ထိုင်းနိုင်ငံတွင် ဈေးနှုန်းသက်သာစွာ အင်တာနက်သုံးနိုင်သည့်အစီအစဉ်သစ် တယ်လီနောမိတ်ဆက်အသုံးပြု

ထိုင်းနိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်မည့်သူများ၊ အလည်အပတ်ခရီးသွားမည့်သူများ၊ စီးပွားရေးလုပ်ငန်းများကြောင့် ထိုင်းနိုင်ငံသို့ ခရီးသွားမည့်သူများအတွက် ဈေးနှုန်းသက်သာစွာ အင်တာနက်အသုံးပြုနိုင်သည့် အစီစဉ်အသစ်တစ်ခု တယ် လီနော မှစတင်မိတ်ဆက်အသုံးပြုနေပြီဖြစ်ကြောင်း တယ်လီနောမြန်မာ မှ သတင်းထုတ်ပြန်ထားသည်။

Photo Source- https://www.telenor.com.mm/

အဆိုပါအစီအစဉ်သည် Prepaid နှင့် Star Postpaid အသုံးပြုသူများအားလုံးအတွက် နိုင်ငံရပ်ခြားအင်တာနက်အသုံးပြုနိုင် သည့်အစီအစဉ်သစ်တစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံသို့ရောက်ရှိနေစဉ် စာရင်းပေးသွင်းခ မြန်မာကျပ် (၉၉၉) ကျပ်ဖြင့်အင်တာနက်သုံး စွဲနိုင်မည်ဖြစ်သည်။
အဆိုပါ ပရိုမိုးရှင်းအား တစ်ကြိမ်စာရင်းပေးသွင်းလိုက်သည်နှင့်တပြိုက်နက် (၃) ရက်ကြာ (၇၂)နာရီအင်တာနက်အသုံးပြုခွင့် ရမည်ဖြစ်သည်။ သုံးစွဲသူများအနေဖြင့်လည်း တစ်ရက်တာတွင် Data ပမာဏ 1GB အားအမြင့်ဆုံးရရှိနိုင်မည့် အင်တာနက် အမြန်နှုန်းဖြင့် အသုံးပြုနိုင်မည်ဖြစ်ပြီး သတ်မှတ်ထားသော Data ပမာဏ (1GB) ကုန်ဆုံးသွားပါကလည်း သတ်မှတ်အမြန် နှုန်းတစ်စက္ကန့်တွင် 256 Kbps ဖြင့်ဆက်လက်အသုံးပြုသွားနိုင်သည့်အတွက် Email စစ်ဆေးခြင်း၊ လူမှုကွန်ရက်များအသုံးပြု ခြင်း အစရှိသည့်တို့အား ကောင်းမွန်စွာလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
“ ထိုင်းနိုင်ငံဟာ မြန်မာလူမျိုးတွေအတွက် အပန်းဖြေခရီးထွက်ဖို့ပဲဖြစ်ဖြစ်၊ အလုပ်ကိစ္စအတွက်ပဲဖြစ်ဖြစ် အသွားအလာအများ ဆုံးနိုင်ငံတစ်ခုဖြစ်တယ်ဆိုတာ ကျွန်တော်တို့ သိရှိထားပါတယ်။ အခုနောက်ပိုင်းမိတ်ဆက်လိုက်တဲ့ နိုင်ငံရပ်ခြားအင်တာနက် အသုံးပြုမှုအစီအစဉ်နဲ့အတူ ထိုင်းနိုင်င့ကို သွားရောက်လည်ပတ်သူတွေအနေနဲ့ အင်တာနက်ကို အပူအပင်မရှိပဲအသက်သာ ဆုံးနှုန်းထားနဲ့ အသုံးပြုသွားနိုင်တော့မှာဖြစ်ပါတယ်။ အသုံးပြုသူတွေဟာ မြန်မာငွေ (၉၉၉) ကျပ်အသုံးပြုရုံမျှနဲ့ ထိုင်းနိုင်ငံမှာ ရှိနေစဉ် သူတို့ရဲ့သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မပြတ်နေနိုင်မှာဖြစ်ပြီး ရုံးလုပ်ငန်းကိစ္စတွေကိုလည်း အ လွယ်တကူလုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။ သုံးစွဲသူတွေအနေနဲ့ ထိုင်းနိုင်ငံရောက်နေတဲ့ကာလတစ်လျှေက်လုံး အင်တာနက်ကုန် ကျစရိတ်အတွက် တစ်စုံတစ်ရာပူပင်စရာမလိုတော့သလို SIM Card ပြောင်းသုံးစရာမလိုတော့ပဲ သူတို့ရဲ့နေ့စဉ်ဘဝအတွက် အရေးပါတဲ့အရာတွေနဲ့ ဆက်လက်ပြီးအဆက်အသွယ်မပြတ်ရှိနိုင်မှာဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာ၏ ဈေးကွက်ဖော် ဆောင်ရေး အရာရှိချုပ်ဖြစ်သူ Amaresh Kumar ကပြောကြားသည်။

Photo Source- https://bit.ly/2Vwo13b

ထိုင်းနိုင်ငံတွင် အင်တာနက်သုံးစွဲရသည့် ယခင်ပုံမှန်နှုန်းထားမှာ ၁ မဂ္ဂါဘိုက်လျှင် ၁၅ ကျပ်မျှကျသင့်သော်လည်း ယခု ပရိုမိုးရှင်းကာလအတွင်း တယ်လီနောအသုံးပြုသူများသည် ၉၉၉ ကျပ် ပေးသွင်းရုံမျှဖြင့် ၃ ရက်ကြာ အင်တာနက် အား အပူအပင်မရှိ အသုံးပြုသွားနိုင်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှ စတင်၍ ထပ်မံမကြေညာမီအချိန် အထိ တယ်လီနော၏ prepaid နှင့် star postpaid အသုံးပြုသူများသည် အဆိုပါ ပရိုမိုးရှင်းအား MyTelenor app မှ တဆင့် ဖြစ်စေ၊ သို့မဟုတ် 500 သို့ ‘Thai3’ သို့ စာတိုပေးပို့ခြင်းဖြင့်ဖြစ်စေ ရယူသွားနိုင်မည် ဖြစ်သည်။ ထို့အပြင် တယ်လီနော၏ prepaid အသုံးပြုသူများသည် *979*2*5*6# သို့ ဖုန်းခေါ်ဆို၍ ဖြစ်စေ၊ Star Postpaid အသုံးပြုသူ များသည် *999*1*1*12# သို့ ဖုန်းခေါ်ဆို၍ ဖြစ်စေ အဆိုပါ ပရိုမိုးရှင်းအစီအစဉ်အား အလွယ်တကူရယူသွားနိုင်မည်ဖြစ်သည်။
တယ်လီနော ဆင်းမ်ကတ်အသုံးပြုနိုင်သော နိုင်ငံများ၊ roaming မိတ်ဖက် မိုဘိုင်းအော်ပရေတာများ ပိုမိုတိုးပွားလာသည်နှင့် အမျှ အသုံးပြုသူများခရီးသွားလာနေစဉ်သော်လည်းကောင်း၊ နိုင်ငံတွင်းမှတဆင့် နိုင်ငံပြင်ပရှိမိသားစုများ၊ မိတ်ဆွေသူငယ် ချင်းများနှင့်ဆက်သွယ်နိုင်ရန်အတွက်သော်လည်းကောင်းရည်ရွယ်၍ လွယ်ကူသက်သာသောဝန်ဆောင်မှုများကို တယ်လီ နောမှ ပေးအပ်လျက်ရှိကြောင်းထုတ်ပြန်ကြေငြာချက်တွင်ပါရှိသည်။
ယခုလက်ရှိတွင် တယ်လီနောအသုံးပြုသူများသည် ကမ္ဘာတဝန်းရှိ နိုင်ငံပေါင်း ၁၂၅ နိုင်ငံသို့ရောက်ရှိနေစဉ်တွင် မိတ်ဖက် အော်ပရေတာပေါင်း ၁၇၁ ခု၏ ကွန်ရက်ကို ချိတ်ဆက်အသုံးပြုနိုင်နေပြီဖြစ်သည်။

Photo Source- https://bit.ly/2U5CAcv

အလားတူပင် ပြည်ပနိုင်ငံပေါင်း ၁၃၄ နိုင်ငံမှ မိတ်ဖက်အော်ပရေတာပေါင်း ၂၂၇ ခု၏ သုံးစွဲသူများအနေဖြင့်လည်း မြန်မာနိုင်ငံသို့ ရောက်ရှိ နေစဉ်အတွင်း တယ်လီနောကွန်ရက်ကို ချိတ်ဆက်အသုံးပြုနိုင်နေပြီဖြစ်သည်။
တယ်လီနော၏ 4G roaming ဝန်ဆောင်မှုအား လက်ရှိတွင် တရုတ်၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဂျပန်၊ ယူအေအီး၊ ကနေဒါ၊ မကာအို၊ ထိုင်ဝမ်၊ နယူးဇီလန်၊ ဆွီဒင်၊ ဘယ်လ်ဂျီယံနှင့် နော်ဝေနိုင်ငံများတွင် သုံးစွဲနိုင်ပြီဖြစ်ပြီး အခြားသော နိုင်ငံများတွင်ပါ သုံးစွဲနိုင်စေရန် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။