ဂုဏ်သိက္ခာကြီးမားသော နိုင်ငံတကာအသိအမှတ်ပြု ဆု (၄) ဆုကို Ooredoo မြန်မာမှ ဆွတ်ခူးရရှိ

အူရီဒူးမြန်မာသည် ကမ္ဘာ့လူမှုအကျိုးပြု လုပ်ငန်းများနေ့ (World CSR Day) တွင် ကျင်းပပြုလုပ်ခဲ့သည့် လူမှုအကျိုးပြု လုပ်ငန်းများအား အကောင်းဆုံးဦးဆောင်ပြီးလုပ်ကိုင်ဆောင်ရွက်နိုင်ခြင်းအတွက် ချီးမြှင့်သည့် ဆုပေးပွဲဖြစ်သော Global CSR Excellence and Leadership Awards 2020 ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ဂုဏ်သိက္ခာကြီးမားသောနိုင်ငံတကာ အသိအမှတ်ပြု ဆု ၄ ဆုအား ဆွတ်ခူးရရှိခဲ့ကြောင်းသိရသည်။

Photo Source https://www.facebook.com/OoredooMyanmar

ယခုနှစ် Global CSR Excellence and Leadership Awards 2020 ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် အူရီဒူးမြန်မာသည် ကျေးလက်ဒေသနှင့် မြို့ပြနှင့်ဝေးကွာသော နေရာဒေသများရှိ မိုဘိုင်းဖုန်း အသုံးပြုသူများအား ဘေးကင်းလုံခြုံစွာနှင့် တာဝန် သိစွာ အင်တာနက်အသုံးပြုတတ်စေရန် အသိပညာပေးခဲ့ပြီးလည်းဖြစ်သည်။ ရရှိခဲ့သောဆုများမှာ နိုင်ငံတဝန်း ဒစ်ဂျစ်တယ် ဗဟုသုတ တိုးပွားရေးအစီအစဉ် “Internet 101” အတွက် အကောင်းဆုံး အသိပညာပေးနိုင်သောအစီအဉ်ဆုဖြစ်သည့် Awareness Campaign Award ဆုတံဆိပ်၊ နိုင်ငံတဝန်းရှိ စာကြည့်တိုက်ပေါင်း ၂၁၀ အား ဒစ်ဂျစ်တယ် စာကြည့်တိုက်များအဖြစ် အဆင့်မြှင့်တင်နိုင်ရန် ကူညီပံ့ပိုးပေးခြင်းနှင့် နိုင်ငံတဝန်းရှိ အမျိုးသမီးငယ်များ၏ ဒစ်ဂျစ်တယ်နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများနှင့် ၎င်းတို့၏ ဘဝကိုနှင့် ၎င်းတို့၏ ပတ်ဝန်းကျင်ရှိပြည်သူလူထုအား ဦးဆောင်နိုင်စေရန်အတွက် ကူညီမြှင့် တင်ပေးသည့် Tech Age Girls Myanmar အစီအစဉ်အား ဆောင်ရွက်ခဲ့ခြင်း တို့အတွက် အကောင်ဆုံးရပ်ရွာလူထုခြေပြု ဖွံ့ဖြိုးတိုးတက်ရေးဆုဖြစ်သည့်Community Development Awardဆုတံဆိပ်၊ နိုင်ငံတဝန်းမှ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ မိဘမဲ့ကလေးကျောင်းများ၊ လူငယ်လေ့ကျင့်ရေး သင်တန်းကျောင်းများနှင့် တက္ကသိုလ်များတွင် စာသင်ကျောင်း အဆောက်အအုံ စုစုပေါင်း ၃၈ လုံးနှင့် လှူဒါန်းမှု စုစုပေါင်း ၁၉ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ပညာရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများအတွက် ကူညီထောက်ပံ့နိုင်ခဲ့သည့် “မိနစ်များများပြောလေ၊ အူရီဒူးက များများလှူပေးလေ’ လူမှုအကျိုးပြုလုပ်ငန်း အစီအစဉ်အတွက် ဆန်းသစ်တီထွင်မှု အရှိဆုံး လူမှုအကျိုးပြုလုပ်ငန်းအလေ့အထဆုအဖြစ် Innovative Corporate Social Responsibility Practices Award ဆုတံဆိပ်နှင့် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် ဒီဂျစ်တယ် အသွင်ကူးပြောင်းရေး ကဏ္ဍများတွင် ပွင့်လင်းမြင်သာမှု ရှိသော ရေရှည်အကျိုးဖြစ်ထွန်းစေမည့် လူမှုအကျိုးပြု လုပ်ငန်းများ လုပ်ဆောင်ခဲ့မှုအတွက် အကောင်းဆုံး လူမှုအကျိုးပြု လုပ်ငန်းလုပ်ဆောင်ခြင်းဆုအဖြစ်Best Corporate Social Responsibility Practices Awardဆုတံဆိပ်များအား ဆွတ်ခူး ရရှိခဲ့ခြင်းလည်းဖြစ်သည်။

Photo Source https://www.facebook.com/OoredooMyanmar

“မြန်မာနိုင်ငံအတွင်းမှာ ကျွန်တော်တို့ ဆောင်ရွက်ခဲ့တဲ့ လူမှုအကျိုးပြုလုပ်ငန်း အစီအစဉ်တွေအတွက် အခုလို ဂုဏ်သိက္ခာ ကြီးမားတဲ့ ဆုတံဆိပ် ၄ ခုနဲ့ အသိအမှတ်ပြုတာကို ရရှိခဲ့တဲ့အတွက် တကယ့်ကို ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ အူရီဒူးမြန်မာ အနေနဲ့ ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ စတင်လုပ်ကိုင်ခဲ့တဲ့ အချိန်ကတည်းက စတင်ပြီး ပြည်သူတွေရဲ့ ဘဝတွေ ပိုမိုမြင့်မားလာစေဖို့ စဉ်ဆက်မပြတ် ကူညီပံ့ပိုးမှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။ အခုလို ဂုဏ်သိက္ခာကြီးမားတဲ့ အဖွဲ့အစည်း တစ်ခုရဲ့ အသိအမှတ်ပြုမှုတွေကို ရရှိခဲ့တာကြောင့် အူရီဒူးအနေနဲ့ မြန်မာနိုင်ငံရဲ့ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေ ကို အဆင့်မြင့် နည်းပညာတွေနဲ့အတူ ဆက်လက် ပံ့ပိုးကူညီပေးသွားဖို့ ကျွန်တော်တို့ အတွက် တွန်းအားတစ်ခု ဖြစ်စေခဲ့ပါတယ်” ဟု အူရီဒူးမြန်မာ၏ Head of Corporate Communications ဖြစ်သူ ဦးတင့်နိုင်ထွဋ်က ပြောကြားခဲ့သည်။
အူရီဒူးမြန်မာသည် မြန်မာနိုင်ငံ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှု့ဖွံဖြိုးတိုးတက်ရေး ကဏ္ဍများအား အဓိကအာရုံစိုက် ကူညီ ပံ့ပိုးပေးလျက်ရှိပြီး လူမှုအကျိုးပြုလုပ်ငန်းများအား လုပ်ဆောင်ရာတွင်အဆင့်မြင့်နည်းပညာများအား အသုံးပြု၍ ဘက်ပေါင်း စုံမှ ကူညီပံ့ပိုးပေးလျက်ရှိသည်။ အူရီဒူးမြန်မာသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် လူနေထိုင်မှု့ အဆင့်အတန်း ပိုမိုမြင့်မားရေး အတွက် ရေရှည်စီမံကိန်းများနှင့်အတူ ကူညီပံ့ပိုးပေးသွားနိုင်ရန် ရည်ရွယ်လုပ်ဆောင်လျက် ရှိကြောင်းလည်းသိရသည်။
ကော်ပိုရေးရှင်းကြီးများ၊ အစိုးရ တာဝန်ရှိသူများ၊ အေဂျင်စီများ၊ NGO လုပ်ငန်းများ၊ အရပ်ဖက် လူ့အဖွဲ့အစည်းပညာရှင်များ နှင့် အခြားသော အဖွဲ့အစည်းများမှနေ၍ လူမှု အကျိုးပြုလုပ်ငန်းများမှတဆင့် သက်ဆိုင်ရာ လူမှု့အသိုင်းအဝန်းများ၏ နေထိုင်မှုစနစ်များအား အဆင့်မြှင့်တင်ကူညီပေးရာတွင် ၎င်းတို့၏ မျှော်လင့်ချက်များ၊ စိတ်အားထက်သန်မှုများနှင့် တာဝန် ယူမှုများအား အချင်းချင်း ဖလှယ်နိုင်မည့် ပလက်ဖောင်းတစ်ခုအဖြစ် ဖော်ဆောင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ကမ္ဘာ့လူမှု အကျိုးပြုလုပ်ငန်းများနေ့ (World CSR Day) အား စတင်သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ ယခုနှစ် ကမ္ဘာ့ လူမှုအကျိုးပြုလုပ်ငန်းများနေ့ (World CSR Day) ၂၀၂၀ အခမ်းအနားအား နိုင်ငံပေါင်း ၁၃၀ ကျော်မှ ပါဝင်ဆင်နွှဲခဲ့ကြပြီး ပိုမို ကောင်းမွန်သော လူနေမှုစနစ်၊ ပိုမိုကောင်းမွန်သော ပတ်ဝန်းကျင်အား တည်ဆောက်နိုင်ရန်အတွက် ဝိုင်းဝန်းဆွေးနွေး ခဲ့ကြသည်။
https://www.facebook.com/OoredooMyanmar