အူရီဒူးလုပ်ငန်းစုသည် ကမ္ဘာ့ထိပ်တန်း ဆက်သွယ်ရေးလုပ်ငန်း အမှတ်တံဆိပ် ၅၀ စာရင်းတွင် လေးနှစ်ဆက်တိုက်ပါဝင်

မကြာသေးမီကထုတ်ပြန်ခဲ့သည့် ၂၀၂၀ ခုနှစ်အတွက် Telecoms 300 အစီရင်ခံစာအရအူရီဒူးလုပ်ငန်းစုသည် စုစုပေါင်း လုပ်ငန်းအမှတ်တံဆိပ်တန်ဖိုးအမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံကျော်ဖြင့် ကမ္ဘာ့ထိပ်တန်း ဆက်သွယ်ရေးလုပ်ငန်း အမှတ်တံဆိပ် ၅၀ စာရင်း၌ လေးနှစ်ဆက်တိုက်ပါဝင်ရပ်တည်နိုင်ခဲ့ကြောင်းသိရသည်။
၂၀၁၉ ခုနှစ်တွင်ကာတာအခြေစိုက်ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းသည် ကမ္ဘာ့ထိပ်တန်းဆက်သွယ်ရေးလုပ်ငန်း အမှတ် တံဆိပ် ၅၀ စာရင်း၌ နံပါတ် ၄၁ နေရာတွင် ဆက်လက်ရပ်တည်ခဲ့သည့်အပြင် ၎င်း၏ လုပ်ငန်းအမှတ်တံဆိပ် အဆင့်သတ်မှတ်ချက် AA+ ကိုလည်း ၂ နှစ်ဆက်တိုက်အဖြစ်ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့သည်။
အောင်မြင်မှုများရရှိခဲ့သည့် ၎င်း၏နိုင်ငံတကာအမှတ်တံဆိပ် ပြန်လည်ဆန်းသစ်ခြင်းအစီအစဉ်များအပြင်၊ နိုင်ငံတကာ အမှတ်တံဆိပ်အတွက်သံတမန် Leo Messi နှင့်အခြားသော နိုင်ငံအလိုက် ကြယ်ပွင့်များပါဝင်အားဖြည့်ထားသည့် အထင် ကရ ကြော်ငြာအစီအစဉ်များနှင့် မြန်နှုန်းမြင့်ကွန်ရက်တည်ဆောက်မှုများတွင် စဉ်ဆက်မပြတ် ဆက်လက်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ခြင်းသည် အူရီဒူး၏ စုစုပေါင်းလုပ်ငန်းအမှတ်တံဆိပ်တန်ဖိုးအား တစ်နှစ်တာကာလအတွင်း လေးဆမျှ မြင့်တက် လာစေခဲ့ပြီး ယနေ့ကမ္ဘာပေါ်တွင် လူသိအများဆုံးနှင့်အကျော်ကြားဆုံးသော ဆက်သွယ်ရေးလုပ်ငန်းအမှတ်တံဆိပ် တစ်ခုရပ်တည်နိုင်ရန် ပိုမိုနီးစပ်လာခဲ့ပြီဖြစ်သည်။

Photo Source https://www.facebook.com/OoredooMyanmar

နိုင်ငံတကာဆက်သွယ်ရေးကဏ္ဍအတွင်း လေ့လာစောင့်ကြည့်ရေးနှင့် မဟာဗျုဟာပိုင်းဆိုင်ရာ အတိုင်ပင်ခံလုပ်ငန်း တစ်ခုဖြစ်သည့် Brand Finance သည်ကမ္ဘာတစ်ဝန်းမှဆက်သွယ်ရေးကုမ္ပဏီများ၏ လုပ်ဆောင်မှုများအားအကဲဖြတ်၍ နှစ်စဉ်ယခုကဲ့သို့ထိပ်တန်းအမှတ်တံဆိပ်များ စာရင်းအား ထုတ်ပြန်ကြေညာလျက်ရှိသည်။ အမှတ်တံဆိပ်များအား စိစစ် အကဲဖြတ်ရာတွင် ဈေးကွက်မြှင့်တင်ရေးပိုင်းဆိုင်ရာရင်းနှီးမြှုပ်နှံမှု၊ အသုံးပြုသူများ၏အမှတ်တံဆိပ်နှင့် အကျွမ်းတဝင်ရှိမှု၊ ပုံမှန်အသုံးပြုမှု၊ဝန်ထမ်းများ၏ စိတ်ကျေနပ်မှုနှင့်လုပ်ငန်းဂုဏ်သတင်းကျော်ကြားမှုစသည့်ကဏ္ဍများတွင် ၎င်းတို့၏ အားသာ ချက်များအားမူတည်၍ အကဲဖြတ်ခဲ့ပြီးထို့နောက်တွင် အဆိုပါအားသာချက်များမှ အမှတ်တံဆိပ်၏ဝင်ငွေအချိုးအစားကို ဆက်လက်တွက်ချက်အကဲဖြတ်လေ့ရှိသည်။ အဆိုပါလုပ်ဆောင်ချက်တစ်ခုချင်းစီမှ အချက်အလက်များမှတဆင့် ကမ္ဘာ့ တန်ဖိုးအမြင့်ဆုံး ဆက်သွယ်ရေးအမှတ်တံဆိပ်များစာရင်းအားရရှိခဲ့သည်။
Brand Finance သည် အူရီဒူးလုပ်ငန်းစု၏ အမှတ်တံဆိပ်တန်ဖိုး တသမတ်တည်းမြင့်တက်လာမှုအား နိုင်ငံတကာဆိုင်ရာ လုပ်ငန်းအမှတ်တံဆိပ်အဖြစ်စတင်မိတ်ဆက်ခဲ့သည့် ၂၀၁၃ ခုနှစ် မှစ၍ အနီးကပ်စောင့်ကြည့်လေ့လာခဲ့သည်။ ဒိုဟာ အခြေစိုက် ဆက်သွယ်ရေးအော်ပရေတာသည် ယခုအချိန်တွင်အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိကနှင့် အရှေ့တောင်အာရှ ရှိဈေးကွက် ၁၀ ခုတွင်လုပ်ဆောင်လည်ပတ်နေနိုင်ပြီဖြစ်သည်။
၂၀၂၀ ခုနှစ်တွင်အူရီဒူးလုပ်ငန်းစုသည် ဆောင်ရွက်ဆဲဒစ်ဂျစ်တယ်ကူးပြောင်းရေး အစီအစဉ်များနှင့် အဓိကကျသော ကွန်ရက်အဆင့်မြှင့်တင်ခြင်းများအပါအဝင် ၎င်း၏လုပ်ငန်းလည်ပတ်မှုကဏ္ဍများအတွင်း သိသိသာသာ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့သည်။ အူရီဒူးသည် 5G နည်းပညာအားကမ္ဘာတွင် စတင်စမ်းသပ်ခဲ့သည့် ရှေ့ဆောင်ဆက်သွယ်ရေး အော်ပရေတာတစ်ခုလည်းဖြစ်ပြီး၊ ဖိုင်ဘာကွန်ရက်သွယ်တန်းမှုများနှင့် နောက်ဆုံးပေါ် အဆင့်မြင့်မိုဘိုင်းဟန်းဆက်များ ထုတ်လုပ်နိုင်ရန် လုပ်ဆောင်မှုများအပါအဝင်များစွာသောလုပ်ဆောင်မှုများအား အရှိန်အဟုန်မြင့်ဆောင်ရွက်လျက်ရှိသည်။ ဤကဲ့သို့ အသုံးပြုသူများစိတ်ကျေနပ်မှုရရှိစေရေးအတွက် ရှေးရှုသည့် အူရီဒူး၏ ရည်သန်လုပ်ဆောင်မှုများသည် ယခုကဲ့သို့ လုပ်ငန်းအမှတ်တံဆိပ်အရည်အသွေးမြင့်တက်လာစေမှု၏ အဓိကအခြေခံအရင်းအမြစ်တစ်ခုပင်ဖြစ်သည်။

Photo Source https://www.facebook.com/OoredooMyanmar

“ကျွန်တော်တို့အူရီဒူးအနေနဲ့ ကမ္ဘာ့ထိပ်တန်းဆက်သွယ်ရေးလုပ်ငန်းအမှတ်တံဆိပ် ၅၀ စာရင်းမှာ ထပ်မံပါဝင်နိုင်ခဲ့ကြောင်း ဂုဏ်ယူစွာနဲ့အတည်ပြုပြောကြားလိုပြီး ကျွန်တော်တို့ရဲ့ ဆက်သွယ်ရေးကဏ္ဍအတွင်းလုပ်ဆောင်မှုတွေကို အခုလို အသိ အမှတ်ပြုခံခဲ့ရတဲ့အတွက် တကယ်ကိုဝမ်းမြောက်မိပါတယ်။ စံနမူနာထားထိုက်တဲ့ဦးဆောင်သူတွေဖြစ်တဲ့ တီထွင်ဆန်း သစ်အားကောင်းတဲ့ ဒါရိုက်တာဘုတ်အဖွဲ့နဲ့အမြော်မြင်ရှိတဲ့ ရှေ့ဆောင်လမ်းပြဦးဆောင်ပေးသူတွေရှိနေလို့လည်း အူရီဒူးလုပ်ငန်းစုအနေနဲ့ အခုလိုမျိုးဆက်သွယ်ရေးကဏ္ဍမှာ အောင်မြင်မှုတွေရရှိနေတာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အားထုတ်ကြိုးပမ်းမှုတွေကို အခုလိုဆက်သွယ်ရေးကဏ္ဍရဲ့ ထိပ်တန်းအဆင့်စိစစ်သူတွေက အသိအမှတ်ပြုခဲ့တဲ့အတွက် လည်းအရမ်းဂုဏ်ယူမိပါတယ်” ဟု ၂၀၂၀ ခုနှစ်အတွက်အဆင့်သတ်မှတ်ချက်များနှင့်ပတ်သက်၍ အူရီဒူး၏ Group Chief Executive Officer ဖြစ်သူ Sheikh Saud Bin Nasser Al Thani မှ ပြောကြားသည်။
“တီထွင်ဆန်းသစ်မှုအားကောင်းတဲ့ နည်းပညာတွေနဲ့အတူ ကမ္ဘာအနှံ့ကသုံးစွဲသူအသစ်တွေနဲ့ ဈေးကွက်အသစ်တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ကျွန်တော်တို့ရဲ့ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေကိုဆက်လက်မြှင့်တင်သွားမှာပါ။ ကျွန်တော်တို့ရဲ့ရည်မှန်းချက်ကတော့ ကျွန်တော်တို့ဝန်ဆောင်မှုတွေပေးအပ်နေတဲ့ ဈေးကွက်တိုင်းမှာ အတွေ့အကြုံရင့် ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာတစ်ခုအဖြစ် ရပ်တည်သွားနိုင်ဖို့ဖြစ်ပြီး ပြည်သူလူထုတွေရဲ့ ဒစ်ဂျစ်တယ်လူနေမှုဘဝ တွေပိုမိုအဆင့်မြင့်မားလာအောင်၊ နောက်ပြီး လူတိုင်းအနေနဲ့အူရီဒူးရဲ့ အဆင့်မြင့်ကွန်ရက်တွေကနေတဆင့်အင်တာနက်ကို ရယူအသုံးပြုနိုင်ပြီးအလုပ်ခွင်၊ စာသင်ကျောင်းနဲ့အပန်းဖြေမှုတွေမှာ ပိုပြီးအဆင်ပြေလွယ်ကူမှုရှိလာအောင် လုပ်ဆောင်ပေး သွားဖို့ပဲဖြစ်ပါတယ်။ နောက်ပြီးအူရီဒူးလုပ်ငန်းစုအနေနဲ့ 5G ကွန်ရက်ဝန်ဆောင်မှုကို လုပ်ငန်းသုံးအဆင့် အပြည့်အဝ အသုံးပြုသွားနိုင်စေဖို့ထိပ်ဆုံးကနေ ဦးဆောင်စမ်းသပ်နေခဲ့ပြီး ဂုဏ်သတင်းနဲ့ အရှိန်အဝါပိုင်းမှာလည်း ပိုမိုမြင့်မားလာအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းမှာအခက်အခဲတွေကြုံခဲ့ရပေမယ့် ဒီနှစ်မှာလည်း ကမ္ဘာ့ထိပ်တန်း ဆက်သွယ်ရေးလုပ်ငန်းအမှတ်တံဆိပ် ၅၀ စာရင်းမှာရပ်တည်နိုင်ဖို့အူရီဒူးအနေနဲ့ရည်ရွယ်ထားပါတယ်” ဟု Sheikh Saud ကဆက်လက်ပြောကြားခဲ့သည်။
၂၀၂၀ခုနှစ်အတွက် Telecom 300 အစီရင်ခံစာအား အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://brandfinance.com/images/upload/brand_finance_telecoms_150_2020_preview_1.pdf