Ooredoo မှ ဒုန်းဒုန်းဒုန်း ဒေတာနှစ်ဆ အစီအစဉ်ကိုမိတ်ဆက်

အူရီဒူး၏ ရေပန်းစားအစီအစဉ်တစ်ခုဖြစ်သော ဒုန်းဒုန်းဒုန်းကို ယခုအခါ ခံစားခွင့် ၂ဆတိုးထားတဲ့ ဒေတာ ၂ဆ အစီအစဉ်ကို ထပ်မံမိတ်ဆက်လိုက်ပြီဖြစ်ကြောင်းသိရသည်။ ဒုန်းဒုန်းဒုန်း အစီအစဉ်တွေကို ဒေတာ ၂ဆပိုတိုးပေးရုံမျှမက 200 GB အထိဒေတာဆုလက်ဆောင်တွေကိုပါ ဆက်လက်ကံထူးရယူနိုင်မည်လည်းဖြစ်သည်။
ဒုန်းဒုန်းဒုန်းဒေတာ၂ဆ အစီအစဉ်များကိုMy Ooredoo Appတွင်ရယူနိုင်မည်ဖြစ်ပြီးဝယ်ယူသူများအနေဖြင့် ဒုန်းဒုန်းဒုန်း ဂိမ်းဆော့ပြီး 200 GB အထိဒေတာဆုလက်ဆောင်များကိုရရှိကံထူးနိုင်မည် ဖြစ်သည်။
အူရီဒူးသုံးစွဲသူများအနေဖြင့် ဒေတာ၂ဆ ခံစားခွင့်ကိုရရှိနိုင်ဖို့အတွက် ဖော်ပြပါ အစီအစဉ် သုံးမျိုးထဲမှ မိမိကြိုက်နှစ်သက်ရာအစီအစဉ်ကိုရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်ပါသည်။ 2GB (1GB + 1GB)ကို ၉၉၉ ကျပ်ဖြင့်သော် လည်းကောင်း၊ 8GB (4GB + 4GB)ကို ၂၉၉၉ ကျပ်ဖြင့်သော်လည်းကောင်းဝယ်ယူပြီးသည်နှင့် ဂိမ်းကစားကာ200 GB အထိဒေတာဆုလက်ဆောင် ရရှိနိုင်မည် ဖြစ်ပါသည်။ 1600 MB (800 MB+ 800MB)ကို ၈၉၉ ကျပ်ဖြင့် ဝယ်ယူကာဂိမ်းကစားပြီး 100GB အထိဒေတာဆုလက်ဆောင် ရရှိနိုင်မည်ဖြစ်သည်။

Photo Source https://www.facebook.com/OoredooMyanmar

ဒေတာလက်ဆောင်ကိုကံထူးသူမှ ချက်ခြင်းရရှိမည်ဖြစ်ပါသည်။ ဒေတာအစီအစဉ်၏ သက်တမ်းမှာ ၃၀ ရက်ဖြစ်ပြီးမသုံးဖြစ်သည့်ဒေတာများကိုဒေတာအစီအစဉ်သစ်တစ်ခုထပ်မံဝယ်ယူခြင်းဖြင့် သက်တမ်းတိုးနိုင်မည် ဖြစ်ပါသည်။ အူရီဒူးမှ ကမ်းလှမ်းပေးထားသည့် အစီအစဉ်များ၏ အသေးစိတ်အချက်အလက်များကိုအူရီဒူးမြန်မာ website https://www.ooredoo.com.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
ပိုပြီးကောင်းပိုပြီးတန်လာသည့်၎င်းဒေတာအစီအစဉ်သစ်များကိုရယူနိုင်ဖို့အတွက် *565#ကိုဖုန်းခေါ်ဆို၍ သော်လည်း ကောင်း၊ အန်းဒရွိုက်အတွက်http://ore.do/gpmoaမှလည်းကောင်း၊ iOSအတွက်http://ore.do/iosmoa မှလည်း ကောင်း My Ooredoo App ကိုအဆင့်မြှင့်တင်အသုံးပြုနိုင်ပါသည်။
အူရီဒူးမြန်မာသည်မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဝန်ဆောင်မှုများပေးအပ်ရန်၂၀၁၃ခုနှစ်ဇွန်လတွင်လိုင်စင်ရရှိခဲ့ပါသည်။ အူရီဒူးမြန်မာသည် ပြည်သူများ၏လူမှုဘဝကိုဒစ်ဂျစ်တယ်လူနေမှုဖြင့်တောက်ပကောင်းမွန်အောင်လုပ်ဆောင်ပေးမည် ဆိုသည့် ရည်မှန်းချက်နှင့်အတူ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးအပ်ရာ၌ ဦးဆောင်လျှက်ရှိနေသည်။

Photo Source https://www.facebook.com/OoredooMyanmar

အူရီဒူးမြန်မာသည်လက်ရှိတွင် တစ်ဦးချင်းအသုံးပြုသူများအတွက်သာမကစီးပွားရေးလုပ်ငန်းများ၊ အစိုးရဌာနများနှင့် အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက်လည်း လုပ်ငန်းများတိုးတက်ကောင်းမွန်စွာ လုပ်ဆောင်နိုင်စေရန် ဝန်ဆောင်မှုများစွာ ပေးအပ်လျက်ရှိပါသည်။ အဆိုပါဝန်ဆောင်မှုများသည် လူမှုဘဝဖွံ့ဖြိုးရေးနှင့်လုပ်ပိုင်ခွင့် အခွင့်အလမ်းများ ရရှိရေးတို့ကိုဦးတည်၍ ဝန်ဆောင်မှုပေးထားသဖြင့် ပြည်သူများအားလုပ်ကိုင် စွမ်းအားများ ကိုမြှင့်တင်ပေးခြင်းနှင့်စီးပွားရေးလုပ်ငန်းများကို ပိုမိုချောမွေ့စွာလုပ်ဆောင်နိုင်မှာဖြစ်ပါသည်။ အူရီဒူးမြန်မာသည် ၎င်း၏ထုတ်ကုန်များ၊ ဝန်ဆောင်မှုများနှင့်လူမှုအကျိုးပြုလုပ်ငန်းများမှ တဆင့်ပြည်သူများ၏ ဘဝကိုတောက်ပကောင်းမွန် စေရန်လုပ်ဆောင်ပေးသွားမည်ဖြစ်သည်။
အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
Facebook: https://www.facebook.com/OoredooMyanmar