Foodie တွေအတွက် မြန်မာနိုင်ငံတွင်း အကောင်းဆုံး အစားအသောက်ရှာဖွေမှာယူနိုင်သည့် Application များ
Image: Grab
Grab – Taxi & Food Delivery
Grab ကိုတော့ တော်တော်များများသိကြမယ်လို့ထင်ပါတယ်။ အရှေ့တောင်အာရှတွင်း နေ့စဉ်အသုံးပြုသူပေါင်း ၆၇၀ မီလီယံကျော်နဲ့ လည်ပတ်နေတဲ့ လုပ်ငန်းတစ်ခုလို့ပြောရင်လည်း မမှားပါဘူး။ Taxi ဝန်ဆောင်မှု၊ ကားဝန်ဆောင်မှုတွေကနေ အစားအသောက်ဝန်ဆောင်မှု Grab Food ကိုပါတဖြည်းဖြည်း ဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ Grab Food ကတစ်ဆင့် အစားအသောက်တွေကို ကိုယ့်ရှိနေတဲ့နေရာအရောက် မှာယူစားသောက်နိုင်နေပြီပဲ ဖြစ်ပါတယ်။
Grab Application ကို Google Play Store နဲ့ App Store ကတစ်ဆင့် Download ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်တွေအတွက်လည်း Grab Facebook Page နဲ့ www.grab.com/mm/မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
Image: WOWme
WOWme
သူငယ်ချင်းတွေနဲ့ ဆုံကြဖို့ဆိုင်ရွေးရခက်နေတဲ့သူတွေအတွက် နာမည်ကြီး Restaurants တွေ Bar တွေစုံလင်ပြီး ကိုယ်ကြိုက်တဲ့ အစားအသောက်နဲ့ ဆိုင်တွေကို WOWme App ကတစ်ဆင့် ရှာဖွေနိုင်ပါပြီ။ စုံလင်တဲ့ ဆိုင်အမျိုးအစားနဲ့ Promotion တွေလည်း မျိုးစုံပေးနေတဲ့ Application တစ်ခု ဖြစ်ပါတယ်။
Application ကို Android အသုံးပြုလိုသူတွေအတွက် Google Play Store နဲ့ iOS အသုံးပြုသူတွေအနေနဲ့ App Store ကနေ ရယူနိုင်သလို အသေးစိတ်အချက်အလက်တွေအတွက်လည်း WOWme Facebook Page မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
Image: Easy Food
Easy Food
အပြင်ထွက်စရာမလိုဘဲ အိမ်တိုင်ရာရောက်လာပို့ပေးမယ့် အစားအသောက်ဝန်ဆောင်မှု Application နောက် တစ်ခု ကတော့ Easy Food ဖြစ်ပါတယ်။ အစားသောက်နဲ့ သောက်စရာမျိုးစုံကို ဆိုင်ပေါင်းများစွာကနေ ရွေးချယ်မှာ ယူနိုင်မယ့်အပြင် Promotion တွေလည်းရရှိနိုင်မယ့် Application တစ်ခု ဖြစ်ပါတယ်။
Easy Food Application ကို Google Play Store နဲ့ App Store Platform တွေပေါ်မှာ Download ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ထပ်မံသိရှိလိုတဲ့အချက်အလက်တွေအတွက်လည်း Easy Food Facebook Page မှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။
Image: foodpanda
foodpanda
ဒီနေ့ခေတ်လူငယ်တိုင်းရဲ့ ဖုန်းထဲမှာရှိတဲ့ Application တွေထဲမှာ Grab လဲပါသလို foodpanda ကိုလည်း မေ့ထားလို့မရပါဘူး။ ဆိုင်ပေါင်းများစွာထဲက စိတ်ကြိုက်ရွေးချယ်ပြီး Promotion များစွာနဲ့ ကိုယ်စားချင် တာတွေကို မှာယူစားသောက်နိုင်မယ့် Application တစ်ခု ဖြစ်ပါတယ်။ ဆိုင်ပေါင်းများစွာကို တစ်နေရာတည်းမှာ ချိတ်ဆက်ပေးထားတဲ့အတွက် အသုံးပြုသူတွေအတွက်လည်း ရွေးချယ်ရတာပိုပြီး စုံလင်တဲ့ App တစ်ခု ဖြစ်ပါတယ်။
foodpanda ကို Google Play Store နဲ့ App Store ကတစ်ဆင့် Download ပြုလုပ်နိုင်သလို အသေးစိတ် အချက်အလက်တွေအတွက်လည်း foodpanda Facebook Page မှာ ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။