Mytel မှ 2 နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့် ရွှေ ၂၂ ကျပ်သားအထိကံစမ်းနိုင်သည့် မွေးနေ့ကံစမ်းမဲဂိမ်းကို မိတ်ဆက်

မြန်မာနိုင်ငံ၏အကောင်းဆုံးအော်ပရေတာ Mytel သည်မြန်မာနိုင်ငံတွင်လုပ်ငန်းဝန်ဆောင်မှုပေးအပ်ခဲ့သည်မှာ ၂နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည့်အတွက် ရွှေ ၂၂ ကျပ်သားအထိကံစမ်းနိုင်သည့် မွေးနေ့ကံစမ်းမဲဂိမ်းကို စတင်မိတ်ဆက်ထား ပြီးဖြစ်ကြောင်းသိရသည်။
“ပထမဦးဆုံး နှစ်နှစ်တာကာလအတွင်းမှာ Mytel ကိုယုံယုံကြည်ကြည်နဲ့သုံးစွဲခဲ့ကြတဲ့ တစ်နိုင်ငံလုံးက Mytel သုံးစွဲသူများ အားလုံးကို ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ သုံးစွဲသူတွေရဲ့ဒီလိုအားပေးမှုတွေကြောင့်သာ Mytel ကအခုလို အောင်မြင်မှုရလာတာပါ။ Mytel အနေနဲ့ ဒီနှစ်နှစ်မြောက်နှစ်ပတ်လည်မွေးနေ့ဟာ Mytel ရဲ့အောင်မြင်မှုတွေအတွက် ဂုဏ်ယူရမယ့်အချိန်ဖြစ်သလို Mytel ကိုယုံကြည်စွာသုံးစွဲလာခဲ့ကြတဲ့သုံးစွဲသူတွေကို ကျေးဇူးတုံ့ပြန်ဖို့ အချိန်ကောင်းလို့မြင်ပါတယ်။ ဒါကြောင့် Mytel Birthday SMS အစီအစဉ်ကိုသုံးစွဲသူတွေအတွက်မိတ်ဆက်ပေးခဲ့တာပါ။ ဒီ SMS အစီအစဉ်မှာပါဝင်ဖို့ဆိုရင် ‘966’ ကို ‘HBD’ လို့ပေးပို့ရမှာဖြစ်ပြီးတော့ SMS ပေးပို့ပါဝင်တဲ့သူက၂ GB အထိနဲ့ Mytel အချင်းချင်းဖုန်းခေါ်ဆိုခွင့်မိနစ် ၂၀၀ အထိရယူနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် နှစ်ပတ်လည်အထိမ်းအမှတ်အနေနဲ့ ရန်ကင်းကလေးဆေးရုံမှာ ဒုတိယအကြိမ်မြောက် “Empower My Children” အစီအစဉ်နဲ့လှူဒါန်းမှုတွေ လည်းလုပ်ဖြစ်ခဲ့ပါတယ်။ အဲဒီမှာခွဲစိတ်ခန်းသုံးမျက်နှာဖုံးတွေနဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါခံစားနေရတဲ့ ကလေးငယ်တွေ အတွက်လိုအပ်တဲ့ငွေကြေးအထောက်အပံ့တွေကိုပေးအပ်ခဲ့ပါတယ်။ နောက်ထပ်လည်း Mytel ကအခုလိုအဓိပ္ပာယ်ရှိပြီး အကျိုးရှိတဲ့အစီအစဉ်တွေကို သုံးစွဲသူမိဘပြည်သူတွေအတွက် တတ်စွမ်းသရွေ့ပြုလုပ်ပေးသွားဖို့ကြိုးစားသွားဦးမှာပါ” ဟု Mytel ၏ပြင်ပဆက်ဆံရေးအရာရှိချုပ်ဖြစ်သော ဒေါ်နီလာအေးက ပြောကြားသည်။

Photo Source https://www.facebook.com/mytelmyanmar

ဆက်လက်၍ ဒေါ်နီလာအေးက “တစ်ဆက်တည်းမှာ “Fight COVID-19 Together” ဆိုတဲ့ Mytel ရဲ့မွေးနေ့ကံစမ်းမဲ ဂိမ်းအစီအစဉ်လေးကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီအစီအစဉ်ကတော့သုံးစွဲသူတွေက ရွှေ၂၂ကျပ်သား၊ ငွေကျပ်၂၂၂,၂၂၂ အပြင် နေ့စဉ်ဒေတာ၊ဖုန်းခေါ်ဆိုခွင့်တွေသာမကအပတ်စဉ်MytelPay e-money ဆုတွေကိုရရှိနိုင်မယ့် ဂိမ်းအစီအစဉ်ဖြစ်ပါတယ်။ Mytel သုံးစွဲသူအားလုံးဒီအစီအစဉ်မှာပါဝင်နိုင်မှာဖြစ်ပြီး USSD၊ SMS၊ MyID နဲ့ MytelPay အက်ပလီကေးရှင်းတွေကတစ်ဆင့် ပတ်ကေချ့်တွေဝယ်ယူပြီးကစားနိုင်မှာဖြစ်သလို MytelPay ကနေတစ်ဆင့် ဖုန်းငွေဖြည့်တာ ဒါမှမဟုတ်ငွေလွှဲပြီးဒီဂိမ်းကိုဝင်ရောက်ကစားနိုင်မှာပါ။ MyIDထဲမှာပါတဲ့ဒီ “Fight Covid-19 Together” ဂိမ်းမှာဝင်ရောက်ကစားနိုင်မယ့်ကစားခွင့်ကို ပတ်ကေချ့်နဲ့ငွေလွှဲတာတွေပြုလုပ်တိုင်းမှာရရှိမှာဖြစ်ပြီး တော့ဝယ်ယူတဲ့ ပတ်ကေချ့်နဲ့ ငွေလွှဲတဲ့ပမာဏပေါ်မူတည်ပြီးကစားခွင့် “အကြိမ်” ကိုရရှိနိုင်မှာပါ။ ဒီလိုကစားခွင့်ရပြီးပြီ ဆိုရင် ဆုတွေရရှိဖို့ MyID အက်ပလီကေးရှင်းမှာဂိမ်းဝင်ဆော့ရုံပါပဲ” ဟုပြောကြားသည်။
ပရိုမိုးရှင်းကာလမှာ ၂၀၂၀ ခုနှစ် ဇွန်လ ၅ ရက်နေ့မှ ဇူလိုင်လ ၂ ရက်နေ့အထိဖြစ်ပြီးသုံးစွဲသူများသည် ဂိမ်းထဲတွင် I-L-O-V-E-M-Y-T-E-L ဟူသည့်စာလုံးများကို အောင်မြင်စွာစုဆောင်းပြီး ရွှေ၂၂ကျပ်သားကို ကံစမ်းနိုင်မည့်အစီအစဉ်ဖြစ်ပါသည်။ နေ့စဉ်ကံစမ်းနိုင်သည့်ဆုများကိုလည်း စီစဉ်ထားပြီးရရှိနိုင်သည့်အမြင့်ဆုံးနေ့စဉ်ဆုများမှာ MytelPay E-money ၂၂၂,၂၂၂ ကျပ်အထိ၊ ၂,၂၂၂,၂၂၂ MB အထိ၊ ၂၂,၂၂၂ မိနစ်အထိ၊ ဂိမ်းပွိုင့်၅ပွိုင့်တို့ဖြစ်ပါသည်။ အမှတ်ပေးဇယား၏ ထိပ်ဆုံးကစားသမား၁၀ဦးမှာ အပတ်စဉ်ပေးသည့် ဆုငွေ ၂၂,၂၂၂ ကျပ်ကိုလည်းရရှိနိုင်မည်ဖြစ်သည်။ ကစားသမား တစ်ဦးသည်တစ်နေ့လျှင် အများဆုံး ၃၀ ကြိမ် အထိဝင်ရောက်ကစားနိုင်မည်ဖြစ်ပြီး Mytel သုံးစွဲသူများအနေဖြင့် နေ့စဉ်အခမဲ့ ကစားခွင့်သုံးကြိမ်ရရှိမည်ဖြစ်ပါသည်။
Mytel သည် ၂၀၁၈ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် မြန်မာပြည်သားများအတွက် ဝန်ဆောင်မှုများကို တရားဝင် စတင်ပေးအပ်ခဲ့ပါသည်။ ဝန်ဆောင်မှုစတင်ပြီး ရက်အနည်းငယ်အတွင်းမှာပင် သုံးစွဲသူ ၁ သန်း ပြည့်ခဲ့ပြီးဇူလိုင်လ ၁၉ ရက်နေ့တွင် သုံးစွဲသူစုစုပေါင်း ၂ သန်း အထိ ရောက်ရှိခဲ့ကာ အရှေ့တောင်အာရှ၏ ဖွံ့ဖြိုးမှုအမြန်ဆန်ဆုံး တယ်လီကွန်းများထဲမှ တစ်ခုအဖြစ်စံချိန်တင်ခဲ့ပါသည်။ ၂၀၂၀ ခုနှစ်ဇွန်လတွင်Mytelသည်သုံးစွဲသူစုစုပေါင်း ၁၀ သန်းဖြင့် ဈေးကွက်၏တတိယမြောက်တယ်လီကွန်းဖြစ်လာခဲ့ပါသည်။ Mytel သည်မြန်မာနိုင်ငံတွင် eSIM, VoLTEနှင့် 5G နည်းပညာများကို မိတ်ဆက်ပေးခဲ့သည့် ပထမဆုံးအော်ပရေတာလည်းဖြစ်သည်။

Photo Source https://www.facebook.com/mytelmyanmar

မြန်မာလူမျိုးတို့၏ အကျိုးနှင့်သက်သာစွာအသုံးပြုနိုင်ရန်အတွက် ဂရုစိုက်သော ရှေ့ပြေးတီထွင်သူအော်ပရေတာ Mytel သည် အထူးသဖြင့် ယခုကဲ့သို့ခက်ခဲကျပ်တည်းသော ကာလများတွင် မိမိနိုင်ငံအား အကူအညီဖြစ်စေနိုင်မည့် ဝန်ဆောင် မှုများနှင့် ပိုမိုကောင်းမွန်သောအတွေ့အကြုံများပေးနိုင်ရန် ဆက်လက်တီထွင်သွားမည်ဖြစ်သည်။ ထို့အပြင် Mytel သည်ဆန်းသစ်သော တီထွင်မှုများနှင့်ဝန်ဆောင်မှုများ၏ ဖွံ့ဖြိုးတိုးတက်ရေးအားအထူးအာရုံစိုက်လျက်ပြီး မြန်မာပြည် သူတို့အတွက် ကောင်းမွန်သောအနာဂတ်ကိုဖန်တီးပေးနိုင်ရန် ဆက်လက်၍ဆောင်ရွက်သွားမည်ဖြစ်သည်။
အသေးစိတ်အချက်အလက်များကိုပိုမိုသိရှိလိုပါက အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/mytelmyanmar