အားလုံးအတွက် ငွေပေးချေမှုကို ပိုမိုလွယ်ကူစေတဲ့ MyanmarPay
ဘယ်နေရာသွားသွား ငွေသားကိုင်ပြီး ငွေသားနဲ့ ပိုက်ဆံရှင်းနေတုန်းပဲလား။ Payment တစ်ခုအတွက် QR ပေါင်းများစွာထဲက ရွေးချယ်နေရလို့ စိတ်ရှုပ်နေပြီလား။ ဒီနေ့ခေတ်လို အရှိန်အဟုန်အားကောင်းကောင်းနဲ့ ဘက်ပေါင်းစုံကနေ တိုးတက်နေတဲ့ ဒစ်ဂျစ်တယ်ခေတ်ကြီးမှာ ဈေးဝယ်သူတွေအနေနဲ့ ငွေသားကိုင်ပြီးရှင်းစရာမလို၊ ငွေရှင်းခါနီးပြီဆိုရင် ဆိုင်မှာလက်ခံတဲ့ payment နဲ့ချေလို့ရအောင် ဖုန်းထဲမှာ payment app တွေ အများကြီးထည့်ထားစရာမလို၊ လုပ်ငန်းရှင်တွေဘက်ကလည်း ကိုယ့်ရဲ့လုပ်ငန်းကို ပိုမိုတွင်ကျယ်ထိရောက်တဲ့ လုပ်ငန်းတစ်ခုဖြစ်စေဖို့အတွက် အဘက်ဘက်ကနေ ကူညီပေးမယ့် MyanmarPay (MMQR) အကြောင်းကို သေချာလေးပြောပြပေးမယ်နော်။
နေရာတိုင်းမှာ တွေ့နေရတဲ့ MyanmarPay (MMQR) ဆိုတာကတော့ မြန်မာနိုင်ငံရဲ့ ငွေကြေးအခန်းကဏ္ဍကို အဆင့်မြှင့်တင်ပေးနိုင်ဖို့၊ မြန်မာနိုင်ငံသားတိုင်းအတွက် လုံခြုံစိတ်ချပြီးလွယ်ကူတဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုတွေကို ပေးအပ်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စီစစ်ကွပ်ကဲပြီး PayPlus Co., Ltd ကနေ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတဲ့ QR ငွေပေးချေမှုစနစ်ဖြစ်ပါတယ်။

Image: MyanmarPay
နိုင်ငံတကာစံနှုန်းများနဲ့ကိုက်ညီတဲ့ MyanmarPay (MMQR) က QR code လေးတစ်ခုပါပဲဆိုပြီး လျှော့တွက်လို့မရဘူးနော်။ နိုင်ငံတွင်းမှာရှိတဲ့ လူတိုင်း၊ စီးပွားရေးလုပ်ငန်းတိုင်း မိမိလက်ရှိ အသုံးပြုနေတဲ့ မည်သည့်ဘဏ်မဆို (ဒါမှမဟုတ်) Digital Wallet တွေကိုမဆို အသုံးပြုပြီး အရည်အသွေးအကောင်းဆုံးဆိုတဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုတွေကို အားလုံးတန်းတူညီတူရရှိနိုင်စေဖို့အတွက် ဆိုတဲ့ရည်ရွယ်ချက်နဲ့ အားလုံးရှေ့ကို ရောက်ရှိလာတာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ငွေကြေးစနစ်တွေအားလုံးကို စုစည်းပေးထားတဲ့ MyanmarPay (MMQR) ကို ကိုယ့်ရဲ့ ဖုန်းထဲက ကိုယ်အသုံးပြုနေတဲ့ banking/digital wallet ကနေ scan ဖတ်လိုက်တာနဲ့ ငွေချေနိုင်တဲ့အတွက် ငွေပေးချေမှုတိုင်းကို မြန်ဆန်ချောမွေ့စွာနဲ့လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် အရင်ကလို ဘဏ်ပေါင်းစုံရဲ့ banking၊ wallet တွေပေါင်းစုံကို ဖုန်းထဲထည့်ထားစရာမလိုတော့ဘူးနော်။ လုံခြုံစိတ်ချရမှုအပိုင်းမှာဆိုရင်လည်း MyanmarPay (MMQR) က နိုင်ငံတော်အဆင့် QR စနစ်ဖြစ်တဲ့အတွက် QR လေးကို scan ဖတ်ပြီး ငွေရှင်း/ငွေလက်ခံရုံပဲဆိုတော့ ပေါ့ပေါ့ပါးပါး လွယ်လွယ်ကူကူငွေရှင်းလို့ရနေနိုင်ပါပြီ။
MyanmarPay (MMQR) ကိုဘယ်လိုအသုံးပြုရမလဲဆိုရင် ကိုယ်လက်ရှိသုံးနေတဲ့ Digital Payment/Mobile Wallet တွေမှာ ပါဝင်ပြီးသားဖြစ်လို့ အကောင့် အသစ်ဖွင့်ရတာ၊ App အသစ် ထပ် Down ပြီး သုံးရတာမျိုး လုပ်စရာမလိုပါဘူး။ ကိုယ်လက်ရှိသုံးနေတဲ့ Pay App ကို ဖွင့်၊ MMQR QR Stand က QR ကို Scan ဖတ်ပြီး ပေးချေရမယ့် ငွေပမာဏကို ရိုက်ထည့်ပြီး ငွေပေးချေရုံပါပဲ။ ကဲ…ဘယ်လောက်တောင်လွယ်လိုက်လေသလဲ။

Image: MyanmarPay
စီးပွားရေးလုပ်ငန်းပိုင်ရှင်တွေအနေနဲ့ဆိုရင်လည်း ကိုယ့်ရဲ့လုပ်ငန်းအတွက် အဓိကအသုံးပြုမယ့်ဘဏ်အကောင့် (ဒါမှမဟုတ်) Mobile Wallet တစ်ခုကိုရွေးချယ်ပြီး ထိုသက်ဆိုင်ရာဘဏ်/ Mobile Wallet ကို MyanmarPay (MMQR) ကို အသုံးပြုဖို့အတွက် ဆက်သွယ်လိုက်တာနဲ့ မိမိစီးပွားရေးလုပ်ငန်းအတွက် လိုအပ်မယ့် Payment System Update နဲ့ QR Stand များကို လာရောက်ပြင်ဆင်ပေးတာမျိုး လုပ်ပေးသွားမှာဖြစ်တာကြောင့် အလွယ်လေးပဲနော်။ ပြီးရင်လည်း MMQR နဲ့ လက်ခံထားတဲ့ ငွေပေးချေမှုတိုင်းဟာ ဘယ် Payment နဲ့ပဲပေးပေး၊ မိမိရဲ့ Business Account ကိုပဲ ဝင်ရောက်သွားမှာဖြစ်ပြီး တစ်နေ့တာ ငွေအဝင်အထွက်စာရင်းကို မိမိရဲ့ Merchant Portal ကနေပဲ ပြန်လည်စီစစ် စစ်ဆေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်လုပ်ငန်းရဲ့ ငွေကြေးစီမံခန့်ခွဲမှုတွေ၊ စာရင်းစစ်ဆေးတာတွေ စိတ်တိုင်းကျပြုလုပ်နိုင်မှာဖြစ်တဲ့အတွက်ကြောင့် လုပ်ငန်းရှင်တွေအကြိုက်ပဲ ဖြစ်ပါတယ်။ MyanmarPay (MMQR) စနစ်က POS စနစ်ရှိလေ့မရှိတဲ့ ကျေးလက်ဒေသများရှိ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များပါ အသုံးပြုနိုင်မှာဖြစ်တာကြောင့် ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းကို အရင်ကထက် ပိုမိုကျယ်ပြန့်လာစေမှာဖြစ်တဲ့အတွက် စျေးကွက်အတွင်းမှာဆိုရင်လည်း ကိုယ့်လုပ်ငန်းကို လူအများက သတိထားမိစေမှာဖြစ်ပါတယ်။
“MMQR မရှိခင်တုန်းကဆို ဆိုင်မှာလက်ခံတဲ့ Payment နဲ့ သုံးစွဲသူတွေအသုံးပြုတဲ့ Mobile Wallet အမျိုးအစား မတူညီတဲ့အခါ ငွေပေးချေတဲ့နေရာမှာ အဆင်မပြေတာမျိုး ကြုံတွေ့ခဲ့ရပါတယ်။ အခုဆို MMQR နဲ့ Payment လက်ခံတဲ့အတွက် ဆိုင်အတွက်ရော၊ ဈေးဝယ်သူတွေအတွက်ပါ ပိုပြီးအဆင်ပြေချောမွေ့လာပြီး ဆိုင်မှာ ဖောက်သည်တွေလည်း ပိုများလာပါတယ်။ ပြီးတော့ ကျွန်တော်အနေနဲ့ နေ့တိုင်း ရောင်းရငွေ ငွေသားတွေကို ကိုယ်တိုင် စစ်ဆေးစရာလည်း မလိုတော့သလို တစ်ခါတစ်လေ ဘဏ်ကဒ်ကနေ ငွေလွှဲတဲ့အခါမျိုးမှာ စောင့်ရတာမျိုးလည်း မရှိတော့ပါဘူး။ ငွေပေးချေမှုတွေက ချက်ချင်းဝင်လာတာမျိုးဖြစ်တဲ့အတွက် Merchant App ကနေပဲ ကိုယ်တိုင်စစ်ဆေးနိုင်လို့ အဆင်ပြေပါတယ်” ဟု ရန်ကုန်မြို့ခံ MyanmarPay (MMQR) အသုံးပြုသူ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့ပါတယ်။

Image: MyanmarPay
ဒီနေရာမှာ အားလုံးကို သတိပေးချင်တာလေးတစ်ခုကတော့ MyanmarPay (MMQR) အနေနဲ့ အသုံးပြုလိုသူ မည်သူတစ်ဦးတစ်ယောက်ကိုမှ စတင်ဆက်သွယ်ခြင်းများ မပြုလုပ်တာကြောင့် အကယ်၍ MyanmarPay (MMQR) အမည်အသုံးပြုပြီး ဆက်သွယ်လာခဲ့ပါက မိမိ ကိုယ်ရေးကိုယ်တာအချက်အလက်များ မမျှဝေမိစေဖို့အတွက် အထူးသတိပြုဖို့ လိုအပ်ပါတယ်။
MyanmarPay (MMQR) ကြောင့် နိုင်ငံတွင်းမှာ ငွေသားအသုံးပြုမှုကို လျှော့ချနိုင်မယ့် Cashless Society လူ့အဖွဲ့အစည်းတစ်ခုကို ဖော်ဆောင်ရာမှာလည်း ထင်ရှားတဲ့ မှတ်တိုင်တစ်ခုဖြစ်လာခဲ့ပါပြီ။ အခုဆိုရင် ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှားအစရှိတဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ အသုံးပြုနေတဲ့ QR နဲ့ ငွေပေးချေတဲ့စနစ်ကို မြန်မာနိုင်ငံမှာလည်း စတင်ကျင့်သုံးနေပြီဖြစ်တာကြောင့် နိုင်ငံတကာငွေပေးချေမှုစံနှုန်းတွေနဲ့ ရင်ဘောင်တန်းနိုင်နေပြီဖြစ်ပါတယ်။
MyanmarPay (MMQR) ကို ဘယ်လိုသုံးရမလဲဆိုတာကို သိချင်လို့ပဲဖြစ်ဖြစ်၊ ကိုယ့်လုပ်ငန်းမှာ MyanmarPay (MMQR) သုံးချင်လို့ စုံစမ်းချင်တာပဲဖြစ်ဖြစ် MyanmarPay (MMQR) ရဲ့ Facebook Page [MyanmarPay MMQR – https://www.facebook.com/myanmarpay.mmqr] ဒါမှမဟုတ် Website – https://myanmarpay.com.mm/ မှာသွားရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်။