Samsung ၏ Love & Care လူမှုအကျိုးပြုဆောင်ရွက်ချက်များအတွက် Asia-Pacific SABRE Awards 2020 ဆုကို ဆွတ်ခူးရရှိ

နှစ်စဉ်ကျင်းပလျက်ရှိသည့် Samsung ၏ Love & Care လူမှုအကျိုးပြု အစီအစဉ်သည် ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ ရက်၌ ကျင်းပပြုလုပ်ခဲ့သည့် Asia-Pacific SABRE Awards 2020 ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် Cause-Related Marketing in the Engaging Society ကဏ္ဍအတွက် Gold SABRE ဆုအား ရရှိခဲ့ကြောင်းသိရသည်။
Asia-Pacific SABRE Awards အား PRovoke Media မှ နှစ်စဉ် ဦးစီးကျင်းပလေ့ရှိပြီး အာရှပစိဖိတ်ဒေသအတွင်းမှ ထူးခြားထင်ရှားသည့် ဆက်သွယ်ရေးနှင့် မီဒီယာ ကမ်ပိန်းများအား အသိအမှတ်ပြု ဂုဏ်ပြုသည့် ဆုချီးမြှင့်ပွဲ အခမ်းအနား တစ်ခု ဖြစ်သည်။
အရှေ့တောင်အာရှ၊ ပစိဖိတ်အလယ်ပိုင်းနှင့် တောင်ပစိဖိတ် ဒေသများရှိ ဈေးကွက်များတွင် Samsung မှ နှစ်ပေါင်းများ စွာကြာ ဆောင်ရွက်နေခဲ့သည့် ရေရှည် လူမှုအကျိုးပြု အစီအစဉ်တစ်ခု ဖြစ်သော “Samsung Love & Care” အစီအစဉ် သည် ကမ္ဘာတစ်ဝန်းရှိ ပြည်သူများ၏ လူနေမှုဘဝ ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်ချက်ဖြင့် Samsung မှ အကောင် အထည်ဖော် လုပ်ဆောင်နေသည့် လူမှုအကျိုးပြု အစီအစဉ်တစ်ခုဖြစ်သည်။ ထိုသို့ လုပ်ဆောင်ရာတွင် ငွေကြေး (သို့မဟုတ်) အသုံးအဆောင်ပစ္စည်း ကူညီထောက်ပံ့မှုများအပြင် Samsung သည် ၎င်း၏ နည်းပညာများနှင့် စွမ်းအင် အရင်းအမြစ်များအား အသုံးပြုကာ အာရှတိုက်အတွင်းရှိ အခွင့်အလမ်းနည်းပါးသော လူမှုအသိုင်းအဝန်းများအတွက် ပညာရေးပိုင်းဆိုင်ရာ အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်စေရန် အတွက်လည်း ကူညီပံ့ပိုးပေးလျက်ရှိသည်။

Photo Source https://www.provokemedia.com/events-awards/sabre-awards/sabre-awards-asiapacific/2020-sabre-asia-pacific-winners

၂၀၁၆ ခုနှစ်တွင် စတင် အကောင်အထည်ဖော်ခဲ့သည့် “Samsung Love & Care” အစီအစဉ်သည် တစ်နှစ်ပြီး တစ်နှစ် ပိုမိုအားကောင်းလာခဲ့ကာ အာရှ-ပစိဖိတ်ဒေသတစ်ဝှမ်းရှိ နွမ်းပါးချို့တဲ့သည့် လူဦးရေ အများအပြား အတွက် ထိရောက်သော အကူအညီများအား ပေးအပ်နိုင်ခဲ့သည်။ ၂၀၁၉ ခုနှစ်သည် အရှေ့တောင်အာရှ၊ ပစိဖိတ်အလယ်ပိုင်းနှင့် တောင်ပစိဖိတ်ဒေသများရှိ Samsung ၏ ဈေးကွက်များအတွက် အထင်ကရ နှစ်တစ်နှစ်ဖြစ်ခဲ့ပြီး ၂၀၁၈ ခုနှစ်နှင့် နှိုင်းယှဉ်ပါက စံချိန်တင်အဖြစ် ဝန်ထမ်းများ ပါဝင်ကူညီမှု (၂၉၀) ရာခိုင်နှုန်းကျော် ပိုမိုများပြား လာခဲ့ပြီး ကူညီထောက်ပံ့မှုများ ရရှိခဲ့သည့် လူဦးရေ အရေအတွက်သည်လည်း ၂၆ ဆ ပိုမိုများပြား လာခဲ့ကြောင်း တွေ့ရှိရသည်။
ပြီးခဲ့သည့်နှစ် အစီအစဉ်တွင် ဒေသတစ်ဝှမ်းရှိ Samsung မှ ဝန်ထမ်း အရေအတွက် စုစုပေါင်း (၂၇၅) ယောက်သည် ၎င်းတို့၏ ကိုယ်ပိုင်အချိန် နာရီပေါင်း ၂,၅၀၀ နီးပါးအား ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှားနှင့် နယူးဇီလန်နိုင်ငံများရှိ လူမှုအသိုင်းအဝန်းများအတွက် အကျိုးရှိစေရန် မျှဝေကူညီပေးခဲ့ပြီး အခွင့်အလမ်း နည်းပါးသော ကျောင်းသားကျောင်းသူများအား ကျွမ်းကျင်မှု မျှဝေရေး (Talent Sharing)၊ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး (Community Development) ၊ ဒစ်ဂျစ်တယ်အခြေပြု လူမှုအသိုင်းအဝန်းများ ပေါ်ပေါက်လာရေး (Digitalization of Communities) စသည့် နယ်ပယ်ကဏ္ဍ ၃ ခုအနက် အနည်းဆုံး ၁ ခုနှင့် သက်ဆိုင်သည့် ဗဟုသုတများ အား ပေးအပ်နိုင်ခဲ့သည်။

Photo Source https://www.provokemedia.com/events-awards/sabre-awards/sabre-awards-asiapacific/2020-sabre-asia-pacific-winners

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် Samsung Myanmar သည် Samsung Electronics ၏ ကမ္ဘာလုံးဆိုင်ရာ နှစ်စဉ် လုပ်အားပေးပွဲတော် Samsung Global Volunteer Festival ၏ တစ်စိတ်တစ်ပိုင်း အဖြစ် Samsung Employee Volunteer Program အစီအစဉ်အား ရှမ်းပြည်နယ်၊ အင်းလေးကန် အနီးရှိ ထောင့်ကွေး အခြေခံပညာ မူလတန်း (လွန်) ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ အစီအစဉ်တွင် Samsung Myanmar မှ ဝန်ထမ်းများသည် ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား အင်းလေးကန်အကြောင်း၊ သဘာဝပတ်ဝန်းကျင် နှင့်ပတ်သက်သည့် အကြောင်းအရာများအား ပညာပေးပြောကြားခြင်း၊ ကျောင်းပတ်ဝန်းကျင်အား သန့်ရှင်းရေးပြုလုပ်ခြင်း၊ နေ့လည်စာကျွေး မွေးခြင်း၊ အသုံးအဆောင်နှင့် စာရေးကိရိယာများလှူဒါန်းခြင်း စသည်တို့ကို ပြုလုပ်ခဲ့ကြသည့် အပြင် Samsung TV တစ်ကိုယ်ရည် သန့်ရှင်းရေး အသုံးအဆောင် ပစ္စည်းများကိုလည်း လှုူဒါန်ပေးအပ်ခဲ့သည်။
SABRE Awards သည် ဆုများအား အကဲဖြတ် ရွေးချယ်ရာတွင် အကောင်းမွန်ဆုံး မဟာဗျုဟာစီမံကိန်း ရေးဆွဲနိုင်မှု၊ ဆန်းသစ်ဖန်တီးနိုင်မှုနှင့် စီးပွားရေးပိုင်းဆိုင်ရာ ရလဒ်များအပေါ် မူတည်၍ ရွေးချယ် ချီးမြှင့်ခြင်း ဖြစ်သည်။ နှစ်စဉ် ဝင်ရောက်ယှဉ်ပြိုင်သည့် အဖွဲ့အစည်းနှင့် အမှတ်တံဆိပ် ၅,၀၀၀ နီးပါးရှိသည့် SABRE Awards သည် သတင်းနှင့် ပြန်ကြားရေး နယ်ပယ်ကဏ္ဍတွင် ဂုဏ်သိက္ခာ အကြီးမားဆုံးသော ဆုချီးမြှင့်ပွဲ အခမ်းအနား တစ်ခု ဖြစ်ပြီး ဆုရရှိသူများအား နှစ်စဉ်ကျင်းပလေ့ရှိသည့် ညစာစားပွဲ အခမ်းအနားတွင် ထုတ်ပြန်ကြေညာလေ့ ရှိသည်။
အောက်ပါ Link တွင်ဝင်ရောက်လေ့လာနိုင်ပါသည်။
https://www.provokemedia.com/events-awards/sabre-awards/sabre-awards-asiapacific/2020-sabre-asia-pacific-winners