၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့(ယနေ့)တွင် ကျရောက်မည့် Stop Cyberbullying Day (အွန်လိုင်းအနိုင်ကျင့်မှုပပျောက်ရေး နေ့) အထိမ်းအမှတ်အဖြစ် တယ်လီနောမြန်မာမှ အွန်လိုင်းဘေးကင်းလုံခြုံမှုပိုင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲတစ် ရပ်အား ရန်ကုန်မြို့ရှိ ရန်ကင်း ပညာရေးကောလိပ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားအား Myanmar ICT for Development Organization (MIDO) နှင့် ပူး ပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ် ပြီး ကျောင်းသားကျောင်းသူပေါင်း ၈၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
Photo Source – https://www.telenor.com.mm/
Stop Cyberbullying Stop Day သည် နိုင်ငံတကာအသိအမှတ်ပြုနေ့တစ်နေ့ဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း ဇွန်လ၏တတိယ မြောက်သောကြာနေ့တိုင်းတွင် ကျင်းပပြုလုပ်လေ့ရှိပြီး ကမ္ဘာတစ်ဝန်းရှိ မတူညီသောနေရာဒေသများတွင် မှီတင်းနေထိုင်ကြ သူအားလုံး၏ ရည်သန်ချက်ဖြစ်သည့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ခြိမ်းခြောက်မှုများ၊ နှောင့်ယှက်မှုများ၊ အနိုင်ကျင့်ခြင်းများကင်းဝေး သည့်ကောင်းမွန်သော အွန်လိုင်းပတ်ဝန်းကျင်တစ်ရပ်ဖော်ဆောင်နိုင်စေရန်ဟူသည့်အချက်အား အားပေးထောက်ခံသည့် အ နေဖြင့် Stop Cyberbullying Day အားစတင်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။
နှစ်စဉ်အဆိုပါနေ့ရက်တွင် စီးပွားရေးလုပ်ငန်းစုကြီးများ၊ ပညာရေးကဏ္ဍမှ အဖွဲ့အစည်းများ၊ စာနယ်ဇင်းများ၊ အကျိုးမမြတ်ယူသောအဖွဲ့အစည်းများ၊ အစိုးရပိုင်းဆိုင်ရာနှင့် ထင်ရှားကျော်ကြားသူများသည်အွန်လိုင်းအနိုင်ကျင့်မှုများနှင့် အခြားမည်သည့် ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုမျိုးကိုမဆို ဆန့်ကျင်ကြောင်းနှင့်လွတ်လပ်စွာပြောဆိုခွင့်ကို အားပေးထောက်ခံကြောင်းမှတ်ချက်ပြုပြောကြားလေ့ရှိကြပြီး လူတစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားမှုရှိကြရန်ဟူသည့် အခြေခံနိယာမအား လက်ကိုင်ထားရန် တိုက်တွန်းပြောဆိုလေ့ရှိကြောင်းလည်းသိရသည်။
Photo Source – https://www.telenor.com.mm/
“အင်တာနက်ကို ကလေးငယ်တွေနဲ့ လူငယ်တွေ တာဝန်သိစွာနဲ့ အကျိုးရှိစွာ အသုံးချနိုင်ဖို့ အသိပညာပေးတယ်ဆိုတာ နိုင်ငံရဲ့အနာဂတ်အတွက် ကျွန်မတို့ပြုလုပ်ပေးနိုင်တဲ့ အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုတွေထဲကတစ်ခုဖြစ်ပါတယ်။ ဒီလို အသိပညာ ပေးမှု အစီအစဉ်ဟာ မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ လူ့အသိုက်အဝန်းရဲ့ လူနေထိုင်မှု ဘဝပုံစံတွေ ပိုမိုတိုးတက်ကောင်းမွန်လာစေဖို့နဲ့ ဆက်သွယ်ချိတ်ဆက်မှုရဲ့ အကျိုးကျေးဇူးတွေကို အပြည့်အဝခံစားရစေနိုင်ဖို့ ကျွန်မတို့ တယ်လီနောကရည် ရွယ်လုပ်ဆောင်နေတဲ့ ဆောင်ရွက်ချက်တွေထဲကတစ်ခုဖြစ်ပါတယ်။ အခုလို အွန်လိုင်းဘေးကင်းလုံခြုံမှုပိုင်းဆိုင်ရာ အသိပညာပေးဟောပြောမှုကနေတဆင့် ကျောင်းသားကျောင်းသူတွေ အတွက်သာမက ရန်ကင်းပညာရေးကောလိပ်မှာ ပညာသင် ကြားနေကြတဲ့ ဆရာ/ဆရာမလောင်းလျာတွေအတွက်လည်း အများကြီး အကျိုးရှိစေမယ်လို့ ကျွန်မတို့ယုံကြည်ပါတယ်” ဟု တယ်လီနောမြန်မာ၏ တာဝန်သိလူမှုအကျိုးပြုလုပ်ငန်း များဆိုင်ရာ တာဝန်ရှိသူ ဒေါ်ခင်ပြည့်ဝန်းသော်တာ က ပြောကြားသည်။
Photo Source – https://www.telenor.com.mm/
တယ်လီနောမြန်မာအနေနှင့် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အနာဂတ်သို့ လျှောက်လှမ်းရမည့် လမ်းစဉ်တွင် လိုအပ်သော အခြေခံအုတ်မြစ်များ တည်ဆောက်နိုင်စေရေး အထူးအလေးထားလုပ်ဆောင်နေပြီးကုမ္ပဏီ၏ “ဘေးကင်းသော အင်တာနက်’ စီမံကိန်းအား ၂၀၁၆ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ပြီး လက်ရှိတွင် မြန်မာနိုင်ငံတဝန်းမှ ကျောင်းသားကျောင်းသူပေါင်းသုံးသိန်း ကျော်အား အင်တာနက်အား ဘေးကင်းလုံခြုံမှုရှိစွာနှင့် အကျိုးရှိစွာ အသုံးပြုနိုင်မည်နည်းလမ်းများအား သင်ကြားပို့ချပေးခဲ့ပြီး ဖြစ်ကြောင်းလည်းသိရသည်။
Photo Source – https://www.telenor.com.mm/
၂၀၁၈ ခုနှစ်ကလည်း Stop Cyberbullying Day အထိမ်းအမှတ်အဖြစ် ကလေးသူငယ်များနှင့် ၎င်းတို့၏ မိသားစုများ အင်တာနက်အသုံးပြုရာတွင် လုံခြုံစိတ်ချမှုရှိစွာနှင့် တာဝန်သိစွာ မည်သို့အသုံးပြုရမည်ဟူသည့်အချက်များအား စိတ်ဝင်စားဖွယ်ရာနည်းလမ်းများနှင့်အသိပညာပေးသွားနိုင်မည့် Digiworld အမည်ရှိ အွန်လိုင်း သင်ခန်းစာတစ်ရပ်အား တယ်လီနော မြန်မာက စတင်မိတ်ဆက်ခဲ့ပြီးဖြစ်ကြောင်းလည်းသိရသည်။