ငွေသားများထုတ်ယူခြင်းပြုလုပ်ရင်း အတိုးများများဖြင့်ငွေစုခြင်းပါ တစ်ပြိုင်နက်ပြုလုပ်နိုင်မည့် enCash အကောင့် အမျိုးအစားသစ်ကို AGD ဘဏ်မှ စတင်မိတ်ဆက်ပေးလိုက်ပြီဖြစ်ကြောင်းသိရသည်။
enCash အကောင့်ကို Interbank(CCT)/ Clearing တို့ဖြင့်ယူဆောင်လာသော ငွေများဖြင့် စတင်ဖွင့်လှစ်နိုင်ပြီး ငွေစုသက်တမ်းမပြည့်ခင် စုငွေပမာဏ၏ ၄၀ ရာခိုင်နှုန်း အထိ (စတင် ငွေအပ်ချိန်တွင် ၂၀ ရာခိုင်နှုန်း အထိ၊ ငွေစုစဉ်ကာလအတွင်း ၂၀ ရာခိုင်နှုန်းအထိ) ငွေသားအဖြစ်ထုတ်ယူနိုင်ပြီး ငွေစုသက်တမ်းပြည့်ချိန်တွင် အတိုးအပြည့်အဝကိုလည်း ငွေသားဖြင့်ထုတ်ယူနိုင်မည်ဖြစ်သည်။
ငွေစုကာလများမှာ ၆လ နှင့် ၁၂လ တို့ဖြစ်ကြပြီး အတိုးနှုန်းအများဆုံး ၉.၂၅% အထိရယူနိုင်မည်ဖြစ်သည်။ ငွေထုတ်ခြင်း နှင့် ငွေစုခြင်း ကိစ္စများကို တစ်ပြိုင်တည်း အဆင်ပြေစေမည့် enCash ကို AGD ဘဏ်ခွဲများတွင် အသေးစိတ်လာရောက်စုံစမ်း အပ်နှံနိုင်ပြီဖြစ်ပါကြောင်း ထုတ်ပြန်ထားသည်။
Photo Source https://web.facebook.com/AGDBank
AGD ဘဏ် အသုံးပြုသူများ အားလုံး အဆင်ပြေစွာ ငွေထုတ်၊ ငွေလွှဲမှုများပြုလုပ်နိုင်ရန် အသုံးပြုသူတစ်ဦးကို တစ်ပတ်လျှင် ငွေထုတ်ယူမှု တိုကင်တစ်ခု နှင့် အခြားဘဏ်များသို့ ငွေလွှဲခြင်းတိုကင် တစ်ခုစီ တို့သာ ရယူနိုင်မည် ဖြစ်သည်။
တိုကင်ရယူနိုင်မည့်အချိန်မှာ နံနက် ၇:၀၀ နာရီမှစတင်ထုတ်ယူနိုင်မည်ဖြစ်ပြီး တစ်ဦးချင်းစုငွေမှ ထုတ်ယူနိုင်သောပမာဏ -တစ်ပတ်လျှင် ငွေကျပ် ၂ သိန်း ဖြစ်သည်။ တစ်ခြားဘဏ်သို့ ငွေလွှဲပြောင်းခြင်း (interbank transfer) တစ်ပတ်လျှင် ငွေကျပ် ၃ သိန်းဖြစ်သည်။
တိုကင်မယူပဲ တစ်လအတွင်း ငွေကျပ် ၁၀သိန်း ထုတ်ယူချင်သူများအနေဖြင့် ငွေကျပ် ၅သိန်းကို ငွေသားထုတ်ယူခြင်း၊ ကျန် ၅သိန်းကို Interbank ဖြင့် မိမိနှစ်သက်ရာ ဘဏ်သို့ လွှဲပြောင်းခြင်း တို့ကို တစ်ဦးလျှင် တစ်ကြိမ်သာ ပြုလုပ်နိုင်မည် ဖြစ်သည်။
တိုကင်ရယူကာ ငွေထုတ်ခြင်း၊ အခြားဘဏ်သို့ငွေလွှဲခြင်း၊ ချက်လက်မှတ်ဖြင့်ငွေလွှဲခြင်းများပြုလုပ်ထားပြီးသော customer များအနေဖြင့် ငွေကျပ် ၅သိန်းကို ငွေသားထုတ်ယူခြင်း၊ ကျန် ၅သိန်းကို Interbank ဖြင့် မိမိနှစ်သက်ရာ ဘဏ်သို့ လွှဲပြောင်းခြင်း တို့ကို ထပ်မံပြုလုပ်နိုင်မည်မဟုတ်ပါ။
အသေးစိတ်အချက်အလက်များထပ်မံသိရှိလိုပါက ဖုန်း – +၉၅ ၁ ၂၃၉၉ ၃၃၃ (သို့) AGD ဘဏ်၏ Facebook page messenger (သို့) နီးစပ်ရာ AGD ဘဏ်ခွဲတွင် မေးမြန်းနိုင်မည်ဖြစ်သည်။