ကလေးတွေအကြိုက်တွေ့မယ့် ကဗျာနဲ့ကျောင်းသီချင်း Mobile App

Image Source : https://play.google.com/store/apps

မူလတန်းအရွယ် ကလေးငယ်တွေအတွက် ရည်ရွယ်ပြီးဖန်တီးထားတဲ့ မိုဘိုင်းအပလီကေးရှင်းလေးပါ။ ကလေးငယ်တွေအဖို့  မြန်မာ့ကျောင်းသီချင်းတွေနဲ့ ကဗျာတွေကို မှတ်ရလွယ်ကူစေမှာပါ။ ကလေးတွေဆိုတော့  မြန်မာ့ကျောင်းသီချင်းတွေကို ကျောင်းမှာဆရာမက တစ်ခါ၊နှစ်ခါ တိုင်ပေးရုံနဲ့ အလွတ်ရဖို့သိပ်တော့မလွယ်ပါဘူး။ နောက်ပြီး မဖြစ်မနေ အလွတ်ကျက်ရမယ့် သင်ခန်းစာထဲက ကဗျာတွေကိုလည်း တကူးတကကြီး စာကျက်သလို ကျက်နေစရာမလိုတော့ပါဘူး။

Myanmar School Songs ဆိုတဲ့ ဒီမိုဘိုင်းလ်အပလီကေးရှင်းလေးထဲမှာ မြန်မာ့ကျောင်းသီချင်း (၅၁)ပုဒ်နဲ့ မူလတန်းသင်ရိုးတွေထဲက ကဗျာ (၂၉)ပုဒ် ပါ၀င်ပါတယ်။ ကလေးတွေအနေနဲ့ အိမ်မှာအနားယူချိန်တွေမှာ နားထောင်ရုံနဲ့ အလွတ်ရသွားပါလိမ့်မယ်။ ဒီကဗျာတွေ၊ သီချင်းတွေကို အလွတ်ကျက်နေရမယ့်အစား သီချင်းနားထောင်သလိုမျိုးနဲ့ အလွတ်ရသွားမှာဆိုတော့ သူတို့ကိုယ်တိုင်လည်း သဘောကျကြပါလိမ့်မယ်။

ဒီအပလီကေးရှင်းလေးက ပြီးခဲ့တဲ့မေလ(၁၇)ရက်ကမှ စထွက်တာပါ။ Version: 1.0 ပဲရှိပါသေးတယ်။ အပလီကေးရှင်းထဲမှာ သီချင်းတွေနဲ့ ကဗျာတွေက တစ်ခါတည်းပါပြီးသားဆိုတော့ ဖိုင်ဆိုဒ်က နည်းနည်းတော့ကြီးပါတယ်။ 48.68 MB ပါ။ အင်တာနက်ဖွင့်ပြီး သီချင်းတွေ Download ဆွဲနေစရာတော့ မလိုတာ့ပါဘူး။ ဒီမှာ ၀င်ပြီး Download ယူလိုက်ပါ။