Ooredoo မှ ၂၀၂၀ ခုနှစ် ပထမနှစ်ဝက်တွင် ဝင်ငွေကာတာရီရယ်(QAR) ၁၄ ဘီလီယံနှင့် အမြတ်ငွေကာတာရီရယ်(QAR) ၈၁၈ သန်းကိုထုတ်ပြန်ကြေညာ

အူရီဒူးအုပ်စုမှ ၂၀၂၀ ခုနှစ် ပထမနှစ်ဝက်တွင် ဝင်ငွေကာတာရီရယ်(QAR) ၁၄ ဘီလီယံနှင့် အသားတင် အမြတ်ငွေ ကာတာရီရယ် (QAR) ၈၁၈ သန်းကိုထုတ်ပြန်ကြေညာလိုက်ကြောင်းသိရသည်။
အူရီဒူးသည် COVID-19 သက်ရောက်မှုကြောင့် တစ်နှစ်ထက်တစ်နှစ်နှိုင်းယှဉ်ထားသော ဝင်ငွေ ကျဆင်းမှုနှုန်း ၃ ရာခိုင်နှုန်းဖြင့် ကာတာရီရယ် (QAR) ၁၄ ဒဿမ ၁ ဘီလီယံရရှိခဲ့သည်။ အင်ဒိုနီးရှား၊ တူနီးရှားနှင့် မြန်မာဈေးကွက်များတွင် အားကောင်းသည့်တိုးတက်မှုကအူရီဒူး၏အခြားဈေးကွက်များတွင် ဟန်းဆက်အရောင်းလျော့ကျမှု၊ roaming လုပ်ငန်းနှင့် စီးပွားရေး ဈေးကွက်အနေအထားကြောင့် ဖြစ်ပေါ်လာသော အားနည်းချက်များကို ခုနှိမ်ပေးခဲ့သည်။
COVID-19 ပျံ့နှံ့မှုကို ကာကွယ်ရန် အသွားအလာကို ထိန်းချုပ်ခြင်းနှင့် အယ်လ်ဂျီးရီးယား၊ ကူဝိတ်၊ အီရတ်နှင့် အိုမန်တို့တွင် ရင်ဆိုင်နေရသော ခက်ခဲသည့် ဈေးကွက်အ‌ခြေအနေတို့ကြောင့် စုစုပေါင်းအမြတ် (အတိုး၊အခွန်၊ တန်ဖိုးလျော့ကျခြင်း၊ မူပိုင်ခွင့်နှုန်းထားများ မနှုတ်ယူခင်အမြတ်ငွေ – EBITDA)သည် ပြီးခဲ့သည့်နှစ် ယခုအချိန်ကာလနှင့် နှိုင်းယှဉ်ပါက ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ကာတာရီရယ်(QAR) ၆ ဒဿမ ၀ ဘီလီယံ ရရှိခဲ့သည်။
EBITDA လျော့ကျခဲ့သော်လည်း ယမန်နှစ်ကနှင့်နှိုင်းယှဉ်လျင် ပိုမိုအားကောင်းလာသည့်နိုင်ငံခြားငွေလဲလှယ်နှုန်း ပတ်ဝန်းကျင်အခြေအနေဖြင့် တစ်စိတ်တစ်ပိုင်း ခုနှိမ်နိုင်ခဲ့သည့်အတွက် ၂၀၂၀ ပထမနှစ်ဝက်တွင်ပြီးခဲ့သည့် နှစ်ယခုအချိန်ကာလနှင့်နှိုင်းယှဉ်ပါကအူရီဒူးရှယ်ယာရှင်များအတွက် မှတ်ယူနိုင်သည့် အူရီဒူးအုပ်စု၏ အသားတင်အမြတ်မှာ ၃ ရာခိုင်နှုန်း လျော့ကျခဲ့ပြီး ကာတာရီရယ် (QAR) ၈၁၈ သန်း ရရှိခဲ့သည်။
အူရီဒူးလုပ်ငန်းလည်ပတ်လျက်ရှိသောနိုင်ငံများတွင် ဒေတာဦးဆောင်မှုနှင့် ဒစ်ဂျစ်တယ်စနစ်ကို ပြောင်းလဲဖော်ဆောင်ခြင်း လုပ်ဆောင်ချက်များကြောင့် စုစုပေါင်းဝင်ငွေ၏ ၅၀% ကျော်ကို ဒေတာအသုံးပြုခြင်းမှ ရရှိသည့်ဝင်ငွေဟု ယူဆနိုင်ပါသည်။

Photo Source http://www.ooredoo.com

အူရီဒူးအုပ်စုသည် ၂၀၂၀ ခုနှစ် အတွက် COVID-19၏ အကျိုးသက်ရောက်မှုကို ခံနိုင်ရည်ရှိရန် ခိုင်မာသော ငွေကြေးနှင့် ငွေဖြစ်လွယ်မှုအခြေအနေ လက်ဝယ်တွင်ရှိပါသည်။
အူရီဒူးအုပ်စုသည်၂၀၂၀ ပထမနှစ်ဝက်တွင် မြန်မာနှင့် ကာတာတို့မှ သုံးစွဲသူဦးရေတိုးတက်မှုများဖြင့် အဓိက ပံ့ပိုးပေးခြင်းဖြင့် သုံးစွဲသူဦးရေ ၂ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး စုစုပေါင်း သုံးစွဲသူ ၁၁၇ သန်း ရှိလာခဲ့သည့်အတွက် လူပေါင်းများစွာကို နေအိမ်မှအလုပ်လုပ်ခြင်း၊ လေ့လာသင်ယူခြင်းနှင့် လူမှုဆက်သွယ်ရေးများအတွက် စွမ်းဆောင်ပေးနိုင်ခဲ့သည်။
အူရီဒူးအုပ်စုသည် ၎င်း၏ 5G ကွန်ရက် ဈေးကွက်ဝင်ဖြန့်ကြက်ရာမှာ ကမ္ဘာတစ်ဝန်းတွင် ထိပ်တန်းမှ ဦးဆောင်နေမှုကို အူရီဒူးအိုမန်၏ ယခုနောက်ဆုံး 5G အိမ်သုံးအင်တာနက်ကို စတင်နိုင်ခဲ့ခြင်းနှင့် သုံးစွဲသူများကို လက်ရှိအိမ်သုံးအင်တာနက်ဝန်ဆောင်မှုများထက် ၁၀ ဆ ပိုမိုမြန်ဆန်သည့် ဆက်သွယ်ချိတ်ဆက်မှုအတွေ့အကြုံကို ရရှိစေနိုင်ခဲ့ခြင်းနှင့် နိုင်ငံတစ်ဝန်း နေရာဒေသသစ်များသို့ မြန်နှုန်းမြင့်အင်တာနက်ချိတ်ဆက်မှု ယူဆောင်ပေးနိုင်ခဲ့ခြင်းဖြင့် ဆက်လက် ဖော်ထုတ်ပြသခဲ့သည်။
ကာတာတွင် အူရီဒူးသည် သုံးစွဲပြီးမှဘီလ်ပေးချေရသည့် မိုဘိုင်းဝန်ဆောင်မှုအသုံးပြုသူ မီလီယံတစ်ဝက်ကျော်ဖြင့် မိုင်တိုင်သစ်တစ်ခုကို ရောက်ရှိခဲ့ပြီး ဒီဇင်ဘာ ၂၀၁၉ မှ စတင်မိတ်ဆက်ခဲ့သည့် 5G အစီအစဉ်များမှ သုံးစွဲသူဦးရေ ၂၀၀,၀၀၀ ကျော်ကို ဆွဲဆောင်နိုင်ခဲ့သည်။
အူရီဒူးအုပ်စုသည်၎င်း၏ ကမ္ဘာထိပ်တန်း အဆင့်သတ်မှတ်ချက်ကို ၂၀၂၀ ခုနှစ်ထုတ် Telecoms 300 မှတ်တမ်းတွင် ကမ္ဘာ့ထိပ်တန်းတယ်လီကွန်းအမှတ်တံဆိပ် ၅၀မှ တစ်ခုအဖြစ်အမှတ်တံဆိပ်တန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဒဿမ ၅ ဘီလီယံကျော်ဖြင့် လေးနှစ်ဆက်တိုက် ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့သည်။ ၎င်း၏ အမှတ်တံဆိပ် အဆင့်သတ်မှတ်ချက် AA+ကိုလည်း နှစ်နှစ်ဆက်တိုက် ထိန်းသိမ်းထားနိုင်ခဲ့သည်။
“အူရီဒူးအုပ်စုအနေနဲ့၎င်းရဲ့ခိုင်မာတဲ့ငွေလက်ကျန်ရှင်းတမ်းနဲ့ ပထဝီရေမြေအနေအထားအရ ကွဲပြားစွာဆောင်ရွက်တဲ့ လုပ်ဆောင်ချက်တွေနဲ့အတူCOVID-19 ကပ်ကာလအခြေအနေကို အောင်မြင်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ခိုင်မာတဲ့စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် တည်ဆောက်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ခိုင်မာတဲ့ ဒစ်ဂျစ်တယ်စွမ်းဆောင်ရည်တွေနဲ့ ဆန်းသစ်တီထွင်ထားတဲ့ နည်းပညာတွေကြောင့် အူရီဒူးအုပ်စုသည် ဝင်ငွေလျော့ကျမှုရှိခဲ့ပေမယ့်နောက်ဆုံးအမြတ်ငွေမှာ လျော့ကျမှုတစ်စိတ်တစ်ပိုင်းသာ ရှိခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ ၂၀၂၀ ပထမနှစ်ဝက်မှာ အူရီဒူးအုပ်စုရဲ့ အသားတင်အမြတ်ငွေဟာ ကာတာရီရယ် (QAR)၈၁၈ သန်း ရရှိခဲ့ပြီးပြီးခဲ့သည့်နှစ် ယခုအချိန်ကာလနှင့် နှိုင်းယှဉ်ပါကအနည်းငယ်သာ ကျဆင်းခဲ့ပါတယ်။
ဒစ်ဂျစ်တယ်အသွင်ပြောင်းလဲခြင်းနှင့် နည်းပညာတွေဟာ အူရီဒူးအုပ်စုအတွက် မောင်းနှင်အားတစ်ခုအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး အဆိုပါနယ်ပယ်များတွေမှာ စောလျင်စွာရင်းနှီးမြုပ်နှံမှုတွေက လုပ်ငန်းခွင် လုပ်ဆောင်ပုံ အသစ်မှာ ချောမွေ့စွာလုပ်ဆောင်စေနိုင်ပြီး သုံးစွဲသူတွေကို လုံခြုံအဆင်ပြေမှုရှိစေသော နည်းလမ်းနဲ့ ဝန်ဆောင်မှု ပေးနိုင်ပါတယ်။ ကပ်ရောဂါကာလအတွင်းတွင် ဒေသအသုံးပြုမှု များစွာတိုးတက်လာခြင်းကို ဖြည့်ဆည်း ဆောင်ရွက်ပေးဖို့ အတွက် အူရီဒူးရဲ့ ပုံသေတပ်ဆပ်ထားတဲ့ ကွန်ရက်နဲ့ မိုဘိုင်းကွန်ရက်တွေတစ်လျောက် မိုဘိုင်းဒေတာ အသွားအလာများကို အကောင်းဆုံးနည်းလမ်းနဲ့ ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။ ထပ်‌ဆောင်းပြီးလည်း အတွေ့အကြုံမျှဝေခြင်းနဲ့ အူရီဒူးအုပ်စုအောက်ရှိ လုပ်ငန်းများအကြားပူးပေါင်းဆောင်ရွက်ချက်တွေကို ဖော်ဆောင်ခဲ့တာကြောင့် လိုအပ်တဲ့ အရင်းအမြစ်တွေနဲ့ ဈေးကွက်ဆိုင်ရာ ကြာမြင့်ချိန်ကို လျော့ချနိုင်ခဲ့ပါတယ်” ဟု အူရီဒူး၏ ဥက္ကဌဖြစ်သူ¬Sheikh Faisal Bin Thani Al Thaniက ပြောကြားခဲ့သည်။

Photo Source http://www.ooredoo.com

၂၀၂၀ပထမနှစ်ဝက်တွင် အူရီဒူးအုပ်စု၏EBITDAသည် ဝင်ငွေလျော့ကျမှုနှင့် အယ်လ်ဂျီးရီးယား၊ ကူဝိတ်၊ အီရတ်နှင့် အိုမန်တို့မှာ ရင်ဆိုင်နေရသော ဈေးကွက် အ‌ခြေအနေတို့ကြောင့် ပြီးခဲ့သည့်နှစ် ယခုအချိန်ကာလနှင့် နှိုင်းယှဉ်ပါက ၅ရာခိုင်နှုန်းလျော့ကျခဲ့ပြီး ကာတာရီရယ်(QAR) ၆ ဘီလီယံရရှိခဲ့ပါသည်။ ကျွန်တော်တို့ လုပ်ငန်းတွေ အားလုံးမှာကုန်ကျစရိတ်များသက်သာစေရန်နှင့်လုပ်ငန်းလုပ်‌ဆောင်နိုင်စွမ်းများ မြှင့်တင်ရန်နှင့် ကြိုးစားဆောင်ရွက်လျက်ရှိ သည်။ ဒေသတွင်း ဈေးကွက်ဖြစ်သော ကာတာတွင်လည်း ကျွန်တော်တို့ရဲ့ သုံးပြီးမှဘီလ်ပေးချေနိုင်သည့်စနစ်ကို သုံးစွဲသူပေါင်း မီလီယံဝက်ရှိပြီး ဒီဇင်ဘာတွင် 5G မိတ်ဆက်‌ဆောင်ရွက်ခြင်းက သုံးစွဲသူ ၂၀၀,၀၀၀ ကျော် ကို ဆွဲဆောင်နိုင်ခဲ့သည်။
ကူဝိတ်နှင့် အိုမန်တွင် ပညာရေးဝန်ကြီးဌာနအသီးသီးနှင့် ပူးပေါင်းပြီး လာမည့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် အိမ်မှနေ၍ သင်ယူနိုင်မည့်e-learning ပလက်ဖောင်းများ စတင်ဆောင်ရွက်ထားပါသည်။ ကျွန်တော်တို့အတွက် အဓိကကျတဲ့ ဒစ်ဂျစ်စနစ်ဖော်ဆောင်ခြင်းနှင့်အညီအနာဂတ်တွင်ဆက်သွယ်ရေး အားကောင်းစေရန် ထုတ်ကုန်နှင့်ဝန်ဆောင်မှုသစ်တွေမှာဆက်လက်ရင်းနှီးမြုပ်နှံသွားမှာ ဖြစ်ပါတယ်။ အိုမန်တွင် 5G အိမ်သုံးအင်တာနက်ကို စတင်နိုင်ခဲ့ခြင်းက သုံးစွဲသူတွေကို လက်ရှိအိမ်သုံးအင်တာနက်ဝန်ဆောင်မှုများထက် ၁၀ ဆ ပိုမိုမြန်ဆန်သည့် ဆက်သွယ်ချိတ်ဆက်မှု အတွေ့ အကြုံကို ရရှိစေနိုင်ခဲ့ပြီး နိုင်ငံတစ်ဝန်း နေရာဒေသသစ်များသို့ မြန်နှုန်းမြင့် အင်တာနက်ချိတ်ဆက်မှုများ ပေးအပ်နိုင်ခဲ့ပါသည်။ အယ်လ်ဂျီးရီးယားတွင်လည်း တစ်နိုင်ငံလုံးရှိ ပြည်နယ် ၄၈ ခုတွင် အမြန်ဆန်ဆုံးသော 4G ကွန်ရက်ဖြင့် ဆက်လက်ဝန်ဆောင်မှုပေးအပ်လျက်ရှိပါသည်“ ဟုပြောကြားခဲ့သည်။
အူရီဒူး၏ ၂၀၂၀ခုနှစ် ဒုတိယသုံးလပတ် ငွေကြေးဆိုင်ရာ ထုတ်ပြန်ချက်များကို အူရီဒူးအုပ်စု၏ ဝဘ်ဆိုဒ် http://www.ooredoo.com တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။