၂၀၂၄ ခုနှစ်တွင် အရှေ့တောင်အာာရှနှင့် ကျွန်းစုနိုင်ငံများတွင် မိုဘိုင်းလ်ဒေတာအသုံးပြုမှုသည် ခုနှစ်ဆခန့်မြင့်တက်လာနိုင် သည်ဟု Ericsson က Mobility Report June 2019 အစီရင်ခံစာတွင်ဖော်ပြထုတ်ပြန်ထားသည်။ အဆိုပါ အစီရင်ခံစာတွင် အရှေ့တောင် အာရှနှင့်ကျွန်းစုနိုင်ငံများရှိ စမတ်ဖုန်းများ လစဉ်ဒေတာအသုံးပြုမှုပမာဏမှာ ၃ ဒသမ ၆ GB မှ ၁၇ GB အထိဖြစ်လာနိုင်ပြီး ၂၉ ရာခိုင်နှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း၊ ဒေတာအသုံးပြုမှုပမာဏမြင့်တက်လာရခြင်း အကြောင်းအရင်းမှာလည်း 4G LTE ကွန်ရက်အားအခမဲ့သုံးပြုသူတိုးပွားလာခြင်းနှင့် လူငယ်များ၏ ဗီဒီယိုကြည့်ရှုမှု အလေ့ အထပြောင်းလဲလာခြင်းတို့ကြောင့်ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ ထို့အပြင် အရှေ့တောင်အာရှနှင့်ကျွန်းစု နိုင်ငံများ မိုဘိုင်းလ်ဒေသတာအသုံးပြုမှုစုစုပေါင်း ၂၀၁၈ ခုနှစ်တွင် ၂ ဒသမ ၃ EB ရှိရာမှ ၂၀၂၄ ခုနှစ်တွင် ၁၆ EB အထိ ခုနှစ်ဆနီးပါးမြင့်တက်လာမည်ဟု ခန့်မှန်းထားခြင်းလည်းဖြစ်သည်။
Photo Source – https://www.ericsson.com
အရှေ့တောင်အာရှနှင့်ကျွန်းစုနိုင်ငံများ၌ စမတ်ဖုန်းသုံးစွဲသူဦးရေစုစုပေါင်းမှာလည်း ၂၀၂၄ ခုနှစ်တွင် ၁ ဘီလီယံကျော် ရောက်ရှိလာနိုင်မည်ဖြစ်ပြီး တစ်နှစ်တာအတွင်းစုစုပေါင်းတိုးတက်မှုနှုန်း (CAGR) အရ ၈ ရာခိုင်နှုန်းအထိရှိလာမည်ကာ မိုဘိုင်းလ်ဖုန်းသုံးစွဲသူစုစုပေါင်းမှာလည်း ၂၀၁၈ ခုနှစ်တွင် သန်း (၈၀၀)၊ တစ်နှစ်တာအတွင်းစုစုပေါင်းတိုးတက်မှုနှုန်း (CAGR) အရ (၇) ရာခိုင်နှုန်းသို့ ရောက်ရှိနေရာမှ ၂၀၂၄ ခုနှစ်တွင် ၁ ဒသမ ၂ ဘီလီယံသို့ရောက်ရှိလာမည်ဖြစ်သည်။
“5G ကွန်ရက်သုံးစွဲသူတွေ များပြားလာနိုင်မယ့် အချိန်မျိုးမှာတောင် 4G LTE ကွန်ရက်အနေနဲ့လည်း အဲ့ဒီဒေသတွေမှာ လူသုံးများတဲ့ နည်းပညာတစ်ခုအဖြစ် ၂၀၂၄ ခုနှစ်အကျော်အထိ ရပ်တည်နေဦးမှာပါ။ ဒေတာအသုံးပြုမှု သိသိသာသာ မြင့်တက်လာတဲ့နေရာမှာတော့ မိုဘိုင်းလ်ပေါ်ကနေ ဗီဒီယိုကြည့်ရှုမှုက အဓိကဦးဆောင်လာမှာဖြစ်သလို သုံးစွဲသူတွေကလဲ ဗီဒီယိုတွေကို အင်တာနက်ပေါ်ကနေ တိုက်ရိုက်ကြည့်ရှုတာ၊ မျှဝေတာ စတာတွေကို ပိုမို အသုံးပြုလာမှာဖြစ်ပါတယ်။ ဗီဒီယိုတွေအနေနဲ့ကလည်း အွန်လိုင်းပေါ်က အကြောင်းအရာတိုင်းမှာ ဆက်လက်ပြီး ပိုမိုကပ်ပါလာနေဦးမှာဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ စမတ်ဖုန်းသုံးစွဲသူတွေရဲ့ စစ်တမ်းအရ ကမ္ဘာအနှံ့အပြားက သုံးစွဲသူ တွေက 5G ကိုသာ သုံးခွင့်ရလာ မယ်ဆိုရင် ဒီကွန်ရက်က ရုပ်လုံးကြွပြီး ကိုယ်တိုင်ပါဝင်နိုင်မယ့် ပုံစံမျိုးတွေနဲ့ အက်ပလီကေးရှင်းတွေကို အသုံးပြုနိုင် လိမ့်မယ်လို့လဲ မျှော်လင့်ထားတာကိုတွေ့ရပါတယ်။” ဟု Head of Ericsson Myanmar ဖြစ်သူ Eric Timmer က ပြောကြားသည်။
Photo Source – https://bit.ly/2FqzAmA
အရှေ့တောင်အာရှနှင့် ကျွန်းစုနိုင်ငံများရှိ 4G LTE ကွန်ရက် သုံးစွဲသူများမှာ ၂၀၁၈ ခုနှစ်အတွင်းတွင် ၄၀ ရာခိုင်နှုန်းအထိ မြင့်တက်ထားခဲ့ရာမှ Ericsson Mobility Report ၏ ခန့်မှန်းချက်အရ အဆိုပါဒေသများတွင် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် မိုဘိုင်းလ်ကွန်ရက်ရယူသုံးစွဲသူဦးရေမှာ ၆၃ ရာခိုင်နှုန်းအထိ မြင့်တက်လာမည် ဖြစ်သည်။ ကနဦး 5G စနစ်အား အထောက်အပံ့ပေးနိုင်မည့် မိုဘိုင်းလ်နှင့်ဆက်စပ် ကိရိယာများကို အဆိုပါ ဒေသများတွင် ၂၀၁၉ ခုနှစ် ပထမနှစ်ဝက်အတွင်း စတင်ရယူသုံးစွဲနိုင်မည်ဟုလည်းခန့်မှန်းသည်။ သုံးစွဲသူစုစုပေါင်း၏ ၁၂ ရာခိုင်နှုန်းခန့်မှာ 5G ကွန်ရက်အသုံးပြုနိုင် မည်ဖြစ်ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာအရ 5G ကွန်ရက်မှာ မျှော်မှန်းထားသည်ထက် ပိုမိုစောလျင်စွာအသုံးပြုသွားနိုင်မည် လည်းဖြစ်သည်။
၂၀၁၉ ခုနှစ် ဇွန်လထုတ် Ericsson Mobility Report အရ ၂၀၁၈ ခုနှစ် နိုဝင်ဘာလထုတ် Report တွင် ခန့်မှန်းခဲ့သော 5G အသုံးပြုသူ သန်းပေါင်း (၁ ဒသမ ၅ဘီလီယံ) အား ၂၇ ရာခိုင်နှုန်း တိုးမြင့်ပြီး သန်းပေါင်း (၁ ဒသမ ၉ ဘီလီယံ) သို့ ရောက်ရှိ မည်ဟုလည်း ခန့်မှန်းထားပါသည်။
5G လက်ခံအသုံးပြုမှု လျင်မြန်တိုးတက်လာမည့်အတွက် အခြားခန့်မှန်းချက်များမှာလည်း သိသာထင်ရှားစွာတိုးတက်လာ ခဲ့ပြီး ၂၀၂၄ ခုနှစ် နှစ်အကုန်ပိုင်းတွင် ကမ္ဘာ့လူဦးရေ၏ ၄၅ ရာခိုင်နှုန်းကို 5G ကွန်ရက်ဝန်ဆောင်မှုပေးနိုင်မည်ဟု ခန့်မှန်းထားပါသည်။ လှိုင်းစဉ်မျှဝေအသုံးပြုသည့် နည်းပညာဖြင့် 4G ကြိုးမဲ့ broadband နည်းပညာဖြစ်သည့် LTE ကြိမ်နှုန်းလှိုင်းများတွင် 5G ကို အသုံးပြုစေနိုင်သည့်အတွက် ထိုဝန်ဆောင်မှု အတိုင်းအတာအနေဖြင့်လည်း ၆၅ ရာခိုင်နှုန်း အထိ တိုးတက်လာနိုင်ပါသည်။
Photo Source – https://bit.ly/2Lc2PNU
“5G က တကယ်ကို အလျင်အမြန်နဲ့ တိုးတက်နေပါပြီ။ ဒါက ဝန်ဆောင်မှုကို ထောက်ပံ့ပေးသူတွေနဲ့ သုံးစွဲသူတွေရဲ့ 5G နည်းပညာအပေါ် စိတ်အားထက်သန်နေမှုတွေကို ထင်ဟပ်နေတာလည်းဖြစ်ပါတယ်။ 5G စနစ်က လူသားတွေရဲ့ ဘဝတွေ၊ စီးပွားရေးလုပ်ငန်းတွေအတွက် အင်တာနက်အခြေပြုအသုံးအဆောင်ပစ္စည်း (Internet of Things) တွေထက် ပိုတဲ့ ကောင်းကျိုးတွေကို သယ်ဆောင်သက်ရောက်စေ မှာဖြစ်သလို ဒါဟာ စတုတ္ထမြောက် စက်မှုတော်လှန်ရေးလည်းဖြစ်ပါတယ်။ နည်းပညာ၊ စည်းမျဉ်းစည်းကမ်းတွေ၊ လုံခြုံရေးနဲ့ စက်မှုနယ်ပယ်အတွင်းက မိတ်ဆွေတွေအားလုံး ကိုယ်စီကိုယ်ငှ ပါဝင်ဆောင်ရွက်ပြီး ခိုင်မာတဲ့ ဂေဟစနစ် တစ်ခုကို တည်ဆောက်နိုင်မှသာ 5G ရဲ့ ကောင်းကျိုးတွေကို ပြည့်ပြည့်ဝဝ ခံစားနိုင်မှာဖြစ်ပါတယ်” ဟု Ericsson ၏ Executive Vice President and Head of Networks ဖြစ်သူ Fredrik Jejdling မှ ပြောကြားသည်။
Photo Source – https://bit.ly/2N454Fk
ဈေးကွက်အနှံ့အပြားမှ ဆက်သွယ်ရေးဝန်ဆောင်မှုပံ့ပိုးသူများအနေဖြင့် 5G အသုံးပြုနိုင်သည့်စမတ်ဖုန်းများ စတင်ထုတ်လုပ် လာသည့်နောက်ပိုင်းတွင် 5G စနစ်အား ပြောင်းလဲအသုံးပြုလျက်ရှိကြပါသည်။ အချို့ သောဈေးကွက်ဝန်ဆောင်မှု ပေးသူများအနေနှင့် ကနဦးဝန်ဆောင်မှုပေးမည့် တစ်နှစ်အတွင်း လူဦးရေ၏ ၉၀ ရာခိုင်နှုန်းအထိ ရောက်ရှိဝန်ဆောင်မှု ပေးနိုင်ရန်ကိုလည်း ရည်မှန်းချက်ထားကာ ဦးတည်လုပ်ဆောင်လျက်ရှိနေကြပါသည်။