ဆန်းသစ်တဲ့နည်းပညာနဲ့ စိတ်ဝင်စားစရာ Humane AI Pin ရဲ့ Laser Ink Display

စမတ်ဖုန်းတွေ၊ ကွန်ပြူတာတွေ တစ်စတစ်စ တိုးတက်ပြောင်းလဲလာပြီး လူတိုင်းရဲ့နေ့စဉ်ဘဝမှာ ဖယ်ရှားလို့မရတော့တဲ့ နည်းပညာပစ္စည်းတွေ ဖြစ်လာပါပြီ။ ဒါပေမယ့် ဘယ်သွားသွား ဖုန်းတစ်လုံးကို မရှိမဖြစ်ကိုင်ဆောင်ထားရမယ့်နေရက်တွေက ကုန်ဆုံးလာတော့မှာ ဖြစ်ပါတယ်။ Smart Watch, Smart Glasses တွေရဲ့ နည်းပညာတွေကလည်း ဆက်တိုက်မြင့်တက်လာနေတဲ့အတွက် Wearable တွေရဲ့အခန်းဂဏ္ဍကိုလည်း မေ့ထားလို့မရသေးပြန်ပါဘူး။ Humane AI Pin အနေနဲ့လည်း သူတို့ရဲ့ Physical Screen တစ်ခုကို Augmented Reality Device အဖြစ်နဲ့ Projecting Image တွေကို မျက်စိရှေ့တိုက်ရိုက်ထုတ်ပေးမယ့် နည်းပညာတစ်ခုကို မိတ်ဆက်လိုက်ပြန်ပြီ ဖြစ်ပါတယ်။

Humane AI Pin’s Laser Ink Display Is a True Palm Pilot

Smart Watch လောက်ပဲအရွယ်အစားရှိတဲ့ ဒီ Device လေးက screen ကို AR စနစ်နဲ့ ပြနိုင်ပြီး Screen-less smart assistant AI စနစ်တွေလည်းပါဝင်ပါသေးတယ်။ Device ထဲမှာ Memory 4GB ရှိတဲ့ Octa-core Qualcomm® Snapdragon Processor, Customized Android-based Operation System ကို ထောက်ပံ့ပေးဖို့ Storage 32GB အထိထည့်သွင်းပေးထားပါတယ်။ Device ရဲ့အပေါ်ပိုင်းကို အနည်းငယ်စောင်းပေးထားပြီး ကင်မရာကနေ ဝတ်ဆင်ထားသူအတွက် ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ရိုက်ကူးပေးရလွယ်အောင် ပြုလုပ်ပေးထားပါတယ်။

Open palm with green laser ink display projecting a music player's navigation controls.

Voice Recognition စနစ်နဲ့ Device ရဲ့ Optical Sensor နဲ့ Microphone တွေကတစ်ဆင့် ပတ်ပတ်လည်ကို အာရုံခံပေးတဲ့စနစ်တွေကို အသုံးပြုထားပါတယ်။ ကင်မရာပိုင်းဆိုင်ရာအတွက် Built-in f/2.4 Aperture Camera ကိုသုံးပေးထားပြီး ဓာတ်ပုံတွေကို 4208×3120 px အထိရိုက်ကူးနိုင်မှာပါ။

Humane AI Pin shown in all three color options: Equinox, Lunar, and Eclipse

AI Pin Device ရှေ့မှာရှိတဲ့ Touchpad ကိုအသုံးပြုပြီး ထိပြီး အသုံးပြုသူတွေက ထိန်းချုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ဟန်အနေအထားတွေနဲ့လည်း ပြောင်းလဲထိန်းချုပ်နိုင်ပါသေးတယ်။ ပါဝင်တဲ့ AI စနစ်ဟာလည်း လုပ်ဆောင်ချက်မြင့်မားတဲ့အတွက် စိတ်ခံစားချက် Tone တွေကို စိတ်လှုပ်ရှားတာ၊ Nervous ဖြစ်တာတွေအထိ အသံအနေအထားကို စာသားအဖြစ်ပြောင်းလဲပေးနိုင်ပါတယ်။

Young blond woman in brown overalls holding a dragon fruit at a fruit stall activating her Humane AI Pin to perhaps identify the fruit using AI-powered visual recognition.

ထူးခြားလွန်းတဲ့ AI Pin ရဲ့ Laser Ink Display မှာ အသုံးပြုသူရဲ့လက်ဖဝါးကို ခြေရာခံဖို့ ဒီဇိုင်းဆွဲထားတာ ဖြစ်ပါတယ်။ ဒီ Display နဲ့ UI Element တွေကို 720p Resolution နဲ့ပြပေးမယ့် Palm Pilot တစ်ခု ဖြစ်ပါတယ်။ Menu ဒါမှမဟုတ် Option ရွေးစရာတွေကို Gesture တွေပြုလုပ်ပြီး အသုံးပြုနိုင်မှာပါ။

Humane ရဲ့ AI Pin ကို $699 နဲ့စတင်ဝယ်ယူနိုင်မယ့်အပြင် အခြား Accessories တွေလည်းပါဝင်ဦးမယ်လို့ သိရပါတယ်။ ရွေးချယ်စရာအဖြစ် အရောင်အနေနဲ့ Equinox, Lunor နဲ့ Eclipse ဆိုပြီး (၃) မျိုးရွေးချယ်နိုင်မှာပါ။