Euromoney မှချီးမြှင့်သော ၂၀၂၀ ခုနှစ်၏ မြန်မာ့အကောင်းဆုံးဘဏ်ဆုအား uab bank မှ ထပ်မံ ဆွတ်ခူးရရှိ

Euromoney မှ နှစ်စဉ် ကျင်းပသော ဂုဏ်သိက္ခာကြီးမားသည့် Euromoney Awards for Excellence 2020 ၌ uab bank သည် မြန်မာ့အကောင်းဆုံးဘဏ်ဆု အား ထပ်မံ ဆွတ်ခူးရရှိခဲ့ပါသည်။ ၂၀၁၉ ခုနှစ်၏ မြန်မာ့အကောင်းဆုံးဘဏ် အဖြစ် Euromoney မှ ရွေးချယ် ချီးမြှင့်ခြင်းခံခဲ့ရသော uab bank သည် ၂၀၂၀ ခုနှစ် တွင်လည်း ဒုတိယ အကြိမ်မြောက် ထပ်မံရရှိ ခဲ့ကြောင်းသိရသည်။
The Euromoney Awards for Excellence သည် တစ်ကမ္ဘာလုံးရှိ ထူးချွန်သည့် ဘဏ်များအား ဖော်ထုတ် အသိအမှတ်ပြု ပေးနေသည့် နှစ်ပတ်လည် အခမ်းအနားကြီးတစ်ခု ဖြစ်ပါသည်။ ၎င်းတို့၏ သက်ဆိုင်သည့် လုပ်ငန်း ကဏ္ဍအသီးသီးတွင် အရှိန်အဟုန်ဖြင့် ထိုးဖောက်နိုင်မှု၊ ဆန်းသစ်တီထွင်နိုင်မှုနှင့် ခေါင်းဆောင်မှု စွမ်းဆောင်ရည်တို့ကို ထူးချွန်ပြောင်မြောက်စွာ ဖော်ဆောင်နိုင်သော အဖွဲ့အစည်းများနှင့် တစ်ဦးတစ်ယောက်ခြင်းစီတိုင်းကို အသိအမှတ်ပြု ရွေးချယ် ချီးမြှောက်ပေး နေသော ဆုတံဆိပ်တစ်ခုလည်းဖြစ်သည်။
၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် အသားတင်အမြတ်ရငွေမှာ ယမန်နှစ်ထက် နှစ်ဆမြင့်တက်ခဲ့ပြီး စုစုပေါင်းဝင်ငွေ ၃၅%၊ deposits အပ်ငွေ ၁၀.၈%၊ bank’s loan book မှာလည်း ၁၂.၈%အထိ မြင့်တက်လာခဲ့သည့် အတွက် အမြတ်ငွေ မြန်မာကျပ် ၁၃.၆ ဘီလီယံ (USD ၁၀ မီလီယံခန့်) အထိစံချိန်တင် ရရှိခဲ့ပါသည်။ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့ နှစ်ကုန်စာရင်း ပိတ်ချိန်တွင် return on equity (ROE) နှင့် ပိုင်ဆိုင်မှု သည် ၁၈.၅% နှင့် ၁.၂% သို့ အသီးသီး ခုန်တက်သွားခဲ့ပါသည်။ ယမန်နှစ်က uab bank ၏ capital adequacy ratio သည် ၇.၉% မှ ၉% အထိ တိုးတက်ခဲ့ပြီး လုပ်ငန်းကဏ္ဍ၏ အမြင့်ဆုံးထဲတွင် ဆက်လက်ရပ်တည်ခဲ့ပါသည်။

Photo Source https://www.uab.com.mm/

ဖေဖော်ဝါရီလ၊ ၂၀၂၀ ခုနှစ်တွင် ယူအေဘီဘဏ်သည် တီထွင်ဆန်းသစ်မှုများကို မြှင့်တင်ပေးနိုင်သော open workspace လုပ်ငန်းခွင်နှင့် ထည်ဝါသောခေတ်မှီ အဆောက်အဦး အသုံးဆောင်ပစ္စည်းများဖြင့် ဝင့်ကြွားနေသော ရုံးချုပ်အသစ် တည်ရှိရာ Times City ရှိ uab Tower တွင် ရုံးချုပ်အသစ်ဖွင့်ပွဲကို ကျင်းပဖွင့်လှစ်ခဲ့ပါသည်။ ထပ်မံ၍ ရည်မှန်းချက် ဖြစ်သော Leading Change ကို ဖော်ပြနေသည့် ဘဏ်၏ ပွင့်လင်းမြင်သာမှု အပေါ် အာမခံချက်၊ ခိုင်မာသော Corporate Governance တို့အား ထင်ဟပ်စေသော နှစ်ပတ်လည် အစီရင်ခံစာကို အပြည့်အဝ ထုတ်ဝေ တင်ပြနိုင်ခဲ့ပါသည်။ ဤကဲ့သို့ ထုတ်ဝေတင်ပြနိုင်ရာတွင်လည်း မြန်မာပြည်မှာ တစ်ခုတည်းသော ဘဏ်အဖြစ် ရပ်တည်နေပါသည်။
“Euromoney ကနေ ၂၀၂၀ ခုနှစ်ရဲ့ မြန်မာ့အကောင်းဆုံးဘဏ် ဆုအား ထပ်မံ အသိမှတ်ပြုခံရတဲ့ အတွက် အလွန်ဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။ စိန်ခေါ်မှု၊ ယှဉ်ပြိုင်မှုများကို ဖြတ်ကျော်ပြီး ကျွန်တော်တို့ ဘဏ်နှင့်လုပ်ငန်း လည်ပတ်ပုံကို အသွင်ပြောင်းလဲပေးသည့် ခိုင်မာတဲ့ အခြေခံ အုတ်မြစ်ကို ဆက်လက် တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ ဒ့ါအပြင် ယခုဆု၏ အဓိက သော့ချက်ဖြစ်တဲ့ ခိုင်မာသော ဘဏ္ဍာရေး ရှင်းတမ်းများကို ထိန်းသိမ်းနိုင်ရန် အတွက် ကျွန်‌တော်တို့ fintech (ငွေ‌ရေးကြေးရေးဆိုင်ရာ နည်းပညာ) တွင် သိသိသာသာ ရင်းနှီးမြှုပ်နှံထားပါတယ်။ ပြီးတော့ ကျွန်တော်တို့ digital ecosystem ရဲ့ အုတ်တစ်ချက် သဲတစ်ပွင့်ဖြစ်သော အထင်ကရ ပထမဦးဆုံး အနုပညာရှင် App ဖြစ်တဲ့ SaiSai Pay နှင့် uabpay+ ကိုလည်း မိတ်ဆက်‌ပေးခဲ့ပါတယ်။ ကျွန်တော်တို့အားလုံး ၂ နှစ်ဆက်တိုက် မြန်မာ့ အကောင်းဆုံးဘဏ်ဆု ရရှိခဲ့တဲ့ အတွက် အရမ်းဂုဏ်ယူဝမ်းမြောက် မိပါတယ်။ ပိုမိုကောင်းမွန်သော တီထွင် ဆန်းသစ်မှုများ၊ ပွင့်လင်းမြင်သာမှု ယူဆောင်လာနိုင်သော မြန်မာပြည်တွင် leading change နှင့် humanising banking တစ်ခု အဖြစ် uab bank ကို ဆက်လက် ထိန်းသိမ်းသွားမှာ ဖြစ်ပါတယ်” ဟု ဆုဆွတ်ခူးရရှိခြင်းနှင့် ပတ်သက်၍ uab bank ၏ MD နှင့် CEO ဖြစ်သူ Christopher Loh မှ ယခုလို ပြောကြားသည်။

Photo Source https://www.uab.com.mm/

uab bank သည် မြန်မာနိုင်ငံဈေးကွက်ကိုဦးဆောင်နေသည့် ဘဏ်တစ်ခု ဖြစ်ပါသည်။ ပြောင်းလဲလာသော စည်းမျဉ်းစည်းကမ်းများနှင့် နည်းစနစ်တို့အကြား မြန်မာ့ ဘဏ်လုပ်ငန်း ကဏ္ဍများတွင် ပြုပြင်ပြောင်းလဲမှု၊ ဦးဆောင်မှုများဖြင့် အသိမှတ်ပြုခံရခြင်းတို့သည် uab bank အား ‘Myanmar’s Best Bank’ အဖြစ် Euromoney မှလည်းကောင်း၊ ‘Mid-sized Domestic Retail Bank of the Year’ အဖြစ် Asian Banking & Finance မှလည်းကောင်း၊ Corporate Governance Disclosure တွင် နံပါတ် (၁) ဖြင့် Myanmar Centre for Responsible Business မှ စီရင်တင်ပြခဲ့သည့် ပွင့်သစ်စ (TiME) အစီရင်ခံစာ မှလည်းကောင်း အသီးသီး သတ်မှတ်ချီးမြှောက်ခဲ့ခြင်း တို့ကြောင့်ဖြစ်ပါသည်။
၂၀၁၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယခုအခါတွင် မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်ပေါင်း ၄၇ မြို့နယ်တွင် ဘဏ်ခွဲပေါင်း ၇၈ ဘဏ်ထိ တိုးချဲ့၍ customer များ ၏ လိုအပ်ချက်နဲ့အညီ Consumer Banking၊ Premier Banking၊ SME Banking၊ Corporate Banking၊ Trade Finance နှင့် Treasure Services စသည့် အဓိကကျသော ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများအား စနစ်တကျလက်ခံ ဆောင်ရွက် ပေးလျက်ရှိပါသည်။ uab ၏ လုပ်ငန်း အခွဲဖြစ်သည့် uab securities မှတဆင့်လည်း Brokerage Services၊ Corporate and Financial Advisory၊ Investment Banking နှင့် Capital Market ဆိုင်ရာဝန်ဆောင်မှုများအား လက်ခံဆောင်ရွက်ပေးလျက်ရှိနေပါသည်။
uab bank အနေဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်သော မြန်မာနိုင်ငံတော် ဖြစ်လာနိုင်စေရန်၊ လူမှုအကျိုးစီးပွားကို အလေးထားသော ဘဏ်လုပ်ငန်းတစ်ခုအနေဖြင့် တစ်ဦးနှင့်တစ်ဦးကြား ချိတ်ဆက် ဆောင်ရွက်ပေးရန်၊ အခွင့်အလမ်းများ ဖန်တီးပေးရန်နှင့် လူနေမှုဘဝများ ပိုမိုတိုးတက်စေဖို့အတွက် အထောက်အပံ့များ ပေးနိုင်ရမည်ဟု ယုံကြည်ထားပါသည်။ ပိုမိုကောင်းမွန်သည့် မြန်မာနိုင်ငံအား ဖော်ဆောင်လိုသည့် ရည်ရွယ်ချက်ဖြင့် ၂၀၁၇ ခုနှစ် ၊ ဒီဇင်ဘာလတွင် “Be The Change Myanmar” ၏ ပဏာမခြေလှမ်းအား စတင်ခဲ့ပြီး အမျိုးသမီးများနှင့် ကလေးငယ်များအား အကျိုးပြုသည့် လုပ်ငန်းများကို ဦးစားပေး လုပ်ဆောင်ခဲ့ပါသည်။ uab bank အနေဖြင့် အနာဂတ် တွင်လည်း ကျွန်ုပ်တို့နေထိုင်သည့် လူ့အဖွဲ့အစည်းတစ်ရပ် လုံးအတွက် တာဝန်သိမှုအပြည့်ဖြင့် အကျိုးပြုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားနိုင်လိမ့်မည် ဟုလည်း ယုံကြည်မိပါ သည်။
ပိုမိုသိရှိလိုပါက website: https://www.uab.com.mm/ သို့ ဝင်ရောက်လေ့လာနိုင်သည်။