက်ထရောနစ်နည်း၊ အွန်လိုင်း၊ မိုဘိုင်းငွေစာရင်းအကောင့်စသဖြင့် မည်သည့်နည်းနှင့်မဆို ဖုန်းငွေ ၁,၀၀၀ ကျပ်နှင့်အထက်ဖြည့်၍ ရယူနိုင်မည်ဖြစ်သည်။။ အစီအစဉ်၏ သက်တမ်းကာလကို My Ooredoo App တွင်လည်းကောင်း*124# ကိုဖုန်းခေါ်ဆို၍လည်းကောင်းစစ်ဆေးနိုင်မည်ဖြစ်သည်။
ယခုလိုအချိန်တွင် အူရီဒူး၏တစ်ညလုံးအခမဲ့ပြောအစီအစဉ်ဖြင့်မိမိတို့ချစ်ခင်ရသူများ၊ မိတ်ဆွေသူငယ်ချင်းများနှင့်ညတိုင်း အကန့်အသတ်မရှိ စိတ်ကြိုက်အခမဲ့ ဖုန်းပြောကာ အဆက်အသွယ်မပြတ်ရှိနေနိုင်မည်ဖြစ်သည်။ အစီအစဉ်နှင့်ပတ်သတ်၍ ပိုမိုသိရှိလိုပါက https://ooredoo.com.mm/portal/mm/nighttalky တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Photo Source https://www.facebook.com/OoredooMyanmar

အူရီဒူးမြန်မာအနေဖြင့် ဒစ်ဂျစ်တယ်ဂေဟစနစ်ကို အားပေးရန် စူးစိုက်နှစ်မြှုပ်ဆောင်ရွက်မှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် မြန်မာနိုင်ငံတွင် ပထမဦးဆုံး ဒစ်ဂျစ်တယ်ဒီဇိုင်းတီထွင်ဆန်းသစ်မှုပြိုင်ပွဲကြီးဖြစ်သည့် “APPathon” ကို အွန်လိုင်းမှတစ်ဆင့် ကျင်းပပြု လုပ်ခဲ့ပြီးလည်းဖြစ်သည်။
မကြာသေးခင်ကာလကလည်း နေအိမ်မှအလုပ်လုပ်သူများနှင့် နေအိမ်တွင်း နေထိုင်ခြင်းကိုကျင့်သုံးရာတွင် ပိုမိုအဆင်ပြေစေရန် အူရီဒူးမြန်မာမှ Supernet Fiber သုံးစွဲသူများကို နောက်ဆုံးပေါ် ၂၀ ရာခိုင်နှုန်း အပိုဆောင်းအမြန်နှုန်းနှင့် လစဉ်မိုဘိုင်းအကျိုးခံစားခွင့်များရရှိမည့် ပိုရပိုသုံး အစီအစဉ်ကို မိတ်ဆက်ပေး ထားပြီးဖြစ် ကြောင်းသိရသည်။

Photo Source https://www.facebook.com/OoredooMyanmar

ပိုရပိုသုံးအစီအစဉ်သည် အိမ်သုံး၊ ရုံးသုံး နှစ်မျိုးစလုံးအတွက်Supernet Fiberကို၂၅Mbps အမြန်နှုန်း မှ ၁၂၀ Mbps အမြန်နှုန်းထိ ရွေးချယ်စရာ အမြန်နှုန်းအမျိုးမျိုး ကို လစဉ် ၄၀,၀၀၀ ကျပ်မှစပြီး ၁၂၀,၀၀၀ ကျပ်အထိဈေးနှုန်းအမျိုးမျိုးဖြင့် သုံးစွဲနိုင်အောင် ကမ်းလှမ်းပေးထားသည်။
အူရီဒူးမြန်မာသည် မြန်မာနိုင်ငံတွင်ဆက်သွယ်ရေးဝန်ဆောင်မှုများပေးအပ်ရန် ၂၀၁၃ ခုနှစ်ဇွန်လတွင်လိုင်စင်ရရှိခဲ့ပါသည်။ အူရီဒူးမြန်မာသည် “ပြည်သူများ ဒစ်ဂျစ်တယ်လူမှုဘဝကို ပြည့်စုံကောင်းမွန်စေမည်” ဆိုသည့်ရည်မှန်းချက်နှင့် အတူမြန်မာနိုင်ငံ၏ဆက်သွယ်ရေးကဏ္ဍတွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးအပ်ရာ၌ဦးဆောင်လျှက်ရှိနေပါသည်။ အူရီဒူးမြန်မာသည်လက်ရှိတွင် တစ်ဦးချင်းအသုံးပြုသူများအတွက်သာမကစီးပွားရေးလုပ်ငန်းများ၊ အစိုးရဌာနများနှင့် အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက်လည်း လုပ်ငန်းများတိုးတက်ကောင်းမွန်စွာလုပ်ဆောင်နိုင်စေရန် ဝန်ဆောင်မှုများစွာ ပေးအပ်လျက်ရှိပါသည်။ အဆိုပါဝန်ဆောင်မှုများသည်လူမှုဘဝဖွံ့ဖြိုးရေးနှင့်လုပ်ပိုင်ခွင့်အခွင့်အလမ်းများ ရရှိရေးတို့ကိုဦးတည်၍ဝန်ဆောင်မှုပေးထားသဖြင့်ပြည်သူများအား လုပ်ဆောင်နိုင်စွမ်းများကိုမြှင့်တင်ပေးခြင်းနှင့် စီးပွားရေးလုပ်ငန်းများကို ပိုမိုချောမွေ့စွာလုပ်ဆောင်နိုင်မှာဖြစ်ပါသည်။ အူရီဒူးမြန်မာသည်၎င်း၏ထုတ်ကုန်များ၊ ဝန်ဆောင်မှုများနှင့်လူမှုအကျိုးပြုလုပ်ငန်းများမှတဆင့် ပြည်သူများ၏ဘဝကိုတောက်ပကောင်း မွန်စေရန်လုပ်ဆောင် ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
Facebook: https://www.facebook.com/OoredooMyanmar