မြန်မာနိုင်ငံ၏ နည်းပညာတီထွင်ဆန်းသစ်မှုများနှင့်တိုးတက်ပြောင်းလဲခြင်းဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

မြန်မာနိုင်ငံ၏ နည်းပညာတီထွင်ဆန်းသစ်မှုများနှင့်တိုးတက်ပြောင်းလဲခြင်းဆိုင်ရာ ဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ် မေလ၂၅ ရက်နေ့ တွင် ရန်ကုန်မြို့၊ ယောမင်းကြီးရပ်ကွက်၊ Royal Condo ၊ Impact Hub တွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါ ဆွေးနွေးပွဲတွင် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဌာနမှ တာဝန်ရှိသူများ၊ နည်းပညာလုပ်ငန်းနယ်ပယ်မှလုပ်ငန်းရှင်များ၊ စိတ်ပါ ဝင်စားသူများတက် ရောက်ဆွေးနွေးခဲ့ကြသည်။

Photo Source by Myanmar Tech Press

အဆိုပါပွဲကို Impact Hub Yangon နှင့် Friedrich Naumann Foundation Myanmar FNFM တို့မှ ပူးပေါင်းကျင်းပပြုလုပ်ခြင်း ဖြစ်ပြီး ဆွေးနွေးပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်မှာလည်း မြန်မာနိုင်ငံ၏နည်းပညာပိုင်းဆိုင်ရာ စီးပွားရေးနယ်ပယ်တွင် အားကောင်း သောနည်းပညာပိုင်းဆိုင်ရာ တွေ့ဆုံဆွေးနွေးရေးပလက်ဖောင်းတစ်ခုဖြစ်လာစေရန်နှင့် မြန်မာနိုင်ငံအတွင်းရှိ နည်းပညာပိုင်း ဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအကြောင်းကို ပိုမိုသိရှိနားလည်လာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းလည်းဖြစ်သည်။

Photo Source by Myanmar Tech Press

အဆိုပါဆွေးနွေးပွဲတွင် ရှေ့ဆက်ဆောင်ရွက်ရမည့် Digital Commerce လုပ်ငန်းများနှင့်ဘသက်ဆိုင်သည့်အကြောင်းအရာများ၊ SME လုပ်ငန်းများ၏ Law ချမှတ်ရာတွင် လည့်း မူဝါဒကိုဦးစွာချမှတ်သင့်ကြောင်း စသည်ဖြင့်ရှေ့ဆက်လုပ်ဆောင်သင့်သည့် နည်းပညာဆိုင်ရာလုပ်ငန်းများအကြောင်းကို အပြန်အလှန်ဆွေးနွေးပြောကြားခဲ့ကြသည်။

Photo Source by Myanmar Tech Press

ဒီပွဲကျင်းပရတဲ့အဓိကရည်ရွယ်ချက်ကလည်း ကျွန်တော်တို့နဲ့ Goverment နဲ့ အားလုံးစုလိုက်တဲ့သဘောပေါ့။ အခုဆို အကြံ အဉာဏ်တွေအများကြီးထွက်လာပြီ။ အခုဆွေးနွေးပွဲကနေ ထွက်လာတဲ့ရလာဒ်အပေါ်မူတည်ပြီး နောက်ပိုင်းမှာ Workshop လိုပုံစံမျိုးဆက်လက်ကျင်းပသွားဖို့ရှိပါတယ် ” ဟု IMPACT HUB YANGON မှ Managing Director & Co-Founder ဖြစ်သူ ကိုဥက္ကာမျိုးကပြောကြားသည်။

Photo Source by Myanmar Tech Press

အဆိုပါဆွေးနွေးပွဲတွင် နည်းပညာပိုင်းဆိုင်ရာလက်ရှိမူဝါဒနှင့်ဂေဟစနစ်ကို တစ်ဦးချင်းစီ သုံးသပ်လေ့လာဆွေးနွေးမည့်ခဲ့ကြခြင်း လည်းဖြစ်သည်။ ပုဂ္ဂလိကနှင့် နိုင်ငံပိုင်ကဏ္ဍနှစ်ခုစလုံးမှ သက်ဆိုင်ရာကျွမ်းကျင်သူများမှ အတွေ့အကြုံများဝေမျှဆွေးနွေး၍ နည်းပညာလုပ်ငန်းရှင်များနှင့် ရင်းနှီးမြုပ်နှံသူများကိုလမ်းညွှန်မှုများ ပြုလုပ်ပေးခဲ့ကြသည်။

Photo Source by Myanmar Tech Press

ဆွေးနွေးပွဲတွင်ဝင်ရောက်ပါဝင်ဆွေးနွေးသည့်အတွက်လည်း မိမိလုပ်ငန်း၏စိန်ခေါ်မှုများနှင့်လိုအပ်ချက်များကို အခွင့်အလမ်း ကောင်းများသို့ဦးတည်စေခြင်း။ ပုဂ္ဂလိကကဏ္ဍမှ သက်ဆိုင်ရာတာဝန်ရှိသူများအား နည်းပညာပိုင်းဆိုင်ရာနယ်ပယ်တွင် အာရုံ စိုက်မှုများ ရှိလာစေနိုင်မည်လည်းဖြစ်သည်။

Photo Source by Myanmar Tech Press

နည်းပညာလောက၏ လက်ရှိပေါ်လစီများနှင့်လုပ်ငန်းစဉ်များ၊ ရှေ့လျှောက်ပြုလုပ်မည့်အစီအစဉ်များကိုသိခွင့်ရခြင်း။
အခြားသောနည်းပညာလုပ်ငန်းရှင်များနှင့် ကျွမ်းကျင်သူများမှ သက်ဆိုင်ရာပြုလုပ်ဆောင်ရွက်ချက်များကို လေ့လာ သင်ယူနိုင်ခြင်း။ မိမိလုပ်ငန်းကိုတိုးခဲျ့ပေးနိုင်သောရင်းနီးမြုပ်နှံသူများနှင့်တွေ့ဆုံနိုင်ခြင်း။ မိမိလုပ်ငန်းနယ်ပယ်ကို တိုးချဲ့နိုင်သည့်အပြင် အကျိုးတူပူးပေါင်းသူများနှင့်ပါ တွေ့ဆုံနိုင်ခြင်း စသောအကျိုးကျေးဇူးများ ရရှိနိုင်စေရန် ရည်ရွယ်ကျင်းပ ခြင်းတစ်မျိုးလည်းဖြစ်သည်။ IMPACT HUB YANGONနှင့် Friedrich Naumann Foundation Myanmar FNFM တို့အကြောင်း ပိုမိုသိရှိလိုပါက အောက်ပါ Link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/fnf.myanmar/
https://www.facebook.com/IHYangon/?epa=SEARCH_BOX