Creator Subscription လုပ်ဆောင်မှု US တွင် Instagram စတင်စမ်းသပ်

Creator တွေအတွက် ပုံမှန်ထက်ဝင်ငွေပိုများလာစေဖို့အတွက် Instagram Subscriptions လုပ်ဆောင်ချက်ကို Instagram အနေနဲ့ စတင်စမ်းသပ်နေပြီ ဖြစ်ပါတယ်။ Early Testing အဆင့်မှာတော့ US က Creator အနည်းငယ်နဲ့ စမ်းသပ်ထားပါတယ်။ Subscribe ပြုလုပ်ထားတဲ့ Follower တွေအနေနဲ့ Creator တွေရဲ့ Paid Access ဖြစ်တဲ့ Instagram Live, Video နဲ့ Stories တွေကို ကြည့်နိုင်မှာပါ။ Comment နဲ့ Creator တွေရဲ့ Inbox မှာ သိသာထင်ရှားနေဖို့အတွက် Subscriber တွေအတွက် သီးသန့် Badget တွေလည်း ရရှိမှာပါ။

Photo Source https://business.instagram.com

အသုံးပြုသူတွေနဲ့ Creator တွေ Alpha Test အပေါ် Feedback ပြန်ပေးနိုင်ဖို့အတွက် Creator ဆယ်ယောက်နဲ့စမ်းသပ်ထားပါတယ်။ လက်ရှိ Alpha Test မှာပါဝင်တဲ့  Creator တွေကတော့ actor and influencer @alanchikinchow; basketball player @sedona._; astrologer @alizakelly; dancer/actress/model @kelseylynncook; digital creator @elliottnorris; Olympic silver medalist @jordanchiles; gymnast and creator @jackjerry; spiritual coach and artist @bunnymichael; XR creator @donalleniii; and digital creator @lonnieiiv တို့ပဲ ဖြစ်ပါတယ်။

Content တွေပေါ်မူတည်ပြီး Creator တွေက Subscription Price ကိုစိတ်ကြိုက်သတ်မှတ်နိုင်ပါတယ်။ Creator တွေရဲ့သူတို့ရဲ့ Content အပေါ်ယုံကြည်မှုပေါ်လိုက်ပြီး အမျိုးမျိုးသတ်မှတ်နိုင်ပါတယ်။

အသေးစိတ်အချက်အလက်တွေအတွက် Instagram ရဲ့ Blog Post မှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။