5Gက အမြင့်မားဆုံးတိုးတက်မှုတစ်ခုလား

မိုဘိုင်းဖုန်းသုံးစွဲသည့်ကာလကြာမြင့်လာသည့်အလျောက် Wireless technology များမှာလည်း 1G မှစတင်ပြီး တစ်ဆင့်ပြီးတစ်ဆင့်တိုးမြင့်လာလေရာ ယခုတွင်5Gအထိပင်တိုးတက်ခဲ့လေပြီ။ ဖန်တီးရန် ဆယ်စုနှစ်တစ်ခုနီးပါးကြာမြင့်ခဲ့ပြီးနောက် ၂၀၁၈ နှစ်ဆုံးပိုင်းတွင် အမေရိကန်အခြေခံစိုက် ထိပ်တန်း Telecom ကုမ္ပဏီများဖြစ်ကြသော AT&t နှင့်Verizon များမှ အကြို5G ကိုစတင်မိတ်ဆက်ခဲ့သည်။ သို့သော် ထို5G မှာလုံးလုံးလျားလျားအကောင်ထည်ဖော်ခြင်းမပြုရသေးဘဲ မိတ်ဆက်သည့်သဘောသာရှိခဲ့ပြီး 5G နှင့်ပက်သက်သောမေးခွန်းများနှင့် ကြိုတင်ခန့်မှန်းချက်များက တိကျသောအဖြေများထက်ပိုမိုများပြားလာခဲ့သည်။ ဘယ်နိုင်ငံမှာစတင်အသုံးပြိုင်နိုင်မလဲ၊ ဘယ် carrier ကအကောင်းဆုံးဖြစ်မလဲ၊ ဘယ်ဖုန်းက5G အသုံးပြုဖို့အကောင်းဆုံးဖုန်းဖြစ်မလဲစသည်တို့သည် လူအများစူးစမ်းလိုသောမေးခွန်းများသဖြင့် 5G နှင့်ပက်သက်သော အချက်အလက်များကို သတိထားသ၍ဖော်ပြလိုပါသည်။

Photo Source – https://bit.ly/2yRxIQf

ပထမဦးစွာ – “5G ကဘာလဲ”

ဦးစွာ 5G ကိုနားလည်နိုင်ရန် အရင်မျိုးဆက်များကိုသိရှိရန်လိုအပ်သည်။ မိုဘိုင်းနည်းပညာ၏ ပထမဆုံးမျိုးဆက်သည် Analog Cellular အမျိုးအစားဖြစ်ပြီး အချင်းချင်း အသံဖြင့်ဆက်သွယ်နိုင်ကာ ဖုန်းများကိုတစ်နေရာမှတစ်နေရာသို့ ရွေ့လျားသယ်ယူနိုင်ခြင်း စတင်ခဲ့သည်။ ထိုမှတစ်ဆင့် CDMA, GSM နှင့် TDMA တစ်နည်း 2G ဟုခေါ်ဆိုသော ယခုထိပင်အသုံးပြုနေသည့် short messaging layerစတင်ခဲ့ပြီး ပထမဆုံးသော ဒီဂျစ်တယ် cellularနည်းပညာအဖြစ်သို့ပြောင်းလဲခဲ့သည်။ထိုမှတစ်ဆင့် 3G နည်းပညာတွင် ပိုမိုမြန်ဆန်လာပြီးတ 200kps မှ Megabit အနည်းငယ် download ပြုလုပ်နိုင်နည်းပညာတစ်ခုသို့ပြောင်းလဲခဲ့ပြီး စမတ်ဖုန်းများအတွက်အရေးပါသော Network တစ်ခုဖြစ်လာခဲ့သည်။ ထိုမှတစ်ဆင့် အဆင့်ဆင့်ပြောင်းလဲလာခဲ့ရာ ယနေ့ခေတ်အသုံးပြုနေသော 4G LTE တို့သည် မီဂါဘိုက်ပေါင်းများစွာမှ ဂီဂါဘိုက်အဆင့်အထိ အမြန်နှန်းသို့တစ်ဟုန်ထိုးတက်လာခဲ့သည်။5Gတွင် Gသည် Generation of Wireless Technology ကိုကိုယ်စားပြုလေရာ 5G၏အဓိပ္ပာယ်မှာ Wireless Technology ၏ ၅ကြိမ်မြောက် မျိုးဆက်သစ်တစ်ခုဖြစ်ပြီး ယခင်Wireless Technology များထက်ပိုမိုမြန်ဆန်သော၊ပိုမိုချိတ်ဆက်သေချာရသော၊စမတ်ဖုန်းများနှင့် တစ်ခြားအီလက်ထရောနစ် စက်ပစ္စည်းများနှင့်ချိတ်ဆက်နိုင်သည့် အဆင်မြင့်ဆုံး technology တစ်ခုဖြစ်လေသည်။ ထိုအဆင်မြင့် technology သည်ကျွနု်ပ်တို့နေစဉ်ဘဝကို ပိုမိုသက်သာလွယ်ကူစေပြီး စီးပွားအနေဖြင့်လည်း လုပ်ငန်းဆောင်တာများကို မြန်ဆန်ထိရောက်စွာလုပ်ဆောင်နိုင်သောကြောင့် သတင်းအချက်အလက်များကို မြန်ဆန်တိကျစွာပို့ဆောင်နိုင်ပြီး အချိန်လူသက်သာစေကာ လူသားတို့စားသောက်နေထိုင်မှုကိစ္စအ၀၀ကို လွှမ်းမိုးလာနိုင်သော နည်းပညာတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့ ဖန်တီးရန်ပြင်းပြနေသော မောင်းသူမဲ့ကား၊ နည်းပညာတိုးတက်မှု၊ ပညာရေးတိုးတက်မှု အစရှိသည်တို့သည်လည်း 5G ပေါ်တွင်အခြေခံလေသည်။

Photo Source – https://bit.ly/2HhG48v

ဒုတိယအနေဖြင့် – “5G ဘယ်လိုအလုပ်လုပ်မလဲ”

အခြားသော Cellular Network များကဲ့သို့ 5Gသည်လဲ Cell sites များတည်ဆောက်ပြီး ပိုင်နက်နေရာခွဲခြားသတ်မှတ်ကာ ရေဒီယိုများမှတစ်ဆင့် ဒေတာများကိုပေးပို့မည်ဖြစ်သည်။ Cell site တစ်ခုချင်းစီတွင် ဝိုင်ယာကြိုးနှင်ဖြစ်စေ ဝိုင်ယာကြိုးမပါဘဲဖြစ်စေ ကျောထောက်နောက်ခံ network များနှင့်ချိတ်ဆက်ထားမည်ဖြစ်သည်။ 5G တွင် 4G LTE တို့တွင်အသုံးပြုသော OFDM encoding ကိုအသုံးပြုသွားမည်ဖြစ်ပြီး 5G connection တပ်ဆင်သည့်အခါတွင် အသုံးပြု၏လက်ခံပစ္စည်းသည် 4G network ကို ပင်မအချက်ပေးမှုအတွက်ချိတ်ဆက်ကာ ရှိရင်းစွဲ 4G ၏ အမြန်နှုန်းကို ပိုမိုမြန်ဆန်အောင်ပြုလုပ်နိုင်အောင် 5G network ၏အကူအညီဖြင့် ထပ်ဆင့်တုးိမြင့်သွားမည်ဖြစ်သည်။ 5G နှင့်မချိတ်ဆက်နိုင်သော နေရာများတွင် ယခင် 4G ကွန်ရက်နှင့် data များကို ပို့ဆောင်သွားမည်ဖြစ်သည်။ 5G network များသည် ယခင်4G network များနှင့် ဆက်စပ်တည်ဆောက်ထားပြီး တည်ဆောက်မှုအပိုင်းတွင် ပိုမိုသေးငယ်သော macro cells များကိုအသုံးပြုထားသည်။ 5G network ကိုတည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်မှာ ပိုမိုဝေးကွာသောနေရာများရောက်ရှိနိုင်ခြင်း နှင့် ပိုမိုမြန်ဆန်သော အမြန်နှုန်းများ ရရှိစေလိုခြင်းဖြစ်သဖြင့် ပိုမိုဝေးကွာနေရာများသိုရောက်ရှိနိုင်ရန် အခက်အခဲရှိသော mmWave များအစား macro cells များကိုအသုံးပြုခြင်းသည် 5G network အတွက်အရေးပါလေသည်။

တတိယအနေဖြင့် – “5G က ဘယ်လောက်မြန်ဆန်မှာလဲ”

5Gသည် ကြီးမားသော wireless technology တိုးတက်ပြောင်းလဲမှုကို ကိုယ်စားပြုသည်။ ပိုမိုကွာဝေးသောနေရာများကိုပင် ပိုမိုယုံကြည်စွာချိတ်ဆက်နိုင်မှုဖြင့်ဒေတာများကိုပေးပို့နိုင်မည်ဖြစ်သည်။ Network မြန်ဆန်မှုကို တိုင်းတာနိုင်ရန် အကောင်းဆုံးလုပ်ဆောင်ချက်မှာ Download အမြန်နှုန်းဖြင့် တိုင်းတာခြင်းဖြစ်သည်။ 4G ထက် အဆ၂၀ ပိုမိုမြန်ဆန်သော စနစ်ဖြင့် ဖြန့်ချီမှာဖြစ်သည်။

Photo Source – https://commons.wikimedia.org/wiki/File:5g.jpg

စတုတ္ထအနေဖြင့်- “5G ကိုဘယ်နေရာနဲ့ ဘယ်အချိန်တွေမှာအသုံးပြုနိုင်မလဲ”

ယခုလက်ရှိတွင် 5G မှာအခြေတကျမတည်ဆောက်ရသေးသော်လည်း အကြို 5G စနစ်ကိုမိတ်ဆက်ထားသော Telecom ကုမပ္ပဏီနှစ်ခုရှိသည်။ ထိုကုမ္ပဏီနှစ်ခုအနက် တစ်ခုဖြစ်သော AT&T သည် ဒီဇင်ဘာလ ၂၁ရက်နေ့တွင် မြို့ကြီး၁၂မြို့တွင် Netgear Nighthawk 5Gအမည်ရှိသော အင်တာနက် hotspot ဖြစ် 5G ကိုစတင်ခဲ့သည်။ Verizon သည် 5G Home အမည်ရှိ အတည်ကျ အိမ်သုံးအင်တာနက်ကိုစတင်နေပြီဖြစ်သည်။ 5G home သည် နေရာများကို ပိုမိုကျယ်ပြန့်စွာဖြန့်ကျက်နိုင်ပြီးလွယ်ကူစွာချိတ်ဆက်နိုင်သဖြင့် တစ်အိမ်ချင်းစီတွင် Fiber ကြိုးများတပ်ဆင်ပြီး လမ်းတိုင်းတွင်cell site များတည်ဆောက်ရန်မလိုတော့ဘဲ ဝယ်ယူသာများအား ကြိုးမဲ့တပ်ဆင်ခြင်းကိုပြုလုပ်နိုင်ပေမည်။