အားသွင်းမြန်ဆန် အသုံးခံသည့် A Series အသစ် OPPO A76 ကို မကြာမီ မြန်မာနိုင်ငံတွင် မိတ်ဆက်‌ပေးတော့မည်

OPPO သည် အဆင့်မြင့်တင်ထားသော “အားသွင်းမြန်ဆန် အသုံးခံ” သည့် A Series အသစ် OPPO A76 ကို မြန်မာနိုင်ငံတွင် မကြာမီ မိတ်ဆက်တော့မည်ဖြစ်ကြောင်း တရားဝင်သတင်းထုတ်ပြန်လိုက်သည်။

OPPO မှ မြန်မာဈေးကွက်အတွင်း A Series ၏ ပထမဦးဆုံး Smartphone အဖြစ် OPPO A37 ကို ၂၀၁၆ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ပြီး ရောင်းအားကောင်းသော စမတ်ဖုန်းမော်ဒယ်တစ်ခု ဖြစ်ခဲ့သည်။ OPPO မှ OPPO A37 ကို စတင် မိတ်ဆက်ခဲ့ပြီးနောက် OPPO A57၊ A7၊ A3s၊ A5s၊ A31၊ A33 စသည်ဖြင့် Series များကို မြန်မာနိုင်ငံအတွင်း မြန်မြန်ဆန်ဆန် မိတ်ဆက်ပေးခဲ့သည်။ OPPO A series ၏ မော်ဒယ်များဖြစ်သည့် OPPO A9 2020 နှင့် A5 2020 တို့ဖြင့် ၂၀၁၉ ခုနှစ်အတွင်း A series ကို အဆင့်မြင့်တင်ပေးခဲ့ပြီး OPPO A series သည် Mid-range စျေးကွက်အတွင်း လူသိများ အောင်မြင်လာသည့် Smartphone Series ဖြစ်လာခဲ့သည်။ ၂၀၂၀ ပြည့်နှစ် နောက်ပိုင်းတွင် အခြား OPPO A Series Smartphone များဖြစ်သည့် A52၊ A53 နှင့် A54 စသည်တို့သည် မြန်မာနိုင်ငံ Smartphone လောက၏ Mid-range စျေးကွက်အတွင်း နေရာတစ်နေရာ ရရှိလာခဲ့သည်။ အထူးသဖြင့် A series ၏ ဒီဇိုင်းပိုင်းနှင့် စွမ်းဆောင်ရည်ပိုင်းသည် OPPO အသုံးပြုသူများအတွက် အကြိုက်တွေ့စေသည့် အချက်များဖြစ်သည်။ 

Photo Source https://www.facebook.com/OPPOMyanmar

မကြာမီ မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်မည့် OPPO A76  တွင် “အားသွင်းမြန်ဆန် အသုံးခံ” ဟူသည့် ဆောင်ပုဒ်အတိုင်း  33W SUPERVOOC အမြန်အားသွင်းစနစ် ပါရှိမည်ဖြစ်ပြီး ကြီးမား၍ အသုံးခံသော 5,000 mAh ဘတ်ထရီ ပါဝင်လာမည် ဖြစ်သောကြောင့် ၃၀ မိနစ်အားသွင်းရုံဖြင့် ၅၅ ရာခိုင်နှုန်းအထိ လျင်မြန်စွာ အားဖြည့်သွင်း နိုင်မည်ဖြစ်သည်။ ထို့ပြင် OPPO A76 ၏ ကျောဘက် အသွင်အပြင်ကို ခေတ်ရေစီးကြောင်းနှင့် ဖက်ရှင်ကို လိုက်၍ လက်ဗွေရာ မထင်‌ဘဲ ဖုန်ဒဏ်၊ ချွေးစိုဒဏ် ခံနိုင်သော ဒီဇိုင်းဖြင့် ဖန်တီးပြုလုပ်ထားပြီး Glowing Blue နှင့် Glowing Black ဟူ၍ အရောင် နှစ်ရောင်ဖြင့် ထွက်ရှိလာမည်ဖြစ်သည်။ OPPO A76 တွင် A series ၏ သမိုင်းကြောင်းအရ ဘက်ထရီ၊ ဒီဇိုင်းပိုင်းနှင့် စွမ်းဆောင်ရည်ပိုင်းတွင်လည်း OPPO အသုံးပြုသူများအတွက် အကြိုက်တွေ့စေသည့် အချက်များ ပါဝင်လာဦးမည်ဖြစ်ည်။

OPPO A76 သည် သုံးစွဲသူများ နှစ်ခြိုက်စေမည့် အရောင်ဒီဇိုင်းအသွင်အပြင်ကို ပေးစွမ်းနိုင်မည်သာမက အဆင့်မြင့်တဲ့ 90Hz Color-Rich Punch-Hole Display ပါဝင်လာမည်ဖြစ်ပြီး CPU ကို 6nm နည်းပညာ အသုံးပြုထားသည့် Qualcomm ၏ Snapdragon 680 CPU အမျိုးအစား ထည့်သွင်းထားကာ 6.56” ရှိသည့် ကျယ်ပြန့်သော မျက်နှာပြင် ရှိသောကြောင့် အသုံးပြုသူများအတွက် ပြောင်မြောက်သော စွမ်းဆောင်ရည်များဖြင့် အကောင်းမွန်ဆုံးသော ဖုန်းသုံးစွဲမှု အတွေ့အကြုံများကို ယူဆောင် ပေးနိုင်မည်ဖြစ်သည်။ A Series အသစ် OPPO A76 တွင် 6GB RAM + 128GB ROM ပါရှိပြီး RAM Expansion နည်းပညာကိုလည်း ထည့်သွင်းထားကာ အဆိုပါ RAM Expansion နည်းပညာဖြင့် Up to 5GB Extended RAM ထိ ထပ်တိုးချဲ့အသုံးပြုနိုင်မည်ဖြစ်သည်။ 

Photo Source https://www.facebook.com/OPPOMyanmar

ထို့ပြင် မကြာမီထွက်ရှိတော့မည့် OPPO A series အသစ်ကို စောင့်ဆိုင်းနေရင်း OPPO အသုံးပြုသူများအနေဖြင့် ယခု A Series အသစ်တွင် ပါဝင်လာမည့် KOL များကို ခန့်မှန်းပြီး ဆုလက်ဆောင်များရယူနိုင်မည့် Something is Coming Campaign တွင်လည်း ပါဝင်ကံစမ်းနိုင်မည်ဖြစ်သည်။ ထို Campaign ကို OPPO ၏ တရားဝင် Facebook စာမျက်နှာမှ တစ်ဆင့် (https://www.facebook.com/OPPOMyanmar/posts/2186804221477454) ပါဝင်နိုင်ပြီး စိတ်လှုပ်ရှားဖွယ်ကောင်းသည့် ဆုလက်ဆောင်များရယူနိုင်မည်ဖြစ်သည်။