Pin Post Feature အသစ်ပါဝင်လာတော့မဲ့ Instagram

Instagram အသုံးပြုသူတွေအနေနဲ့ သူတို့ရဲ့ ဓာတ်ပုံတွေဒါမှမဟုတ် ဗီဒီယိုအတိုလေးတွေကို ပိုစ့် (၃) ခုအထိ Pin Post ပြုလုပ်နိုင်တော့မယ်လို့ ကြေငြာသွားခဲ့ပါတယ်။ Pin ပြုလုပ်ထားတဲ့ Post တွေကို တင်ခဲ့သမျှပိုစ့်တွေရဲ့ Grid အပေါ်မှာ မြင်တွေ့နိုင်မှာပါ။

Instagram အသုံးပြုသူတွေအပါအဝင် Creator တွေအတွက် Profile ကတစ်ဆင့် ပိုပြီး အဆင်ပြေပြေ အသုံးပြုနိုင်စေဖို့အတွက် Pin Post Feature အသစ်ကို ထည့်သွင်းပေးတာဖြစ်တယ်လို့ Company က ပြောကြား ခဲ့ပါတယ်။ Pin Post လုပ်ဆောင်ချက်နဲ့ပက်သက်ပြီး Instagram အနေနဲ့ April လကတည်းက စမ်းသပ်နေခဲ့တာ ဖြစ်ပါတယ်။ ဂျွန်လ ၈ ရက်နေ့ Twitter ကတစ်ဆင့် ကြေငြာပြီးတဲ့နောက်မှာတော့ ကမ္ဘာတစ်ဝှမ်းလုံးက အသုံးပြုသူတွေအတွက် စတင်အသုံးပြုခွင့်ပေးတော့မယ်လို့ သိရပါတယ်။

Pin Post ပြုလုပ်ဖို့အတွက် Pin Post ပြုလုပ်မဲ့ ဓာတ်ပုံဒါမှမဟုတ် ဗီဒီယို တင်ထားတဲ့ Post ရဲ့ အစက်သုံးစက် ကိုနှိပ်ပြီး “Pin to your profile” ကိုနှိပ်ပြီး Pin ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Pin ပြုလုပ်လိုက်တာနဲ့ Profile Grid ထိပ်ဆုံးမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Instagram ရဲ့ အကြီးအကဲတစ်ယောက်ဖြစ်တဲ့ Adam Mosseri ကလည်း “အသုံးပြုသူတွေရဲ့ Profile ဆိုတာသူတို့ရဲ့ ကိုယ်ပိုင်နေရာလေးပါ၊ ကျွန်တော်တို့ဘက်ကလည်း သူတို့တွေ အသုံးပြုရပိုပြီး အဆင်ပြေဖို့အတွက် နည်းလမ်း ရှာရမှာပဲ” လို့ပြောသွားခဲ့ပါတယ်။

Pin Post ပြုလုပ်နိုင်တဲ့ လုပ်ဆောင်ချက်ဟာ အသုံးပြုသူတွေရဲ့ သူတို့သဘောအကျဆုံး Post တွေကို မြင်ရ၊ ကြည့်ရလွယ်ကူအောင် လုပ်ဆောင်ပေးနိုင်တဲ့ နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ အရင်က Instagram မှာ Story တွေကိုပဲ Highlight အဖြစ်နဲ့ Pin ပြုလုပ်ထားလို့ရပေမဲ့ အခုအချိန်မှာတော့ Post တွေကိုပါ ပြုလုပ်ခွင့်ရပြီ ဖြစ်ပါတယ်။