Samsung Galaxy S21 Series 5G စမတ်ဖုန်းများကို Pre-Order မှာယူရင်းဆုလက် ဆောင်များစွာရယူနိုင်

Galaxy S21 Series 5G အသစ်ကို ဦးဦးဖျားဖျား Pre-Order မှာယူရင်း လက်ဆောင်များရယူနိုင်ပြီဖြစ်ကြောင်းသိရသည်။ ၂၀၂၁ ဇန်နဝါရီလ ၁၅ ရက်ကနေ ဖေဖော်ဝါရီလ ၃ ရက်နေ့အတွင်း Pre-Order မှာယူသူများအတွက် Galaxy S21 Ultra 5G အတွက် Galaxy Ear Buds Pro, Samsung Travel Adapter တို့အပြင် Galaxy S21Ultra (512GB) pre-order မှာယူသူတွေအတွက် Samsung Smart Tag နှင့် Galaxy S21+ 5G အတွက် Galaxy Ear Buds Live, Samsung Travel Adapter တို့ကိုလက်ဆောင်အနေဖြင့်ရရှိမည်ဖြစ်သည်။
ဈေးနှုန်းများမှာ Galaxy S21Ultra (16/512GB) – 2,049,000 ကျပ်၊ Galaxy S21Ultra (12/256GB) – 1,849,000 ကျပ်၊ Galaxy S21+ (8/256GB) – 1,559,000 ကျပ် ကျသင့်မည်ဖြစ်သည်။ Galaxy S21 Series 5G စမတ်ဖုန်းများကို ၂၀၂၁ ခုနှစ် ဇန်ဝါရီ ၂၉ ရက်နေ့ ည ၇ နာရီတွင် တိုက်ရိုက်ထုတ်လွှင့်မည့် Samsung Galaxy S21 Series 5G Live Launch တွင်လည်း ဆုလက်ဆောင်များပေးအပ်သွားမည်ဖြစ်သည်။
အဆိုပါအခမ်းအနားတွင် Samsung ၏ Brand Ambassador (၄) ယောက်ဖြစ်သော စိုင်းစိုင်း၊နေတိုး၊ Gfatt နဲ့ ပန်းရောင်ခြယ်တို့တက်ရောက်မည်ဖြစ်ပြီး Performance၊ Surprise ဂိမ်း၊ Watch & Win အစီအစဉ်များပါဝင်မည်ဖြစ်သည်။ အဆိုပါအစီအစဉ်တွင်ပါဝင်ပြီး Galaxy S21+ 5G Phantom Violet၊ Galaxy Buds Pro၊ Galaxy Buds Live စတဲ့ ဆုလက်ဆောင်တွေကို ကံစမ်းနိုင်မည်ဖြစ်သည်။ ထို့အပြင် Galaxy Buds Pro (၁) လုံးကိုလည်း Surprise အစီအစဉ်လေးနှင့်အတူ မဲဖောက်ပေးသွားမည်ဖြစ်သည်။

Photo Source https://www.facebook.com/SamsungMyanmar

အဆိုပါအစီအစဉ်တွင် ကံထူးနိုင်ရန်အတွက် Samsung Myanmar Facebook Page မှာပေးထားသည့် Galaxy S21 Series 5G ၏ Profile Frame ကိုပြောင်းထားပေးရန်လိုအပ်မည်ဖြစ်သည်။ ထို့အပြင် Galaxy Buds Live ကံထူးနိုင်ရန်အတွက် ၂၀၂၁ ခုနှစ်ဇန်နဝါရီလ ၂၉ ရက်နေ့ Samsung Myanmar Facebook Page တွင် ထုတ်လွှင့်မည့် Live Video ကို #GalaxyS21Series5G #GalaxyEvent #SamsungMM စတဲ့ hashtag တွေသုံးပြီး Public setting ဖြင့် Share ပေးရမည် ဖြစ်သည်။ Hashtag (၃) ခုကိုပဲ Live Video မှာ Comment ပေးရမည်လည်းဖြစ်သည်။
Galaxy Buds Pro ကံထူးနိုင်ရန်အတွက် Live Video ကိုဝင်ရောက်ကြည့်ရှုကာ Galaxy S21 Series 5G ၏ အကြိုက်ဆုံး Feature များကို Comment ပေးခဲ့ရမည်ဖြစ်သည်။ အထူးခြား အခမ်းနားဆုံး Galaxy S21+ 5G ကိုကံထူးနိုင်ရန်အတွက် Live မိတ်ဆက်ပွဲလေးကို ဝင်ရောက်ကြည့်ရှုရင်း #GalaxyS21Series5G #GalaxyEvent #SamsungMM စတဲ့ hashtag တွေသုံးပြီး Public setting ဖြင့် Live Video ကို Share ပေးရမည်ဖြစ်သည်။ ထို့နောက် Live video တွင်မေးထားသည့် မေးခွန်း ၄ ခုလုံးကို Comment တွင် နံပါတ်စဉ်တပ်ကာ မှန်ကန်အောင်ဖြေပေးရမည်ဖြစ်သည်။
Samsung Electronics Co., Ltd. သည် အနာဂတ်ကို ဖော်ဆောင်ပုံသွင်းနိုင်ရန် စိတ်ကူးဉာဏ်များ၊ နည်းပညာများဖြင့် ပုံဖော်နေပြီး တစ်ကမ္ဘာလုံးတွင် တီဗွီများ၊ စမတ်ဖုန်းများ၊ Tablet များ၊ ဝတ်ဆင်နိုင်သည့် နည်းပညာထုတ်ကုန်များ၊ Digital အသုံးအဆောင်ပစ္စည်းများ၊ ကွန်ယက်ဆက်သွယ်ရေး စနစ်များ နှင့် ဖုန်းတွင်းမှတ်ဉာဏ်၊ LSI စနစ်၊ Foundry နှင့် LED solutions များကို ဖန်တီးထုတ်လုပ်လျက် ရှိသည်။

Photo Source https://www.facebook.com/SamsungMyanmar

Samsung Electronics သည် Nielsen နှင့် Campaign Asia-Pacific တို့ပူးပေါင်းစစ်တမ်းကောက်ယူသည့် ၂၀၂၀ ခုနှစ်၏ အာရှထိပ်တန်း ကုန်အမှတ်တံဆိပ် (၁၀၀၀) စာရင်းတွင် နံပါတ် ၁ နေရာတွင်ရပ်တည်လျက်ရှိပြီး အဆိုပါစာရင်းတွင် ကိုးနှစ်ဆက်တိုက် နံပါတ် ၁ အကောင်းဆုံး ကုန်အမှတ်တံဆိပ်အဖြစ် ရပ်တည်နေဆဲဖြစ်ကြောင်းသိရသည်။
အဆိုပါ အာရှထိပ်တန်း အမှတ်တံဆိပ် (၁၀၀၀) စာရင်းအား ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ မတ်လ ၁၉ ရက်အတွင်း ကောက်ယူထားခြင်းဖြစ်ပြီး Campaign Asia-Pacific မှ အွန်လိုင်းစစ်တမ်း ကောက်ယူထားသည့် အချက်အလက်များနှင့် Nielsen ၏ နိုင်ငံတကာ အချက်အလက်များ၊ အသိအမြင်များအား ပေါင်းစပ် ထုတ်ပြန်ထားခြင်း ဖြစ်သည်။ ဩစတြေးလျ၊ တရုတ်၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ မလေးရှား၊ နယူးဇီလန်၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ထိုင်းနှင့် ဗီယက်နမ် စသည့် ဈေးကွက် (၁၄) ခုမှ သုံးစွဲသူများအား စစ်တမ်း ကောက်ယူထားခြင်း ဖြစ်ပြီး ဂျပန်နိုင်ငံမှ ဖြေဆိုသူ (၈၀၀)ဦး၊ အင်ဒိုနီးရှားနိုင်ငံမှ (၁၂၀၀)ဦး၊ တရုတ်နိုင်ငံမှ (၂၀၀၀)ဦးနှင့် အခြားဈေးကွက်တစ်ခုချင်းစီမှ ဖြေဆိုသူ စုစုပေါင်း (၄၀၀) ဦး၏ ဖြေဆိုမှုများအပေါ် မူတည်၍ အခြေခံ တွက်ချက်ထားခြင်း ဖြစ်သည့်အပြင် ဈေးကွက်တစ်ခုချင်းစီအလိုက် ပိုမိုလိုက်လျောညီထွေမှု ရှိစေရန် အတွက် ဖြေဆိုသူများအား အသက်အရွယ်၊ ကျားမ နှင့်လစဉ်အိမ်ထောင်စုဝင်ငွေတို့ အပေါ် မူတည်၍ ကောက်ယူခဲ့ခြင်းဖြစ်သည်။
Samsung Galaxy S21 Series 5G စမတ်ဖုန်းများကို Pre Order မှာယူလိုသူများ အောက်ပါ Link တွင်ဝင်ရောက်ကြည့် ရှုနိုင်ပါသည်။
https://bit.ly/3ssZ6hN