OPPO မှ ကမ္ဘာ့တန်ဖိုးမြင့် 5G flagship Find X2 series ကို စတင်မိတ်ဆက်

ဆန်းသစ်သောနည်းပညာများနှင့် OPPO ၏ကြိုးပမ်းအားထုတ်မှုတို့ကိုဖော်ပြနေသော5GFlagship စမတ်ဖုန်းများဖြစ်သည့် Find X2 seriesအသစ် – Find X2, Find X2 Pro နှင့် Find X2 Pro Automobili Lamborghini Edition တို့ကိုOPPO မှ မတ်လ ၆ ရက်နေ့တွင် တရားဝင် မိတ်ဆက်လိုက်ပြီဖြစ်ကြောင်းသိရသည်။ ထို့ပြင် OPPO အနေဖြင့် ဆက်သွယ်မှု ကွန်ရက်တွေနဲ့သုံးစွဲသူအမျိုးမျိုးအတွက် အရည်အသွေးမြင့် 5G ကိုပို့ဆောင်နိုင်ဖို့တန်ဖိုးမြင့် 5G CPE စက်ဖြစ်သည့် OPPO 5G CPE Omni ကိုလည်းမိတ်ဆက်လိုက်သည်။
OPPO သည် တစ်ချိန်ထဲတွင် ကမ္ဘာတဝန်း 5G သုံးစွဲမှု အရှိန်အဟုန် မြင့်မားလာစေရန်နှင့် နိုင်ငံတကာ သုံးစွဲသူများအတွက် 5G သုံးစွဲမှု အတွေ့အကြုံများ ပိုမိုအဆင်ပြေစေရန်အတွက် ပူးပေါင်းလုပ်ဆောင်မည့် OPPO 5G Landing Project ၏ အဖွဲ့ဝင်အသစ်များဖြစ်သည့် နိုင်ငံတကာမှ ဆက်သွယ်မှုကွန်ရက် ၁၁ ခုကို ကြေညာလိုက်ခြင်းလည်းဖြစ်သည်။

Photo Source https://www.facebook.com/oppomyanmar/

“OPPO Find X2 series ကို မိတ်ဆက်လိုက်ခြင်းဟာ OPPO ရဲ့ တန်ဖိုးမြင့် စမတ်ဖုန်းတွေ ထုတ်လုပ်နိုင်ဖို့ စွမ်းဆောင်ရည်နဲ့ စိတ်အားထက်သန်မှုတွေကို ပြသလျက်ရှိပါတယ်။ ၂၀၂၀ မှာ 5G နည်းပညာကို ကမ္ဘာတဝန်း ဖြန့်ချိခဲ့ပြီး အခြားနိုင်ငံများမှာလည်း 5G စတင် အသုံးပြုမှု ချောမွေ့နိုင်စေဖို့အတွက် နိုင်ငံတကာက ပါတနာသစ်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ မျှော်လင့်ပါတယ်။ နိုင်ငံတကာသုံးစွဲသူတို့ရဲ့ နေ့စဉ်ဘဝအခြေခံ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်ခြင်းကနေ စတင်ပြီး အခြေအနေအမျိုးမျိုးမှာ Smart Devices တွေကို လိုအပ်သလို အသုံးပြုပြီး ပိုမို အဆင့်မြင့် ကောင်းမွန်တဲ့ ဘဝနေထိုင်မှုကို ရရှိနိုင်စေဖို့ ရည်မှန်းထားပါတယ်” ဟု OPPO ၏ ဒုဥက္ကဌနှင့် နိုင်ငံတကာ ဈေးကွက်မြှင့်တင်ရေးဌာန ဥက္ကဌ ဖြစ်သူ Brian Shen မှပြောကြားခဲ့သည်။
OPPO ၏ ဆန်းသစ်သော ထုတ်လုပ်မှုနှင့် နည်းပညာမူတို့မှရရှိသော နောက်ဆုံးပေါ်တီထွင်မှုအဖြစ် သုံးစွဲသူများကို အဆင့်မြှင့်ထားသော ချောမွေ့မှုနှင့်တမူထူးခြားသည့် Display အတွေ့အကြုံကို ခံစားရစေမည့် OPPO ၏ QHD+ resolution, 120Hz ultra high refresh rate နှင့် 240Hz touch sampling rate တို့ ပါဝင်သော ထိပ်တန်း 120Hz Ultra Vision Screen ကို Find X2 series တွင် ထည့်သွင်းထားသည်။ Qualcomm Snapdragon 865 mobile platform မှ အားဖြည့် ကူညီထားသော ပထမဆုံးဖုန်းများအနက် တစ်ခုဖြစ်သော Find X2 seriesသည် dual-mode 5G အသုံးပြုနိုင်ပြီး OPPO ၏အဆင့်မြင့် 5G performance optimization solution ပါဝင်သောကြောင့် 5G စွမ်းဆောင်ရည် တစ်ခုလုံးကို ပိုမို ကောင်းမွန်စေသည်။ ထို့အပြင် ဈေးကွက်ထဲတွင် အားသွင်းမှု အမြန်ဆုံး နည်းပညာဖြစ်သည့် 65W SuperVOOC 2.0 လည်း ပါဝင်သောကြောင့် 5G ခေတ်၏ သာလွန်သော အားသွင်းမှု ပုံစံကို သုံးစွဲသူများ ခံစားရစေမည် ဖြစ်သည်။

Photo Source https://www.facebook.com/oppomyanmar/

ထို့ပြင် Find X2 Pro တွင် 48MP wide-angle lens, 48MP ultra-wide-angle camera, နှင့် 13MP periscope telephoto camera တို့ ပေါင်းစပ်ပါဝင်သော OPPO ၏ အစွမ်းထက်ဆုံး ဘက်စုံရ UltraVision Camera System ထည့်သွင်းထားသဖြင့် ပိုမိုအဆင့်မြင့်၍ အရည်အသွေး‌ကောင်းမွန်သော ပုံရိပ်များကို ရရှိစေပါသည်။ အထူး ထုတ်လုပ်ထားသော IMX689 Sensor ကို အခြေခံကာ Find X2 Pro တွင် 100% Pixel Focusing ရနိုင်သည့် ဈေးကွက်အတွင်း အဆင့်မြင့်ဆုံး All Pixel Omni-Directional PDAF Technology ကိုလည်း ထည့်သွင်းထားသည်။ Find X2 Pro သည် 12bit ဓာတ်ပုံ ရိုက်ကူးခြင်းကို ရရှိနိုင်သည့် ပထမဦးဆုံးဖုန်းလည်း ဖြစ်သည်။
ယခင် Find X series နှင့် Lamborghini တို့၏ ပူးပေါင်းဆောင်ရွက်မှု၏ နောက်အဆင့်အဖြစ် OPPO မှ ဈေးကွက်တွင် ပထမဦးဆုံး Hot Forging Glass Technology (မှန်ကို အပူပေး၍ အရည်ကြိုခြင်းနည်းပညာ) ကို အသုံးပြုထားသောကြောင့် ကိုင်တွယ်အသုံးပြုရာတွင် ခိုင်ခံ့၍ချောမွတ်သော ခံစားချက်ကိုပေးသည့် Find X2 Pro Automobili Lamborghini Edition ကို မိတ်ဆက်လိုက်သည်။
ယခုမိတ်ဆက်ပွဲတွင် OPPO 5G CPE Omni ကို OPPO မှ ထည့်သွင်း မိတ်ဆက်ခဲ့သည်။ Snapdragon X55 Modemထည့်သွင်းထားကာOPPO ၏ မူပိုင် O-Reserve 5G Smart Antenna နှင့် O-Motion 360°5G antenna တို့ ပါဝင်သောကြောင့် 5G networks တွင်7.5Gbps အထိ ရနိုင်သည်။ Wi-Fi 6ပါဝင်ကာ BLE 4.1 နှင့် ZigBee 3.0 စသည့် Protocol များယှဉ်တွဲအသုံးပြုနိုင်သောကြောင့်သုံးစွဲသူများကို မည်သည့်အခြေအနေတွင်မဆိုပြတ်တောက်မှုမရှိ ကောင်းမွန် ချောမွေ့သောSmart 5G connectivity ကိုရရှိစေမည်ဖြစ်သည်။

Photo Source https://www.facebook.com/oppomyanmar/

OPPO မှ ပထမဦးဆုံး Smart Watch တွင်လည်း Flagship Smartphones များတွင်သာ ထည့်သွင်းလေ့ရှိသော 3D Flexible Hyperboloid Display ကို OPPO Watch တွင် ဆန်းသစ်စွာ ထည့်သွင်းပေးထားသည်။ ထို့အပြင် built-in ဖုန်းခေါ်ဆိုနိုင်မှုနှင့် ပြီးပြည့်စုံသော ကျန်းမာရေး အထောက်အကူပြု Monitoring System တို့လည်းပါရှိ သည်။ဘက်ထရီပိုင်းတွင်လည်း OPPO ၏ မူပိုင်Dual-Chip Endurance System နှင့် Watch VOOC Flash Charging Technology တို့ ပါဝင်သဖြင့် OPPO Watch ကို အားအပြည့်သွင်းရန် ၇၅ မိနစ်သာ ကြာပြီး ၁၅ မိနစ် အားသွင်းရုံနှင့် ၄၆ရာခိုင်နှုန်းအထိပြည့်စေမည်ဖြစ်ပြီး ၁၈ နာရီကြာ အသုံးပြုနိုင်သည်။
မိတ်ဆက်ပွဲတွင် “OPPO 5G Landing Project” တွင် ထပ်မံ ပါဝင်လာမည့် China Mobile, China Telecom, China Unicom, Orange, Vodafone, Deutsche Telekom,Telefonica,Telcel,Bouygues,SFR နှင့် Salt စသည့် နိုင်ငံတကာ ဆက်သွယ်မှုကွန်ရက် ပါတနာသစ်များကိုလည်း ကြေညာခဲ့သည်။ ဤပါတနာသစ်များနှင့် ပူးပေါင်းမှုတွင် 5G နည်းပညာပိုင်း၊ကုန်ပစ္စည်းပိုင်းနှင့်ဈေးကွက်ပိုင်း ပူးပေါင်းဆောင်ရွက်မှုများ ပါဝင်ကာ ခေတ်ရှေ့ပြေးသော 5G အသုံးပြုမှု အတွေ့အကြုံများကို နိုင်ငံတကာမှသုံးစွဲသူတို့ရရှိနိုင်စေရန်ရည်ရွယ်ထားသည်။
OPPO သည် ယခုလက်ရှိတွင် ဆက်သွယ်မှုကွန်ရက် ၃၀ နှင့်အတူ 5G ရရှိရန်လုပ်ဆောင်လျက်ရှိပြီး 5G သုံးစွဲနိုင်သည့် ထုတ်ကုန်များကိုကမ္ဘာ့နိုင်ငံ၁၀နိုင်ငံနှင့်အထက် ဒေသများတွင်ဖြန့်ချိပေးလျက်ရှိသည်။ အသိဉာဏ်မြင့်ဆက်သွယ်ရေး ခေတ်တွင် OPPO မှ ခေတ်ရှေ့ပြေးသော နည်းပညာများနှင့် ပိုမိုကောင်းမွန်သော ကုန်ပစ္စည်းအသစ်များ တီထွင် ထုတ်လုပ်နိုင်ရန် ၃ နှစ်အတွင်း RMB 50 billion (USD $7 billion) အသုံးပြုရန်စီစဉ်ထားသည်။
OPPO သည် ထုတ်လုပ်သောပစ္စည်းအမျိုးအစားများကိုတိုးချဲ့ပြီး Brand ပိုမိုခိုင်မာလာစေရန် အဆက်မပြတ် ကြိုးပမ်းမှုများနှင့်အတူ ဈေးကွက်တွင်းထိပ်တန်းအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် သုံးစွဲသူများအတွက် အကောင်းဆုံးထုတ်ကုန်များ၊ ဝန်ဆောင်မှုများနှင့်အတူ ကမ္ဘာ့တန်ဖိုးမြင့် ဈေးကွက်ကို ထိုးဖောက်ဝင်ရောက်လျက်ရှိကြောင်း လည်းသိရသည်။