အူရီဒူးမှ COVID-19 ကုသရေးလုပ်ငန်းများတွင် အဓိကကျသော ဆက်သွယ်ရေးဝန်ဆောင်မှုများဖြင့် ကူညီပံ့ပိုး

လူမှုပတ်ဝန်းကျင်ကို တာဝန်သိတတ်သော မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးအော်ပရေတာတစ်ခု ဖြစ်သည့် အူရီဒူးမြန်မာသည် ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါဖြစ်သည့် COVID-19 ကို အတူတကွ တိုက်ဖျက်ရန်အတွက် အဓိကကျပြီး လိုအပ်သောနေရာများတွင် ဆက်သွယ်ရေးဝန်ဆောင်မှုများကို ပံ့ပိုးပေးခြင်းဖြင့် ပါဝင်ကူညီပံ့ပိုးပေးလျက်ရှိကြောင်းသိရ သည်။
အူရီဒူးအနေဖြင့် ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါဖြစ်သည့် COVID-19 ကို ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ဆောင်ရွက်နေသည့် တာဝန်ရှိသူများအနေဖြင့် အချိန်နှင့်တပြေးညီ အကျိုးရှိထိရောက်သည့် စီမံခန့်ခွဲမှုများကို လုပ်ဆောင်နိုင် ရန်အတွက် ဆက်သွယ်ရေးဝန်ဆောင်မှုများသည် အဓိကကျသည့်ပံ့ပိုးမှုဖြစ်သည်ဟု လည်းထုတ်ပြန်ထားသည်။
COVID-19 တိုက်ဖျက်ရေးကြိုးပမ်းမှုတွင် ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီ၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ရှိ စောင့်ကြည့်လူနာများထားရှိရာ စောင့်ကြပ်ကြည့်ရှုစင်တာများတွင်ထားရှိသော အသွားအလာကန့် သတ်ခြင်းခံထားရသူများအနေဖြင့်အန္တရာယ်ကင်းစွာ အချင်းချင်းအဆက်အသွယ်မပြတ်စေရေးအတွက် အသုံးပြုနိုင်ရန် အူရီဒူးမြန်မာမှ ဒေတာ နှင့် TopUp များပါရှိသည့် ဆင်းကတ် ၁၃,၀၀၀ ကျော်ကို သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရထံသို့ပေးအပ်ပြီး ကူညီလှူဒါန်းခဲ့ကြောင်းသိရသည်။

Photo Source https://www.facebook.com/OoredooMyanmar

အူရီဒူးသည် ဆင်းကတ်များလှူဒါန်းမှုအပြင် အများပြည်သူများအနေဖြင့် COVID-19 ကူးစက်ကပ်ရောဂါဘေး ရင်ဆိုင်နေရ စဉ်ကာလအတွင်း စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးမှုဆိုင်ရာစင်တာသို့ အခမဲ့ဖုန်းခေါ်ဆိုပြီး နှစ်သိမ့်ဆွေးနွေးမှုများရယူနိုင်ရန်နှင့် COVID-19 နှင့်ပတ်သက်သည့် စုံစမ်းမေးမြန်မှုများ (သို့) နောက်ဆုံးရသတင်းအချက်အလက်များကို တာဝန်ရှိပုဂ္ဂိုလ်ထံ ဖုန်းခေါ်ဆို မေးမြန်းနိုင်ရန်အတွက် အခပေးရန်မလိုသည့် (Toll Free call) ဝန်ဆောင်မှုကိုလည်း ပံ့ပိုးပေးအပ်လျှက်ရှိသည်။
ယခုကဲ့သို့ အခက်အခဲဖြစ်ပေါ်နေစဉ်ကာလအတွင်း လူမှုပတ်ဝန်းကျင်အတွင်းတွင် ရောဂါပိုးပျံ့နှံ့မှု လျော့ကျရန်နှင့် ကာကွယ်ရန်အတွက် နောက်ဆုံးရသတင်းအချက်အလက်များကို ယုံကြည်စိတ်ချရဆုံး သတင်းရင်းမြစ်မှ ရယူရန် အရေးကြီးလှပါသည်။ အက်ပလီကေးရှင်းမှတဆင့် စောလျင်စွာ ကုသမှုခံယူရန်နည်းလမ်းများနှင့် လူမှုပတ်ဝန်းကျင်အတွင်း COVID-19 ကူးစက်ရောဂါပိုးကူးစက်ပျံ့ပွားခြင်းကို ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် COVID-19 ကူးစက်ခံ ရနိုင်ခြေရှိသူများ၏ ကျန်းမာရေးအခြေအနေများကို ကျန်းမာရေးဝန်ထမ်းများမှ စောင့်ကြပ်ကြည့်ရှုနိုင်ရန် (သို့) COVID-19 နှင့် ပတ်သက်သည့် အခြေအနေများကို ပေးပို့တင်ပြနိုင်ရန်အတွက် “စောစောရှာ” ဆိုသည့် မိုဘိုင်းအက်ပလီကေးရှင်းကို ပြည်သူများရယူအသုံးပြုနိုင်ရန် အူရီဒူးမြန်မာမှ ဒေတာအသုံးပြုခမကုန်ဘဲ ဒေါင်းလုဒ်ရယူနိုင်ရန် နှင့် အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးလျှက်ရှိပါသည်။ အသုံးပြုသူများမှ သွားလာခဲ့သောနေရများမှ COVID-19 ကူးစက်ခံရမှုအခြေအနေကိုပါ အကြောင်းကြားပေးပို့နိုင်မည် ဖြစ်သည်။
“အခုလို အခက်အခဲကြုံတွေ့နေရတဲ့ကာလမှာ ပြည်သူတွေကို စိတ်အေးအေးထားပါ။ လုံခြုံစိတ်ချစွာနေပါ။ အဆက်အသွယ်မပြတ်ရှိနေပါ လို့ အူရီဒူးအနေနဲ့အကြံပေးလိုပါတယ်။ COVID-19 ရဲ့ ကမ္ဘာတစ်ဝန်းမှာ ပျံ့နှံ့လျှက်ရှိတဲ့ အခြေအနေဟာဆိုရင်လည်း လျှင်လျှင်မြန်မြန်နဲ့ ပြောင်းလဲနေပါတယ်။ အူရီဒူးအနေနဲ့ မြန်မာနိုင်ငံမှာပါ ဖြစ်ပေါ်နေတဲ့ COVID-19 ကူးစက်ရောဂါကို အတူတကွပူးပေါင်းပါဝင်တိုက်ဖျက်ဖို့အတွက် အဓိကကျတဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေနဲ့ ပံ့ပိုးကူညီပေးလျှက်ရှိနေပါတယ်။ လူမှုပတ်ဝန်းကျင်ကိုတာဝန်သိတတ်သော မြန်မာနိုင်ငံရှိ ဆက်သွယ်ရေး အော်ပရေတာတစ်ခုအနေနဲ့ အူရီဒူးမြန်မာဟာဆိုရင် COVID-19 ကို အတူတကွ တိုက်ဖျက်ဖို့ အဓိကကျပြီး လိုအပ်တဲ့ နေရာတွေမှာ ဆက်သွယ်ရေးဝန်ဆောင်မှုတွေကို ဆက်လက်ကူညီပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်” ဟု အူရီဒူးမြန်မာ၏ Head Of Corporate Communications ဖြစ်သူ ဦးတင့်နိုင်ထွဋ်မှ ပြောကြားသည်။

Photo Source https://www.facebook.com/OoredooMyanmar

အူရီဒူးမြန်မာမှလည်း ပြည်သူများအနေဖြင့် အတူတကွ ပူးပေါင်းပါဝင်ကူညီပြီး လှူဒါန်းမှုပြုလုပ် နိုင်ရန်အတွက် ဖုန်းဘီလ်ထဲမှ ၅၀၀ကျပ် (သို့) ၁၀၀၀ ကျပ်ကို SMS ဖြင့် လှူဒါန်းနိုင်ရန် 500 သို့ 1000 ဟု ရိုက်နှိပ်ပြီး 9900 သို့ SMS ပေးပို့နိုင်ရန် လုပ်ဆောင်ပေးထားပါသည်။ ပြည်သူများမှ လှူဒါန်းငွေများကို အူရီဒူးမြန်မာမှ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီထံသို့ ပေးပို့လှူဒါန်းပေးသွားမည်ဖြစ်သည်။
အူရီဒူးမြန်မာသည်မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဝန်ဆောင်မှုများပေးအပ်ရန်၂၀၁၃ခုနှစ်ဇွန်လတွင်လိုင်စင်ရရှိခဲ့သည်။ အူရီဒူးမြန်မာသည် ပြည်သူများ၏လူမှုဘဝကိုဒစ်ဂျစ်တယ်လူနေမှုဖြင့်တောက်ပကောင်းမွန်အောင်လုပ်ဆောင်ပေးမည် ဆိုသည့် ရည်မှန်းချက်နှင့်အတူ မြန်မာနိုင်ငံ၏ဆက်သွယ်ရေးကဏ္ဍတွင်ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးအပ်ရာ၌ ဦးဆောင်လျှက်ရှိနေပါသည်။ အူရီဒူးမြန်မာသည်လက်ရှိတွင်တစ်ဦးချင်းအသုံးပြုသူများအတွက်သာမက စီးပွားရေး လုပ်ငန်းများ၊ အစိုးရဌာနများနှင့်အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက်လည်းလုပ်ငန်းများ တိုးတက်ကောင်းမွန်စွာ လုပ်ဆောင်နိုင်စေရန် ဝန်ဆောင်မှုများစွာပေးအပ်လျက်ရှိပါသည်။ အဆိုပါဝန်ဆောင်မှုများသည်လူမှုဘဝဖွံ့ဖြိုးရေးနှင့် လုပ်ပိုင်ခွင့်အခွင့်အလမ်းများရရှိရေးတို့ကိုဦးတည်၍ ဝန်ဆောင်မှုပေးထားသဖြင့် ပြည်သူများအားလုပ်ကိုင်စွမ်းအားများ ကိုမြှင့်တင်ပေးခြင်းနှင့်စီးပွားရေးလုပ်ငန်းများကိုပိုမိုချောမွေ့စွာလုပ်ဆောင်နိုင်မှာဖြစ်ပါသည်။ အူရီဒူးမြန်မာသည် ၎င်း၏ ထုတ်ကုန်များ၊ဝန်ဆောင်မှုများနှင့်လူမှုအကျိုးပြုလုပ်ငန်းများမှတဆင့် ပြည်သူများ၏ဘဝကိုတောက်ပ ကောင်းမွန်စေရန် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်းထုတ်ပြန်ထားသည်။
အသေးစိတ်ပိုမိုသိရှိလိုပါက အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/OoredooMyanmar