Ooredoo နှင့် UNDP တို့က မိုဘိုင်းနည်းပညာကိုအသုံးပြုပြီး အသိပညာဖြန့်ဝေပေးနိုင်ရန် တောင်သူများအတွက် အိုင်တီပစ္စည်းများပံ့ပိုး

အူရီဒူးမြန်မာနှင့်ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)တို့မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ စိုက်ပျိုးရေး ဦးစီးဌာန၊စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့နှင့်ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတို့ကိုတောင်သူလယ်သမားများအတွက် မိုဘိုင်းနည်းပညာကိုအသုံးပြုပြီးအသိ ပညာဖြန့်ဝေပေးနိုင်ရန် လိုအပ်သည့် အိုင်တီပစ္စည်းများကို ပံ့ပိုးပေးအပ်ခဲ့ကြောင်းသိရသည်။
ကွန်ပျူတာများ၊ လက်ပ်တော့များ၊ ပရိုဂျက်တာများ၊ တက်ဘလတ်များ၊ ကင်မရာများ၊ ပရင်တာများ၊ အသံဖမ်းစက်များ၊ အားဖြည့်သွင်းအသုံးပြုနိုင်ပြီး သယ်ဆောင်နိုငသည့် အသံချဲ့စက်အပါအဝင် အိုင်တီပစ္စည်း ၅၀ ခန့်ကို ရေရှည်တည်တံ့ သောစီးပွားရေးလုပ်ငန်းများနှင့်စိုက်ပျိုးရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (SEAD) ၏ လုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် ပံ့ပိုး ပေးခဲ့ခြင်းဖြစ်သည်။
SEAD စီမံကိန်းသည် မြန်မာနိုင်ငံအပူပိုင်းဒေသတွင် ရေရှည်တည်တံ့ခိုင်မြဲသည့် ကျေးလက်‌‌ဒေသဖွံ့ဖြိုးတိုးတက်‌ရေး စံပြပုံစံတစ်ခုတည်ဆောက်ရန် အူရီဒူး၏အဆင့်မြင့်မိုဘိုင်းနည်းပညာနှင့် UNDP၏ ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသော လယ်ယာ စိုက်ပျိုးရေးနည်းစနစ် အတွေ့အကြုံများကို ပေါင်းစပ်ဖော်ဆောင်နိုင်ရန်အတွက် ရည်ရွယ်ခြင်းလည်းဖြစ်သည်။

Photo Source https://www.facebook.com/OoredooMyanmar

အဆိုပါ စက်ကိရိယာများကို တောင်သူလယ်သမားများနှင့် မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေသူများမှမိမိတို့၏ အသက် မွေးမှုနယ်ပယ်အသီးသီးတွင် အသုံးဝင်စေမည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးဆိုင်ရာ အကြံပြုချက်များနှင့် အချိန်နှင့်တပြေးညီ မိုးဇလသတင်းများကို ရရှိနိုင်ရန်အတွက် မိုဘိုင်းသုံးအက်ပလီကေးရှင်းနှင့် ဒစ်ဂျစ်တယ်ချန်နယ်လ်များကိုအသုံးပြုပြီး ဖန်တီးဖြန့်ဝေပေးရန်အတွက် အသုံးပြုမည်ဖြစ်သည်။
“အူရီဒူးမြန်မာဟာ ပြည်သူတို့ ဒစ်ဂျစ်တယ်ဘဝများပြည့်စုံကောင်းမွန်စေမည်ဆိုတဲ့ ရည်မှန်းချက်နဲ့အညီ ရေရှည်တည် တံ့သော စီးပွားရေးလုပ်ငန်းများနှင့်စိုက်ပျိုးရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (SEAD) ကိုUNDP နှင့် ပူးပေါင်းဆောင် ရွက်ခဲ့တာဖြစ်ပါတယ်။ စီမံကိန်းစတင်တဲ့အချိန်ကစပြီးရည်ရွယ်ထားရှိတဲ့ ရေရှည်တည်တံ့ခိုင်မြဲသော ကျေးလက်‌‌ဒေသ ဖွံ့ဖြိုးတိုးတက်‌ရေးစံပြပုံစံတစ်ခု အကောင်အထည်ပေါ်လာစေရန် ကနဦး‌‌ခြေလှမ်းများ ပုံဖော်ဆောင်ရွက်နေခဲ့ပါတယ်။ သက်ဆိုင်ရာ အစိုးရဌာနအသီးသီးကို အိုင်တီပစ္စည်းများပံ့ပိုးပေးခြင်းဖြင့် တောင်သူလယ်သမားတွေအတွက် မိုဘိုင်းနည်း ပညာကို သုံးပြီးအသိပညာဖြန့်ဝေပေးနိုင်ရန်နှင့်ခေတ်သစ်ဒစ်ဂျစ်တယ် လမ်းကြောင်းနဲ့အညီအသိပညာဗဟုသုတ နှင့်စွမ်းဆောင်ရည်များကိုမြှင့်တင်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု အူရီဒူးမြန်မာ၏ Head of Corporate Communications ဖြစ်သူ ဦးတင့်နိုင်ထွဋ်က ပြောကြားသည်။
တောင်သူလယ်သမားများအနေဖြင့်လယ်စိုက်ရာသီတစ်လျှောက်ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသောလယ်ယာစိုက်ပျိုးရေးနည်းပညာအတွေ့အကြုံများနှင့်အတူ ကောင်းမွန်သည့် စိုက်ပျိုးရေးနည်းစနစ်များ၊ မွေးမြူ‌ရေးနည်းစနစ်များနှင့် အချိန်နှင့်တပြေးညီ ရာသီဥတုခန့်မှန်းချက်များကို သိရှိနိုင်မည်ဖြစ်ပါသည်။ လေ့ကျင့်ရေးဆိုင်ရာ အထောက်အကူပြု နည်းလမ်းများကိုWebinar များ၊ Podcast များဖြင့် လည်းကောင်း၊လက်တွေ့သရုပ်ပြဗီဒီယိုများကိုYouTube ပေါ်တွင်လည်းကောင်း၊ လူမှုကွန်ယက်များမှတစ်ဆင့်သော် လည်းကောင်း ကြည့်ရှုနိုင်အောင် ဖြန့်ဝေပေးမည်ဖြစ်ပါသည်။

Photo Source https://www.facebook.com/OoredooMyanmar

COVID-19 ကာလအတွင်းတောင်သူလယ်သမားများအပေါ် သက်ရောက်မှုကို နားလည်နိုင်ရန် စီမံကိန်းဆောင်ရွက်နေသည့် နေရာဒေသများတွင် စမ်းစစ်ချက်များကို ပြုလုပ်ဆောင်ရွက်ခဲ့ပြီး ၎င်းတို့အတွက် အမှန်တကယ်လိုအပ်မည့် ပံ့ပိုးမှုနှင့် အကြံပြုချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ၎င်းစမ်းစစ်မှုမှ လေ့လာတွေ့ရှိချက်များကို အွန်လိုင်းမှတဆင့် ပေးအပ်မည့် အကြံပြုချက်များဖန်တီးရာတွင် ပေါင်းစပ် ဖော်ဆောင်လျက်ရှိပါသည်။ အဆိုပါစီမံကိန်းသည် COVID-19 သက်ရောက်မှုဒဏ်ကိုခံစားရသည့် တောင်သူလယ်သမားများအတွက် မရှိမဖြစ်လိုအပ်သည့် စိုက်ပျိုးရေးဆိုင်ရာ ပံ့ပိုးမှုများ ကို လည်း ပေးအပ်လျက် ရှိပါသည်။
နောက်တစ်ဆင့်အနေဖြင့် သက်ဆိုင်ရာအစိုးရဌာနအသီးသီးမှ ဝန်ထမ်းများကိုအကြံပေးချက်များ ဖန်တီးခြင်းနှင့် ဒီဇိုင်းပိုင်းအပါအဝင် ဆော့ဖ်ဝဲအသုံးပြုခြင်းနှင့်စီမံခန့်ခွဲမှု၊ webinar များနှင့် အွန်လိုင်းလေ့ကျင့်ခြင်းအစီအစဉ်များ ဆောင် ရွက်ခြင်း အစရှိတာတွေကို လေ့ကျင့်ပေးသွားမှာဖြစ်ပါတယ်။ သက်ဆိုင်ရာပစ္စည်းကိရိယာများ အားပြုပြင်ထိန်းသိမ်း ခြင်းများကိုပါ သင်ကြားပြသပေးမည် ဖြစ်ပါသည်။
အဆိုပါစီမံကိန်းသည် ‌ရေရှည်တည်တံ့ခိုင်မြဲသော လယ်ယာစိုက်ပျိုးရေးအတွက်ရောင်းလိုအားနှင့် ဝယ်လိုအား ကိုမျှတစေရန် ကူညီပေးနိုင်မည်ဖြစ်ပြီး လယ်စိုက်တောင်သူများကို ဈေးကွက်ချိတ်ဆက်ခြင်းနှင့် မိုဘိုင်းငွေကြေးသုံးစွဲမှုနှင့်တကွ ကူညီ ပေးနိုင်မည်ဖြစ်ပါသည်။ အဆိုပါစီမံကိန်းကြောင့် မြန်မာနိုင်ငံအပူပိုင်းဒေသရှိ ကျေးရွာပေါင်း ၁၃၀ မှ အကျိုးကျေးဇူးများ ရရှိခံစားနိုင်မည်ဖြစ်ပြီးတောင်သူလယ်သမားများ၏ အသက်မွေးမှုလုပ်ငန်းများကို တိုးတက်မြင့်မားလာစေနိုင်မည်ဖြစ်သည်။
အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/OoredooMyanmar