စမ်းကြည့်သင့်တဲ့ AI Video Generators (၅) မျိုး

Content နယ်ပယ်မှာ စာအရေးအသားတွေ၊ Design တွေက လုပ်ငန်းတစ်ခုအောင်မြင်ဖို့၊ Engagement တွေ၊ Reach တွေကောင်းဖို့အရေးပါတယ်ဆိုပေမယ့် Video Content တွေရဲ့ အရေးပါမှုကိုလည်း မေ့ထားလို့မရပါဘူး။ Report တွေအရဆိုရင်လည်း အင်တာနက်ပေါ်က Traffic တွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ Video Traffic တွေဖြစ်ပါတယ်။ အသုံးပြုသူတွေ များပြားလာတာနဲ့အမျှ Online Content တွေရဲ့ အရေးပါမှုကလည်း တစ်စတစ်စ တိုးတက် လာပါတော့တယ်။

Social Network တွေမှာလည်း Reach များများရောက်ဖို့ Organic Reach တွေအတွက်လည်း Video Content တွေက အဓိကကျပါတယ်။ ဒါ့အပြင် Video တွေက စာအရှည်ကြီးတွေဖတ်ရတာထက် အချိန်ကုန်သက်သာသလို ပိုပြီးလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။

အခုလို နည်းပညာခေတ်ကြီးမှာ AI တွေကလည်း ဓာတ်ပုံဖန်တီးတာ၊ စာရေးသားတာတွေ အပြင် Video တွေကိုပါ ဖန်တီးပြုလုပ်နိုင်တဲ့အဆင့်ကို ရောက်ရှိနေပါပြီ။ စမ်းသပ်အသုံးပြု ကြည့်သင့်တဲ့ AI Video Generator (၅) မျိုးကို လည်း ဒီ Content မှာ တစ်ခါတည်း ဖော်ပြပေးလိုက်ပါတယ်။

(၁) Pictory

Pictory ဆိုတာကတော့ အရည်အသွေးမြင့် ဗီဒီယိုတွေကို ဖန်တီးပြုလုပ်ပေးနိုင်တဲ့ AI Video Generator တစ်ခုဖြစ်ပါတယ်။ AI Video Generator တွေဖြစ်တဲ့အတွက် Video Editing နဲ့ပက်သက်တဲ့ အတွေ့အကြုံ၊ ဗဟုသုတတွေလည်း လိုအပ်မှာ မဟုတ်ပါဘူး။

Video အတွက်ထည့်သွင်းချင်တဲ့ Script ဒါမှမဟုတ် ဆောင်းပါးကို ပေးလိုက်တာနဲ့ Video Content တစ်ခုကို ဖန်တီးပြုလုပ်သွားပေးမှာ ဖြစ်ပါတယ်။

(၂) Synthesia

Synthesia AI Video Generator ကတော့ Video တွေကို AI Avatar နဲ့တွဲဖက်ပြီး ဖန်တီးပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ Synthesia Platform ပေါ်မှာ ဘာသာစကားပေါင်း ၆၀ ကျော်နဲ့ Templateမျိုးစုံ၊ Screen Recorder, Media Library နဲ့ တခြားလုပ်ဆောင်ချက်တွေ လည်း ပါဝင်ပါသေးတယ်။ Synthesia ကိုအသုံးပြုတဲ့အတွက် Video ရိုက်ကူးဖို့ ပစ္စည်းတွေ၊ နေရာအနေအထားတွေနဲ့ တခြားကုန်ကျစရိတ်တွေသက်သာသွားမှာ ဖြစ်ပါတယ်။ ခလုတ်တစ်ချက်နှိပ်ရုံနဲ့ Video တစ်ခုဖန်တီးနိုင်တဲ့အတွက် အတော်လေးအဆင်ပြေစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် AI Avatars ၇၀ ကျော်၊ ဘာသာစကားပေါင်း ၆၀ ကျော်နဲ့ Template ပေါင်းများစွာကို အသုံးပြုနိုင်မှာပါ။

(၃) Deepbrain AI

Deepbrain AI Tool ဟာ Video တွေကို အလွယ်တကူပဲ Text တွေရိုက်ပေးလိုက်တာနဲ့ ဖန်တီးပေးနိုင်မယ့် နောက်ထပ် AI Video Generator တစ်ခု ဖြစ်ပါတယ်။ Script တွေကိုဖန်တီးပြီး Text-to-speech feature ကိုအသုံးပြုပြီး Video တွေကို အချိန် ၅ မိနစ်တောင်မကြာဘဲ ဖန်တီးပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Deepbrain AI မှာ ကိုယ့်လုပ်ငန်းနဲ့သင့်တော်တဲ့ custom-made AI Avatar တွေ၊ Beginner တွေအတွက် အသုံးပြုရလွယ်ကူစေတဲ့ လုပ်ဆောင်ချက်တွေအပြင် အခြားလုပ်ဆောင်ချက်တွေ ကိုလည်း ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

(၄) Synthesys

နောက်ထပ် AI Video Generator တစ်ခုကတော့ Synthesys ဖြစ်ပါတယ်။ Synthesys ဟာ Text-to-voice-over နဲ့ Commercial အတွက်အသုံးပြုနိုင်တဲ့ Video တွေကို Develop ပြုလုပ်ပေးတဲ့ ကုမ္ပဏီက ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ Textp-to-Video (TTV) နည်းပညာကို  Synthesys ထဲမှာ Script တွေကနေ Video ပြောင်းလဲ ပေးသွားမယ့် လုပ်ဆောင်ချက်ကို ထည့်သွင်းအသုံးပြုထားပါတယ်။

Synthesys မှာ တခြား Platform တွေနဲ့မတူဘဲ ၇၄ Humatars တွေနဲ့ ဘာသာ စကားပေါင်း ၆၆+ အပြင် ၂၅၄ ဒီဇိုင်းတွေကိုလည်း ထည့်သွင်းပေးထား ပါသေး တယ်။

(၅) Elai.io

Elai.io ကလည်းအသုံးပြုသူတွေကို စာသားတွေကနေ ဗီဒီယိုတွေအပြင် ပြောင်းလဲ ဖန်တီးပေးနိုင်အောင် လုပ်ဆောင်ပေးနိုင်တဲ့ AI Video Generator Tool တစ်ခု ပဲ ဖြစ်ပါတယ်။ Elai.io မှာ ဘာသာစကားပေါင်း ၆၀ ကျော်အသုံးပြုနိုင်တဲ့အပြင် ရွေးချယ်စရာ Avatar 25 ခုလည်းပါဝင်ပါသေးတယ်။ Library ကနေ Presenter ရွေးချယ်တာအပြင် ကိုယ်ပိုင် Personal Avatar ကိုလည်း တောင်းဆိုနိုင်ပါသေးတယ်။