Foodie လေးများအတွက် အစားအသောက်ရှာပုံတော် Yathar application

စနေတနင်္ဂနွေ အားလပ်ရက်တွေမှာ သူငယ်ချင်းတွေနဲ့ အပြင်သွားစားမလို့ နေရာရွေးမရဖြစ်နေတက်လား။ ကိုယ်စားချင်တဲ့ အစားအသောက်တွေကို ဘယ်နေရာမှာအကောင်းဆုံးရနိုင်မလဲဆိုတာသိချင်လား။ကိုယ်တိုင်မစားကြည့်ဘဲ စားကောင်းတာကိုဘယ်လိုသိနိုင်မလဲ။ အသစ်ဖွင့်ထားတဲ့ ဆိုင်တွေကိုရှာဖွေပြီး ပထမဆုံးအားပေးတဲ့ Customer တစ်ယောက်ဖြစ်ချင်လား။ ဒီလိုဆိုရင်တော့ အစားအသောက်ကြိုက်နှစ်သက်တဲ့ Foodie လေးတွေအတွက် အစားအသောက်တွေကူရှာပေးမယ့် ရှာပုံတော်မင်းသားကြီး Yathar application က ကူညီရှာသွားပေးမှာပါ။

လူငယ်တွေအများစုဟာ ပြောင်းလဲလာတဲ့လူနေမှုပုံစံအရ အဖွဲ့လိုက် ပိတ်ရက်များမှာ စားသောက်ဆိုင်သွားတာပဲဖြစ်ဖြစ် ကော်ဖီဆိုင်ထိုင်တာပဲဖြစ်ဖြစ် ပြုလုပ်လိုပြီး အားလပ်ရက်ကို အေးသက်စွာအချိန်ကုန်လိုကြပါတယ်။ နောက်ပိုင်းအထူးသဖြင့် ရနု်ကုန်မှာ စားသောက်ဆိုင်တွေပိုမိုများပြားလားပြီး ရွေးချယ်စရာလဲပိုမိုများပြားလာပါတယ်။ အသစ်နေရာကိုလဲ ခံစားမှုအသစ်ရအောင်သွားချင်တယ် facebook တို့မှာလဲ တစ်ခုချင်းစီလိုက်မရှာချင်ဘူးဆိုရင်တော့ စားသောက်ဆိုင်အားလုံးကိုတစ်နေရာထဲစုဝေးပြီး Yathat applicationလေးမှာရှာဖွေနိုင်ပါတယ်။

Photo Source- Screenshot by Myanmar Tech Press

Yathar applicationလေးဟာနာမည်နဲ့လိုက်အောင် မြန်မာနိုင်ငံတစ်ဝှမ်း အရသာရှိတဲ့စားသောက်ဆိုင်တွေကို မြို့ကြီးများအလိုက် လိပ်စာနှင့်တကွ ရှာဖွေနိုင်တဲ့ application တစ်ခုပဲဖြစ်ပါတယ်။ ထူးခြားချက်က ရန်ကုန်၊ မန္တလေး မြို့ကြီးသာမကတနင်္သာရီ။ မွန်၊ မကွေး၊ နေပြည်တော်၊ ဧရာဝတီ၊ ပဲခူး၊ ရခိုင်၊ ရှမ်း၊ ကချင်၊ စစ်ကိုင်း၊ ကယား၊ ကရင်၊ ချင်း အစရှိတဲ့ တိုင်းဒေသကြီး ပြည်နယ်တွေမှာရှိတဲ့ စားသောက်ဆိုင်များကိုပါ ပါဝင်ထည့်သွင်းပေးထားတာမို့ အနယ်နယ်အရပ်ရပ်ကကအစားအသောက်ကြိုက်နှစ်သက်သူများ သုံးစွဲနိုင်သည့်အပြင် မြန်မာနိုင်ငံအတွင်း ခရီးသွားရင်လဲ အသုံးဝင်ပါတယ်။ တိုင်းဒေသကြီးအလိုက် မြို့အသီးသီးမှာရှိတဲ့ ဆိုင်တွေကိုဖော်ပြထားကာ ရန်ကုန်မှာဆိုရင်တော့ အရှေ့၊အနောက်၊တောင်၊မြောက် ခရိုင်ကိုမူတည်ပြီးခွဲခြားပေးထားတာကြောင့် အိမ်နဲ့အနီးဆုံး၊ ရောက်နေတဲ့အရပ်နဲ့အနီးဆုံးကို ရွေးချယ်သေးနိုင်တာမို့ လမ်းပိတ်ပြီး ကထိကထဖြစ်မှာကိုလဲမစိုးရိမ်ရတော့ပါဘူး။ စားသောက်ဆိုင်ရာများကို ဖော်ပြတဲ့နေရာမှာ စားသောက်ဆိုင်လိပ်စာအတိအကျ၊ ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ် သာမက မြေပုံပေါ်မှာအတိအကျလမ်းညွန်ပေးတာမို့ လမ်းမသိတဲ့သူတွေလဲ သွားရလွယ်ကူစေပါတယ်။စားသောက်ဆိုင်မှာရှိတဲ့ စားပွဲအရေအတွက် ခုံအရေအတွက်ကစပြီး တိတိကျကျဖော်ပြထားပါတယ်။ ဒါ့အပြင် သုံးစွဲသူများမှ စားသောက်ဆိုင်များကို အမှတ်ပေးအကဲဖြတ်ချင်းများပြုလုပ်နိုင်တာမို့ အစားအသောက်ကြိုက်နှစ်သက်သူအချင်းအချင်း လက်ဆင့်ကမ်းမျှဝေနိုင်ပြီး စားသောက်ဆိုင်ဦးစီသူများကို အကြံပေးခြင်းများပြုလုပ်နိုင်ပါတယ်။ အမှတ်ပေးတဲ့နေရာမှာ အရသာ ဝန်ဆောင်မှု ကုန်ကျစရိတ်ကို ခွဲပြီးပေးနိုင်တာမို့ ပိုတိကျတဲ့ရလဒ်တွေကိုသိရှိစေနိုင်ပါတယ်။ လိပ်စာနဲ့နာမည်ကိုသာသိပြီး သွားရောက်ရခြင်းမဟုတ်ဘဲ စားသောက်ဆိုင်မှာရရှိတဲ့ မီနူးခေါ် ဟင်းဖွယ်ရာများကို ဈေးနှင့်တကွ ကြိုသိရှိနိုင်သေးတာမို့ budget နဲ့တွက်ချက်ပြီး ရွေးချယ်ရအဆင်ပြေစေပါတယ်။စားသောက်ဆိုင်ကိုလမ်းညွန်တဲ့နေရာမှာ တည်နေရာကိုသာတင်မကဘဲ မိမိစားချင်တဲ့အစားအသောက်ကိုမူတည်ပြီး လမ်းညွန်မှုကိုလဲပြုလုပ်ပေးပါတယ်။ အာရှအစားအစာ၊ တရုတ်စာ၊ အနောက်တိုင်းဥရောပစာ၊ အိန္ဒိယအစားအစာ၊ ဂျပန်စာ၊ အချိုပွဲ ကော်ဖီဆိုင်အစရှိသဖြင့် မိမိကြိုက်နှစ်သက်ရာ အစားအသောက်အမျိုးအစားကိုရွေးချယ်ပြီး စားသောက်ဆိုင်ကိုရှာဖွေနိုင်ပါတယ်။

 

Photo Source- Screenshot by Myanmar Tech Press

ဒါ့အပြင် food enthusiast များအသစ်ဖွင့်စားသောက်ဆိုင်များကို ဦးဆုံးအကြိမ်သွားရောက်မြည်းစမ်းလိုသူများအတွက်လဲ အသစ်ဖွင့်စားသောက်ဆိုင်များကို လမ်းညွန်ပေးမယ့် New Resturants ကဏ္ဍလဲရှိပါသေးတယ်။ဘိုကင်တွေလဲ ကြိုလုပ်လို့ရတာမို့ တကယ်တမ်းသွားရောက်တဲ့အခါနေရာမရမှာတို့စိတ်မပူရဘဲ အရမ်းကြီးတဲ့ ပွဲအခမ်းအနားတွေကိုကြိုတင်ပြင်ဆင်လို့ရပြီး စိတ်အေးချမ်းသာစွာနဲ့ ဆောင်ရွက်နိုင်ပါတယ်။ ဘိုကင်ပြုလုပ်လိုပါက မိမိပြုလုပ်လိုတဲ့ စားသောက်ဆိုင်ကိုရွေးကာ နာမည်၊ အီးမေးလ်၊ ဖုန်းနံပါတ်၊ ရက်၊ အချိန်၊ တက်ရောက်မယ့်လူဦးရေတို့ကိုဖြည့်စွက်ပြီး ပြုလုပ်နိုင်ပါတယ်။ အပိုမှာကြားချက်များကိုပြုလုပ်လိုပါကလဲ Commentနေရာမှာ ချန်ထားခဲ့လို့ရပါသေးတယ်။

Photo Source- Screenshot by Myanmar Tech Press

ဒါတင်ပဲလား။ မဟုတ်သေးပါဘူး ပမိုးရှင်းမှကြိုက်နှစ်သက်သူ ဒစ်စကောင့်များရယူလိုသူများအတွက်လဲ Precious Couponsဆိုတဲ့ကဏ္ဍလေးလဲရှိပါသေးတယ်။ အစားအသောက်ချစ်သူများကို လျှော့ဈေးများနဲ့ စားသုံးနိုင်ရေးအတွက် စားသောက်ဆိုင်များက Couponလေးတွေ ပေးထားတာမို့ သွားရောက်စားသုံးတဲအ့ခါ သူမတူတဲ့လျှော့ဈေးတွေကိုရရှိဦးမှာနော်။ အစားအသောက်ချစ်သူများတန်လဲတန် အရသာလဲရှိတာလဲစားရ တစ်ချက်ခုတ်နှစ်ချက်ပြတ် အခွင့်အရေးကိုရရှိမှာပါ။ အစားအသောက်ကိုကြိုက်နှစ်သက်ရုံသာမက ဓာတ်ပုံရိုက်ဝါသနာပါသူများ ဖို့လဲ Food Blogging ပြုလုပ်လို့ရပါသေးတယ်။ အစားအသောက်လေးတွေကို ဓာတ်ပုံလှလှလေးရိုက်ပြီး Hashtag များနဲ့တင်ကာ Review ပြုလုပ်လို့ရတာမို့ အစားအသောက်ကြိုက်နှစ်သက်သူများအချင်းချင်း စုဝေးတဲ့နေရာ ပတ်ဝန်းကျင်လေးတစ်ခုထဲမှာ အကြံပေး commentရေးပြီး ခင်မင်ရင်းနှီးမှုများလဲရယူနိုင်ပါသေးတယ်။ ဒါကြောင့်လာမယ့် ရုံးပိတ်ရက်စပြီး ဘယ်ဆိုင်ကိုသွားမယ် ဘာစားမယ်ကိုစတင်ရွေးချယ်နိုင်ပြီမို့ အခုပဲDownload ရယူနိုင်ပြီ။ Apple Store ကော Google Playstore မှာကောရရှိနိုင်ပြီဖြစ်ပါတယ်။

Download Link – https://s.yathar.com/apps