စီးပွားရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာဖြင့်ဆက်လက်လည်ပတ်နိုင်စေရန် Viber ၏လုပ်ဆောင်ချက်များအကြောင်း

အသေးစားလုပ်ငန်းအများစုက လုပ်ငန်းတွင်း အပြောင်းအလဲတွေ လုပ်ဆောင်နေရတဲ့ အနေအထားမှာ ရှိနေပါတယ်။ အချို့သောလုပ်ငန်းတွေအနေနဲ့ အွန်လိုင်းကတဆင့် လုပ်ဆောင်တဲ့ပုံစံ၊ လုပ်ဆောင်တဲ့နည်းလမ်း စတာတွေကို ပြောင်းလဲပြီး ဆက်လက်တောင့်ခံနိုင် လျက်ရှိကြတာကိုလည်း တွေ့မြင်ရပါတယ်။ စီးပွားရေးလုပ်ငန်းတွေရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကို မြှင့်တင်ပေးပြီး အကောင်းမွန်ဆုံး ဆက်လက်လည်ပတ်နိုင်စေဖို့အတွက် Viber အနေနဲ့ အောက်ဖော်ပြပါလုပ်ဆောင်ချက်တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။
Chatbots: COVID-19 တတိယလှိုင်းရဲ့ ကူးစက်ပြန့်နှံ့မှုက မြန်ဆန်ပြီးပြင်းထန်တဲ့အတွက်ကြောင့် အများစုက အတတ်နိုင်ဆုံး နေအိမ်မှာသာနေကြရပါတယ်။ ဒါကြောင့်လည်း Viber အနေနဲ့ အခုမှစတင်တဲ့ စီးပွားရေးလုပ်ငန်းတွေ၊ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေ၊ ကုမ္ပဏီကြီးတွေ ဘေးကင်းစွာနဲ့ တစ်ခုနဲ့တစ်ခု ဆက်သွယ်ပြောဆိုနိုင်ဖို့၊ ဆက်လက်လည်ပတ်နိုင်စေဖို့အတွက် Chatbot ဆိုတဲ့ လုပ်ဆောင်ချက်ကို ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ နည်းပညာတွေ အဆက်မပြတ် တိုးတက်ပြောင်းလဲနေတဲ့အလျောက် ဒီ Chatbot လုပ်ဆောင်ချက်ကလည်း နည်းပညာအကူအညီနဲ့ လုပ်ငန်းတွေ အဆင်ပြေချောမွေ့စေဖို့ တစ်ထောင့်တစ်နေရာကနေ ကူညီပေးနိုင်ပါတယ်။ Chatbot တွေက ဝယ်ယူအားပေးသူတွေ လွယ်ကူအဆင်ပြေစွာ ဝယ်ယူအားပေးနိုင်ဖို့၊ လုပ်ငန်းနဲ့ ဝယ်ယူအားပေးသူတွေကြားမှာ နှစ်ဦးနှစ်ဖက် အဆင်ပြေစေဖို့ ဆောင်ရွက်ပေးနိုင်မယ့် ကြားခံနယ်တစ်ခုဖြစ်ပြီး ဝယ်ယူသူအတွေ့အကြုံ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်တာဖြစ်လို့ လုပ်ငန်း တိုးတက်အောင်မြင်ဖို့ အထောက်အကူတစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။

Photo Source thantsettun@mangomyanmargroup.com

Communities: Viber Communities ကတော့ Stay at home ကာလမှာ အသုံးဝင်ဆုံး လုပ်ဆောင်ချက်တစ်ခုလို့တောင် ပြောလို့ရပါတယ်။ မြန်မာနိုင်ငံရဲ့ Viber အသုံးပြုသူတွေက Viber Communities ကို အသုံးပြုပြီးတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ အုပ်စုတွေနဲ့ အဆင်ပြေစွာ ဆက်လက်ချိတ်ဆက်နိုင်နေကြတာကိုလည်း တွေ့ရပါတယ်။ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ၊ ဘဏ်တွေ၊ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတွေ၊ အွန်လိုင်း စီးပွားရေးလုပ်ငန်းတွေ၊ မိုဘိုင်းဖုန်းလုပ်ငန်းတွေ၊ လက်လီလုပ်ငန်းတွေ၊ အလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းတွေနဲ့ အခြားသော စီးပွားရေးလုပ်ငန်းတွေက ဒီ Chatbot လုပ်ဆောင်ချက်ရဲ့ အကူအညီနဲ့ ဝယ်ယူအားပေးသူတွေနဲ့ အဆင်ပြေစွာ ချိတ်ဆက်နိုင်ခဲ့ကြပါတယ်။ NGO တွေ၊ လူမှုဖူလုံရေးနဲ့ ကယ်ဆယ်ရေးအသင်းတွေကလဲ Viber Communities တွေကနေတဆင့် ဝေးလံခေါင်ခိုက်တဲ့နယ်မြေတွေအတွက် ဆေးဝါးနဲ့ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေကို ထောက်ပံ့ ပေးနိုင်ခဲ့ပါတယ်။
Default end to end encryption
Viber ရဲ့ ဒီအဆင့်မြင့် လုပ်ဆောင်ချက်ကတော့ အသုံးပြုသူတွေရဲ့ စာတိုပေးပို့မှုတွေကို Viber ရဲ့ ဆာဗာတွေထဲ မသိမ်းထားအောင် ပြုလုပ်ပေးတဲ့ လုပ်ဆောင်ချက်ပဲ ဖြစ်ပါတယ်။ စာတိုပေးပို့သူကလွဲပြီး အခြားသောသူတွေ၊ အဖွဲ့အစည်းတွေက စာတိုတွေကို မရရှိနိုင်အောင် encryption နည်းပညာနဲ့ လုံခြုံအောင်ပြုလုပ်ပေးတာပဲ ဖြစ်ပါတယ်။

Photo Source thantsettun@mangomyanmargroup.com

Disappearing Messages
ဒီလုပ်ဆောင်ချက်ကတော့ မိမိပေးပို့လိုက်တဲ့ စာတိုကို အချိန်အတိုင်းအတာတစ်ခု သတ်မှတ်ပြီး အစအနမကျန်အောင် အလိုအလျောက် ဖျက်ပေးတဲ့ လုပ်ဆောင်ချက်ပဲ ဖြစ်ပါတယ်။
Hidden Chats နဲ့ Pinned Message
အရေးကြီးတဲ့ ပြောဆိုဆက်သွယ်မှုတွေကို ထိပ်ဆုံးကို ပို့ထားဖို့၊ အများမမြင်စေလိုတဲ့ ပြောဆိုဆက်သွယ်မှုတွေကို ဖျောက်ဖျက်ထားနိုင်ဖို့အတွက် အသုံးဝင်တဲ့ လုပ်ဆောင်ချက်တစ်ခုပါ။
Edit and Delete Messages for All
မှားယွင်းပြီး ပို့မိတဲ့ ဒါမှမဟုတ် မပို့ချင်တော့တဲ့ message တစ်ခုကို ပို့လိုက်မိပြီဆိုရင် ပြန်ပြင်နိုင်ဖို့၊ ဖျက်နိုင်ဖို့ ဆောင်ရွက်ပေးထားတဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။ တစ်ဖက်သူက ကြည့်ရှုပြီးဖြစ်ရင်တောင် ကိုယ်ပြင်ချင် ဖျက်ချင်တဲ့ message ကို အချိန်တစ်ခုကြာအောင် ဖိနှိပ်ထားပြီး ဆက်လက်လုပ်ဆောင်နိုင်ပါတယ်။
Pin Verification
မိမိအကောင့် လုံခြုံစိတ်ချရမှုရှိစေဖို့အတွက် Pin နံပါတ်နဲ့ရော၊ verification နဲ့ပါ နှစ်ထပ် လုံခြုံရေးအဆင့်မြှင့်တင်နိုင်ပါတယ်။ အဆိုပါလုပ်ဆောင်ချက်ကို Viber အက်ပလီကေးရှင်းကို ကွန်ပျူတာမှာ ဝင်ရောက်တဲ့အခါ အသုံးပြုရခြင်းဖြစ်ပါတယ်။
Rakuten Viber က အခုလို ခက်ခဲနေတဲ့အချိန်မှာ စီးပွားရေးလုပ်ငန်းတွေ အဆင်ပြေစွာဆက်လက် လည်ပတ်နိုင်စေဖို့ ပြည်သူတွေအမှန်တကယ်အသုံးဝင်မယ့် လုပ်ဆောင်ချက်တွေကို ထည့်သွင်းပေးနေတာပဲ ဖြစ်ပါတယ်။