US အခြေစိုက် Robust & Best သည် ၎င်း၏ ပထမဆုံးနှင့် အထင်ကရ ထုတ်ကုန်ဖြစ်ပြီး Artificial Intelligence (AI) ၏ စွမ်းအားဖြင့် အသုံးပြုထားသောCognitive Storage သည် ဒေတာ ယိုစိမ့်မှု သို့မဟုတ် ဆုံးရှုံးမှု၊ cloud သိုလှောင်မှု သုံးစွဲရာတွင် အဆင်ပြေပြေ သုံးစွဲနိုင်မှု အစရှိသည်တို့နှင့် သက်ဆိုင်သည့် စိုးရိမ်ပူပန်မှုများကို ဖြေရှင်းရန်အတွက် အကောင်းဆုံး cloud storageတစ်ခု ဖြစ်ပါသည်။
လွယ်လင့်တကူအသုံးပြုနိုင်မှု၊ AI စွမ်းအားသုံးရှာဖွေမှုလုပ်ဆောင်ချက်၊ ယုံကြည်စိတ်ချရသော ဘာသာစကားသုံးစွဲကာ အလိုအလျောက်ရှာဖွေပေးခြင်း၊ အရည်အသွေးတူပစ္စည်းများနှင့် နှိုင်းယှဥ်လျင် သက်သာတန်ဖိုးရှိသော စျေးနှုန်း အစရှိသည့် စွမ်းဆောင်ရည်များကို ပေါင်းစပ်ထားသော Cognitive Storage သည် အသုံးပြုသူများအတွက် ဒေတာများကို အကောင်ဆုံးနှင့် အလျင်မြန်ဆုံးရှာဖွေ စီမံသည့် အပြင် cloud-based data နှင့်ပတ်သတ်သော လုံခြုံရေးနည်းလမ်းများကို မြှင့်တင်ပေးပါသည်။

Image: Robust & Best
Cognitive Storage သည် ဝန်ဆောင်မှုသုံးစွဲသူများအား လွယ်ကူစွာ ဝင်ရောက်သုံးစွဲခွင့်ကို ပံ့ပိုးပေးပြီး ၎င်းတို့၏ သိမ်းဆည်းထားသောဒေတာများကို အချိန်မရွေး၊ နေရာမရွေး၊ အဆင်ပြေစွာ ပြန်လည်ထုတ်ယူ သုံးစွဲနိုင်စေခြင်းဖြင့် လွယ်ကူရိုးရှင်းပြီး အဆင်ပြေစွာ ဝင်ရောက်နိုင်မှုကို ပေးဆောင်ပါသည်။ Cognitive Storage သည် စွမ်းဆောင်ရည် သို့မဟုတ် လုံခြုံရေးပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များကို လူတစ်ဦးချင်းစီနှင့် လုပ်ငန်းများအတွက် ကုန်ကျစရိတ်သက်သာသော သိုလှောင်မှု ရွေးချယ်စရာများကို ပေးဆောင်ရန် တတ်နိုင်စေရန် ဒီဇိုင်းထုတ်ထားသည်။ အဆင့်မြင့် AI နည်းပညာများကို အသုံးပြုထားသောကြောင့် ဝန်ဆောင်မှု အသုံးပြုသူများသည် သော့ချက်စာလုံးများ၊ ဖိုင်အမျိုးအစားများ သို့မဟုတ် ဖိုင်များအတွင်းရှိ အကြောင်းအရာများကိုပင် အခြေခံ၍ သီးခြားဖိုင်များ သို့မဟုတ် အချက်အလက်များကို အလွယ်တကူ ရှာဖွေနိုင်ပြီး အချိန်ကုန်သက်သာစေပြီး ကုန်ထုတ်စွမ်းအားကို မြှင့်တင်ပေးပါသည်။
နောက်ထပ်အရေးပါသောလုပ်ဆောင်ချက်တစ်ခုမှာ ဘာသာစကားပေါင်း 190 ကျော်ကို ပံ့ပိုးပေးထားသည့် Cognitive Storageသည် Natural Language Processing (NLP) စီမံဆောင်ရွက်ပေးသည့် အယ်လဂိုရီသမ်များမှတစ်ဆင့် သိမ်းဆည်းထားသည့် အကြောင်းအရာ၏ ဘာသာစကားကို အလိုအလျောက် ခွဲခြားသိရှိနိုင်ပြီး ချောမွေ့သော ဘာသာစကား ဘာသာပြန်ဆိုမှုကို ပံ့ပိုးပေးပြီး ဆက်သွယ်ရေးကို လွယ်ကူချောမွေ့စေပါသည်။
Alexander Beatson, Robust & Best ၏တည်ထောင်သူ နှင့် Natural Language Processing ဆိုင်ရာကျွမ်းကျင်သော အချက်အလက်သိပ္ပံပညာရှင်မှ
“ကျွန်တော်တို့၏ AI စွမ်းအင်သုံး cloud storage သိုလှောင်မှု ကို beta version စတင်ရန် အထူးစိတ်လှုပ်ရှားမိပါတယ်”ထပ်မံပြီးလည်းသူက“ရုံးတွေမှာစာရွက်စာတမ်းတွေအများကြီးသိမ်းဆည်းရတာတော့ ပုံမှန်ပါပဲ။ ခေတ်တွေ တိုးတက်လာတာနဲ့ အပြင်မှာ သိမ်းဆည်းတာမျိုး မဟုတ်တော့ဘဲ cloud တွေပေါ်အထိ သိမ်းဆည်းလာကြတယ်။ ဒါပေမယ့် သိမ်းထားတဲ့ မြောက်များစွာသော စာရွက်စာတမ်းတွေ ပြန်ရှာချင်တဲ့အခါ ခက်ခဲတဲ့အခြေအနေကနေ၊ မဖြစ်နိုင်တဲ့ အခြေအနေအထိ ကြုံတွေ့ရတယ်။ ဘာကြောင့်လဲဆိုတော့ document format တွေ အများစုက (အထူးသဖြင့် မြန်မာလို) စာတွေကို ပြန်ထုတ်ဖို့ ခက်ခဲကြတယ်။ နည်းပညာတွေ သုံးပြီး စာတွေ ပြန်ထုတ်ရင်တောင် ဘယ် document ထဲမှာ ဘယ်ဘာသာစကား သုံးထားတယ်ဆိုတာ တစ်ခုချင်း သတ်မှတ်ပေးရတယ်။ ထုတ်ပြီးတဲ့ အခြေအနေမှာတောင် သိန်းချီ သန်းချီတဲ့ document တွေကို ရှာဖို့နဲ့ သိမ်းဖို့ resource တွေ အများကြီး သုံးရမယ်။ ဒီလို အခက်အခဲတွေကြောင့် ကိုယ့်ရဲ့ စာရွက်စာတမ်းတောင် ကိုယ်မပိုင်တဲ့ အခြေအနေ ဖြစ်ရတာပါပဲ။ ဒီလို အခြေအနေတွေကို မြင်တွေ့လာရတဲ့အခါ ဖြေရှင်းဖို့ ကျွန်တော်တတ်ထားတဲ့ ပညာနဲ့ နည်းလမ်းကို ရှာဖွေတီထွင်ခဲ့တယ်။ နည်းလမ်းကို တီထွင်ပြီးတဲ့နောက် လက်တွေ့ အကောင်အထည်ဖော်ဖို့ အခြား ပညာရှင်တွေနဲ့ ချိတ်ဆက်ပြီး ကြိုးစားကြတယ်။ နောက်ဆုံးမှာတော့ ဒီ product ရောက်လာတဲ့ အခြေအနေအထိပေါ့။ ကျွန်တော်ယုံကြည်တာက လွယ်ကူအောင် လုပ်ပေးတဲ့ အရာတွေကို အတားအဆီးအနည်းဆုံးနဲ့ အလွယ်တကူ ရရှိဖို့က အရေးကြီးတယ်။ ကျွန်တော့်အနေနဲ့ အချိန်၊ လူ၊ ငွေတွေ အများကြီး စိုက်ထုတ်ပြီး တီထွင်ထားရပေမယ့် အကုန်လုံးကို အလွယ်တကူ ရရှိစေချင်တယ်။ ဒီတော့ အားလုံးအတွက် သင့်တင့်တဲ့ ဈေးနှုန်းကိုပဲ သတ်မှတ်ပြီး ငွေကြေး အတားအဆီးကိုပါ အနည်းဆုံးဖြစ်အောင် လုပ်ထားပါတယ်။ ကျွန်တော်တို့က အခုမှ စတင်တဲ့ startup လေးတစ်ခုဖြစ်တာကြောင့် community ရဲ့ ကူညီထောက်ပံ့မှုက ကျွန်တော်တို့ ရပ်တည်နိုင်ဖို့ အရမ်းအရေးပါပါတယ်”ဟုပြောကြားခဲ့ပါသည်။

Image: Robust & Best
ကျွန်တော်တို့ရဲ့ အဓိကတန်ဖိုးများဖြစ်ကြသော ဆန်းသစ်တီထွင်မှု၊ မတူကွဲပြားမှု၊ ထူးချွန်မှုနှင့် သမာသမတ်ကျမှုတို့နှင့်အညီ Robust & Best သည် ဝန်ဆောင်မှုသုံးစွဲသူများ၏ စွမ်းရည်များကို မြှင့်တင်ပေးသည့် အသွင်ပြောင်းဖြေရှင်းချက်များအား ဖန်တီးရန်၊ ၎င်းတို့၏ တီထွင်ဖန်တီးမှုဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေးကို ပိုမိုကွန့်မြူးစေပြီး ထူးချွန်ပြောင်မြောက်သော စွမ်းဆောင်နိုင်မှုများ ရရှိစေရန် နှင့်လုပ်ဆောင်ရန် ရည်ရွယ်ထားပါသည်။
NLP နည်းပညာ၏ ရှေ့တန်းမှဖြစ်ရန်၊ ဆန်းသစ်တီထွင်ထားသော AI ပါဝါသုံးထုတ်ကုန်များကို အဆက်မပြတ်ဖန်တီးရန်၊ သုံးစွဲသူများ၏ နေ့စဉ်ဘဝအပေါ် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများ ရှိရန်နှင့် ကမ္ဘာကြီးကို ပိုမိုတီထွင်ဖန်တီးနိုင်စွမ်းနှင့် ဖြစ်ထွန်းလာစေရန် ကျွန်ုပ်တို့၏ အဓိကမျှော်မှန်းချက်ဖြစ်သည်။
AI စနစ်သုံး cloud သိုလှောင်မှု “Cognitive Storage” ၏ beta version ကို မိတ်ဆက်ပွဲ အထူးအစီအစဥ်ဖြင့် Cognitive Storage၏ ဝန်ဆောင်မှုကိုအသုံးပြုရန် ကူပွန်ကုဒ် “COGNITIVE” ပထမဆုံးစာရင်းသွင်းသူ အယောက် ၂၀၀ ကို ၁လ အခမဲ့ အသုံးပြုမှုကူပွန်များကိုပေးသွားမှာဖြစ်ပါသည်။
လေ့လာကြည့်ရူရန်နှင့် အကောင့်ဖွင့်ရန် https://robust.best/ သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။