ဝေးလံဒေသမှပြည်သူများအတွက် ကျန်းမာရေးအထောက်အကူပြုစေမယ့် Telenor ရဲ့ “Mate” မိုဘိုင်းလ် အပလီကေးရှင်း

Image Source : https://play.google.com/store/apps

မြန်မာနိုင်ငံလူဦးရေရဲ့ (၇၀) ရာခိုင်နှန်းဟာ ကျေးလက်နဲ့ တောင်တန်းဒေသနေ ပြည်သူတွေဖြစ်ကြပါတယ်။ ဒီလိုဝေးလံဒေသတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေရဲ့ လူနေမှုအဆင့်အတန်းတွေဟာ ခေတ်နောက်ကျမှုဆိုတာတဲ့အညီ အဘက်ဘက်က လိုအပ်ချက်တွေများစွာရှိလို့နေပါတယ်။

မြို့ပြနဲ့ သွားလာဆက်သွယ်ရေး မလွယ်ကူတာက အဓိကပြသနာဖြစ်ပြီး ဒီအချက်ကြောင့်ပဲ သူတို့တွေရဲ့ စီးပွါးရေး၊ ပညာရေး၊ ကျန်းမာရေး နဲ့ အခြားလူမှုဆက်ဆံရေးတွေမှာပါ များစွာချို့တဲ့နေကြပါတယ်။ ဒီလိုအဘက်ဘက်ကချို့တဲ့နေတဲ့ လူ့အသိုင်းအဝိုင်းအတွက် ရေးအကြီးဆုံးနဲ့ အခြေခံအကျဆုံး လိုအပ်ချက်တစ်ခုကတော့ ကျန်းမာရေးနဲ့ဆိုင်တဲ့ အသိပညာဗဟုသုတတွေပဲဖြစ်ပါတယ်။ အခြေခံကျန်းမာရေးဗဟုသုတတွေ ချို့တဲ့မှုကြောင့် မြို့ပြနဲ့ဝေးလံပြီး သွားလာရခက်ခဲတဲ့ ဒေသတွေမှာ ဘာမဟုတ်တဲ့ ရောဂါအခြေအနေတွေကနေ အသက်ဆုံးရှံးမှုတွေ များစွာရှိခဲ့ပါတယ်။ အထူးသဖြင့် ကလေးငယ်တွေနဲ့ ကိုယ်၀န်ဆောင်အမျိုးသမီးတွေပဲဖြစ်ပါတယ်။

ဒီလိုဒေသတွေမှာနေထိုင်ကြတဲ့ လူတစ်ယောက်ချင်းစီအတွက်လိုအပ်တဲ့ ကျန်းမာရေးဆိုင်ရာ အခြေခံဗဟုသုတတွေ မျှ ဝေပေးဖို့ဆိုရင် နိုင်ငံတော်အစိုးရလက်အောက်မှာရှိတဲ့ ကျန်းမာရေးဌာန၊ စီးပွါးရေးလုပ်ငန်းရှင်များရဲ့ထောက်ပံ့မှုနဲ့အတူ ကွင်းဆင်းပါ၀င်ပေးမယ့် လူမှုအဖွဲ့အစည်းများ၊ လူအားငွေအားများစွာ လိုအပ်ပါလိမ့်မယ်။ ဒီလိုကွင်းဆင်းပြီး အသိပညာဗဟုသုတတွေ မျှ ဝေပေးမယ်ဆိုပြန်တော့လည်း အခက်အခဲလေးတော့ အနည်းငယ်ရှိနေပါဦးမယ်။ ဒါကဘာလဲဆိုတော့ တကူးတက အချိန်တစ်ခုအနေနဲ့ဖဲ့ပေးရမယ့် ဒေသခံလူထုပဲဖြစ်ပါတယ်။ အစည်းအ ဝေးပွဲ၊ ဟောပြောပွဲ သွားဖို့ဆိုတာကလည်း လူတိုင်းအတွက် နည်းနည်းတော့ အလုပ်ရှုပ်ရပါတယ်။

ဒါပေမယ့် အခုအခါတော့ ဒီလိုအလုပ်ရှုပ်တဲ့ပြသနာတွေလုံး၀မရှိဘဲ ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ အသိပညာဗဟုသုတတွေ တစ်ထိုင်တည်းနဲ့ အလွယ်တကူရရှိနိုင်ဖို့အတွက် Telenor Myanmar က ကူညီပေးလိုက်ပါပြီ။ Telenor Myanmar နှင့် မာရီစတုပ်စ်-မြန်မာတို့ ပူးပေါင်းဖန်တီးလိုက်တဲ့ Mate မိုဘိုင်းလ် အပလီကေးရှင်းလေးပဲ ဖြစ်ပါတယ်။

ဒီအပလီကေးရှင်းလေးဟာ ဝေးလံဒေသကပြည်သူတွေရဲ့ ကျန်းမာရေးဆိုင်ရာ အခြေခံအသိပညာ ဗဟုသုတတွေကို ဖွံ့ဖြိုးတိုးတက်စေဖို့နဲ့  အဓိကရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။ အမျိုးသမီးများ၊ ကလေးငယ်များနှင့် ကိုယ်၀န်ဆောင်မိခင်တွေမှာ အဖြစ်များတဲ့ ရောကာလက္ခဏာများ၊ လိင်မှကူးစက်တတ်တဲ့ ရောကာတွေနဲ့ သားဆက်ခြားခြင်းဆိုင်ရာ အသိပညာများ အပါအ၀င် လူတစ်ယောက်အနေနဲ့ သိသင့်သိထိုင်တဲ့ တစ်ကိုယ်ရေ ကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတတွေကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ အိမ်ထောင်ရှင်အမျိုးသမီးတွေအတွက် အလွန်အရေးပါတဲ့ သားဆက်ခြားနည်း အသိပညာတွေလည်း ပါ၀င်သည်။ ဒါအပြင် ကျန်းမာရေးဆိုင်ရာ အကြံဉာဏ်တွေ တိုက်ရိုက်တောင်းဆိုနိုင်မယ့် ဒေသအလိုက် အရေးပေါ်ဖုန်းနံပါတ်တွေလည်း ပါ၀င်ပါတယ်။ ကျေးလက်နဲ့ တောင်တန်းဒေသနေ ပြည်သူတွေအဖို့တော့ အားလပ်ချိန်၊ အနားယူချိန်တွေမှာ လက်ကိုင်စမတ်ဖုန်းလေးကနေ အင်တာနက်လိုင်းဖွင့်ပြီး မိမိနဲ့ မိသားစုအတွက် ကျန်းမာရေးအသိပညာတွေ အလွယ်တကူ လေ့လာမှတ်သားနိုင်ပါပြီ။ ဆက်လက်ပြီးအသေးစိပ်သိရှိလိုပါက  ဒီလင့်ခ် ထဲသို့၀င်ရောက်လေ့လာကြည့်ကြပါလို့ လမ်းညွန်ပေးလိုက်ပါရစေ။