သုံးစွဲသူတိုင်းအကြိုက်တွေ့စေတဲ့ OPPO Reno5 ၏ အားသာချက်များ

OPPO မှ ဆန်းသစ်သော အသွင်အပြင်နှင့် မြန်ဆန်ချောမွေ့သော စမတ်ဖုန်းအတွေ့အကြုံများကို 50W Flash Charge ဖြင့် ပေးစွမ်းနိုင်ပြီး အမိုက်စား လှုပ်ရှားမှုပုံရိပ်တို့ကို AI Mixed Portrait၊ Dual-view Video နှင့် AI Highlight Video စသည့် ဆန်းသစ်သော ဗီဒီယိုလုပ်ဆောင်ချက်များဖြင့် ထွက်ရှိလာသော OPPO Reno5 ကို မြန်မာငွေ ၄၉၉,၉၀၀ ကျပ်ဖြင့် ဇန်နဝါရီလ ၂၃ ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံတစ်ဝန်းရှိ OPPO အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။
ထို့ပြင် Shop.com.mm တွင်လည်း ပို့ဆောင်ခ အခမဲ့ဖြင့် ဝယ်ယူနိုင်ပြီဖြစ်ကာ ဝယ်ယူသူများကို ကျောပိုးအိတ် နှင့် Mytel 10GB Free Data Package ကို လက်‌ဆောင်များ ပေးအပ်သွားမည်ဖြစ်သည်။

Photo Source https://www.facebook.com/oppomyanmar/posts/1846405642183982

OPPO Reno5 ကို အလေးချိန် 171g နှင့် 7.7mm/7.8mm အထူသာရှိအောင် ပါးလွှာပေါ့ပါးနေစေရန် ဖန်တီးပြုလုပ်ထားပြီး ဖုန်း၏ 3D Back Body Design က သုံးစွဲသူများကို အကောင်းမွန်ဆုံးသော ထိတွေ့မှုကို တွေ့ကြုံစေနိုင်မည်ဖြစ်သည်။ OPPO Reno5 ကို ၂၀၂၁ ခုနှစ်၏ Trendsetter ဖုန်းအဖြစ် အရောင်ပိုင်းတွင် ဆန်းသစ်မှုများပြုလုပ်ထားပြီး မိမိစိတ်ကူးသမျှအရောင်များကို အလင်းပေါ်မူတည်၍ မြင်တွေ့စေနိုင်မည့် Fantasy Silver အရောင်နှင့် ညအချိန်ကောင်းကင်ရှိ ကြယ်လေးများကို မြင်တွေ့ရသကဲ့သို့ ဖြစ်ပေါ်စေမည့် Starry Night အရောင်ဟူ၍ အရောင် နှစ်မျိုးကို ရွေးချယ်ဝယ်ယူနိုင်ပြီ ဖြစ်သည်။ Reno5 ကို ခေတ်မီ၍ ဖက်ရှင်ကျအောင် တောက်ပသော ဒီဇိုင်းနှင့် ဖန်တီးပြု လုပ်ထားသည့်အပြင် ၁၀၀ ရာခိုင်နှုန်း လက်ဗွေရာ မထင်စေရန် ပြုလုပ်ထား‌သောကြောင့်လည်း သုံးစွဲသူများအနေဖြင့် ဖုန်းကာဗာတပ်စရာ မလိုဘဲ ကိုင်တွယ်နိုင်မည် ဖြစ်သည်။
ယခုစတင်ရောင်းချလိုက်သော “Picture Life Together” ဆောင်ပုဒ်နှင့် OPPO Reno5 တွင် 44MP Selfie Camera နှင့်အတူ 64MP Main Camera၊ 8MP Wide Angle Lens၊ 2MP Macro Lens နှင့် 2MP Mono Lens ဟူ၍ Rear Camera (၄) လုံး တပ်ဆင်ထားသည်။ ထို့ပြင် Ultra Clear 108MP Image၊ Ultra Night Mode၊ Ultra Dark Mode၊ AI Color Portrait နှင့် Night Flare Portrait စသည့် ကင်မရာလုပ်ဆောင်ချက် တို့ကို အဆင့်မြင့် ပုံစံအသစ်ဖြင့် တွေ့မြင်နိုင်မည်ဖြစ်သည်။ ကမ္ဘာ့ပထမဆုံး Portrait Mixing ကို ထောက်ပံ့ပေးနိုင်သော ဖုန်းအဖြစ် OPPO Reno5 တွင် နောက်ခံ Background နှင့် ဇာတ်ကောင်ကို ပေါင်းစပ်ကာ အမိုက်စား ဗီဒီယိုများပြုလုပ်နိုင်မည့် AI Mixed Portrait၊ ရှေ့ကင်မရာနှင့် နောက်ကင်မရာကို အသုံးပြု၍ ပြိုင်တူရိုက်ကူးနိုင်မည့် Dual-view Video နှင့် နေ့ညအချိန်မရွေးပဲ ကြည်လင်ပြတ်သား၍ သဘာဝကျစွာ ရိုက်ကူးစေနိုင်မည့် AI Highlight Video လုပ်ဆောင်ချက်တို့ ထည့်သွင်းပါဝင်လာသောကြောင့် သုံးစွဲသူများအနေဖြင့် ဖန်တီးမှုကောင်းသော လှုပ်ရှားမှုပုံရိပ်များကို စိတ်ကြိုက် ရိုက်ကူးနိုင်မည်ဖြစ်သည်။ ထို့ပြင် အခြားထပ်ဆောင်း ဗီဒီယိုလုပ်ဆောင်ချက်များဖြစ်သည့် Video Bokeh၊ Video Beautification၊ Ultra Steady Video နှင့် 960fps Slow motion Video တို့ထည့်သွင်းထားပြီး Monochrome Video များကိုလည်း Reno5 ဖြင့် ရိုက်ကူးပုံဖော်နိုင်မည်ဖြစ်သည်။

Photo Source https://www.facebook.com/oppomyanmar/posts/1846405642183982

မြန်မာငွေ ၄၉၉,၉၀၀ ကျပ်ဖြင့် စတင်ရောင်းချလိုက်သော Reno5 တွင် ဘက်ထရီပမာဏနှင့် အားသွင်းမှုနှုန်းများကိုလည်း အဆင့်မြင့်ထားသည်။ 4,310mAh ဘက်ထရီနှင့် 50W Flash Charge မှ မြန်ဆန်သော ဖုန်းသုံးစွဲမှုအတွေ့အကြုံကို ရရှိစေမည်ဖြစ်ပြီး ၅ မိနစ်အားသွင်းရုံဖြင့် ၃ နာရီကြာ ဗီဒီယိုများကို ကြည့်ရှုနိုင်မည်ဖြစ်သည်။ မိနစ် ၃၀ အားသွင်းရုံဖြင့် ဘက်ထရီ ၈၀ ရာခိုင်နှုန်းကိုလည်းကောင်း၊ ၄၈ မိနစ် အားသွင်းရုံဖြင့် အားအပြည့်အထိ လည်းကောင်း ဖြည့်သွင်းနိုင်မည်ဖြစ်သည်။ ထို့ပြင် 5-layer Charging Protection စနစ်ဖြင့် ဖန်တီးပြုလုပ်ထားသော Reno5 ၏ 50W အမြန်အားသွင်းစနစ် နည်းပညာကို TÜV Rheinland safe fast-charge system အဖြစ် အသိအမှတ်ပြုထားသောကြောင့် လုံခြုံစိတ်ချ၍ မြန်ဆန်စွာ အားသွင်းနိုင်မည်ဖြစ်သည်။
ထို့ပြင် Reno5 တွင် Memory 8GB+128GB ပါရှိပြီး စွမ်းဆောင်ရည်ကောင်းမွန်သော Qualcomm Snapdragon 720G ပါဝင်သောကြောင့် ဂိမ်းကြာကြာဆော့၍ ဖုန်းလေးခြင်း၊ ထစ်ခြင်းများမရှိတော့ဘဲ ဖုန်းပူခြင်းပြဿနာများကိုလည်း လျော့နည်းစေမည်ဖြစ်သည်။ ဈေးနှုန်းတူဖုန်းများတွင် Refresh Rate အမြင့်ဆုံးဖြစ်သော 6.4-inch AMOLED Eye Protection Screen ကို 90Hz Screen Refresh Rate နှင့်အတူ တွဲစပ်ပြုလုပ်ပေးထားသည့်အတွက်လည်း မျက်စိထိခိုက်စေမည့် အပြာရောင်အလင်းတန်းများကို စစ်ထုတ်ပေးကာ အသုံးပြုသူများကို သက်သောင့်သက် သာဖြစ်စေမည် ဖြစ်သည်။ ထို့ပြင် Reno5 တွင် Smart Message Privacy နှင့် Smart Air Control ကဲ့သို့ သုံးစွဲသူများ၏ လူနေမှုဘဝကို အဆင်ပြေလွယ်ကူစေမည့် AI-enhanced Sensing Algorithm များ ပါဝင်လာပြီး Three-finger Translate with Google Lens လုပ်ဆောင်ချက်လည်း ပါဝင်လာသည်။ Gaming Shortcut Mode၊ Bullet Screen Message၊ Gamer Mode နှင့် Adjustable Gaming Touch ကဲ့သို့ Full scenario game optimization သည်လည်း ဂိမ်းကစားသူများ ကြိုက်နှစ်သက်သော လုပ်ဆောင်ချက်အဖြစ် ပါဝင်လာမည်ဖြစ်သည်။

Photo Source https://www.facebook.com/oppomyanmar/posts/1846405642183982

Android 11 အခြေခံသည့် ColorOS 11.1 ပံ့ပိုးထား၍ သုံးစွဲသူများကို နေ့စဉ်ဘဝတွင် အဆင်ပြေလွယ်ကူစေရုံသာမက ကောင်းမွန်သော Privacy Protection စနစ်နှင့် မြန်ဆန်တိကျသော စမတ်ဖုန်းအတွေ့အကြုံကို ပေးစွမ်းနိုင်ပြီး သုံးစွဲသူများ၏ တန်ဖိုးရှိသော အခိုက်အတန့်များကို ဆန်းသစ်စွာ ဖမ်းယူရိုက်ကူးနိုင်မည့် “Picture Life Together” ဆောင်ပုဒ်နှင့် ထွက်ရှိလာသော OPPO Reno5 ကို ဇန်နဝါရီလ ၂၃ ရက်နေ့မှ စတင်ကာ မြန်မာငွေ ၄၉၉,၉၀၀ ကျပ်ဖြင့် မြန်မာနိုင်ငံတစ်ဝန်းရှိ OPPO အရောင်းဆိုင်များနှင့် Shop.com.mm တွင် ပို့ဆောင်ခ အခမဲ့ဖြင့် ဝယ်ယူအား ပေးနိုင် ပြီဖြစ်သည်။