နည်းပညာပိုင်းဆိုင်ရာတွေများစွာတိုးတက်လာပြီးနောက်မှာ ရောင်းချခြင်း၊ ဝယ်ယူခြင်းများကို လွယ်ကူစွာပြုလုပ်နိုင်တဲ့ E-Commerce Platform တွေများစွာပေါ်ပေါက်လာပါတယ်။ ထိရောက်တဲ့ ရောင်းဝယ်ခြင်းတွေအတွက် လူအများအာရုံစူးစိုက် မှုများပြားလာပြီး မြန်မာပြည်အတွက် ထိုက်သင့်သလောက်အောင်မြင်လာခဲ့တယ်လို့လည်းဆိုနိုင်ပါတယ်။ အဲ့ဒီလို E-Commerce Platform တွေများစွာရှိတဲ့အထဲမှာ အောင်မြင်တဲ့နေရာတစ်ခုမှာအပါအဝင်ဖြစ်တဲ့ Marketplace E-Commerce Platform ကလည်းတစ်ခုအပါအဝင်လည်းဖြစ်ပါတယ်။
အခုနောက်ပိုင်းဆိုရင် လုပ်ငန်းရှင်အများစုကလည်း ဒေသထွက် ကုန်ပစ္စည်းတွေကို အင်တာနက်ကနေတဆင့် မြန်မာပြည်အနံှ့ကို ရောင်းချနေကြပြီဖြစ်သလို မြန်မာပြည်မှာအင်တာနက်အသုံးပြုမှုများပြားလာတာနဲ့အမျှ အွန်လိုင်းပေါ်က နေဈေးရောင်း၊ ဈေးဝယ်ပြုလုပ်တဲ့ဈေးကွက်တစ်ခုကပိုမိုကြီးမားလာခဲ့တာဖြစ်ပါတယ်။ ထိုကဲ့သို့ ကြီးမားလာတဲ့ အွန်လိုင်း ဈေးကွက်ကို အကျိုးရှိရှိအသုံးပြုလိုက်ခြင်းကလည်း မြန်မာပြည်အနှံ့က အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေ လည်းအရှိန်အဟုန်နဲ့ အောင်မြင်သွားနိုင်မှာလည်းဖြစ်ပါတယ်။
Photo Source – https://www.facebook.com/MarketPlace.Com.MM/
ဒီနေ့ခေတ်ခေတ်အခါမှာလည်း မိုဘိုင်းဖုန်းတစ်လုံးရှိရုံ၊ အင်တာနက်လိုင်းရှိနေရုံနဲ့လည်း Online Shop ဖွင့်ကာမိမိအိမ်မှာပဲ ဈေးရောင်းလို့ရနေပါပြီပဲဖြစ်ပါတယ်။ ထိုကဲ့သို့ OnlineShopping လုပ်ပြီးဈေးရောင်းကြတဲ့သူတွေအတွက် အခက်ခဲဆုံး ပြဿနာတချို့ကတော့ အိမ်တိုင်ရာရောက်ပစ္စည်းပို့ဆောင်တာ၊ ဝယ်သူတွေဆီက ပိုက်ဆံကောက်ခံတာပဲဖြစ်ပါတယ်။ အဲ့ဒီ အခက်အခဲတွေအတွက်လည်း Marketplace ကများစွာအထောက်အကူဖြစ်စေမှာလည်းဖြစ်ပါတယ်။
Marketplace မှာရောင်းချ၊ ဝယ်ယူနိုင်သော ပစ္စည်းအမျိုးအစားများမှာလည်း ကျန်းမာရေးသုံးပစ္စည်းများ၊ အလှအပဆိုင် ရာပစ္စည်းများ၊ အစားအသောက်ဆိုင်ရာပစ္စည်းမျိုးစုံ၊ ဖက်ရှင်ပိုင်းဆိုင်ရာပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ဖုန်းနှင့်ဆက် စပ်ပစ္စည်းများ၊ လျှပ်စစ်ပိုင်းဆိုင်ရာပစ္စည်းများ၊ စာအုပ်နှင့်စာရေးကိရိယာပစ္စည်းများ၊ အားကစားဆိုင်ရာပစ္စည်းများ၊ ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများ စတဲ့အမျိုးအစားပေါင်းစုံလင်သောပစ္စည်းတွေကို ရွေးချယ်ဝယ်ယူနိုင်မှာလည်းဖြစ်ပါတယ်။ Marketplace မှာဝယ်ယူချင်တဲ့သူတွေ၊ ရောင်းချချင်တဲ့သူတွေအတွက် ပထမဦးစွာ Register ပြုလုပ်ထားဖို့လိုပါတယ်။
Photo Source – https://www.facebook.com/MarketPlace.Com.MM/
Market Place By Myanmar Post ဟုအမည်ပေးထားသော E-Commerce Platform ကိုအများပြည်သူတို့အသုံးပြုနိုင်စေ ရန် ရည်ရွယ်ချက်ဖြင့်တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင်စတင်ခဲ့ခြင်းလည်းဖြစ်သည်။ MARKETPLACE By Myanmar Post Website ဟာမြန်မာ့စာတိုက်လုပ်ငန်းနဲ့ Za Information Technology Co.,Ltd. တို့ကအကျိုးတူပူးပေါင်းဆောင်ရွက်လုပ်ကိုင်တဲ့ E-Commerce Platform ဖြစ်ပါတယ်။ Marketplace Website မှာ ရောင်းချတဲ့ ထုတ်ကုန်/သွင်းကုန်များနဲ့ ပတ်သတ်ပြီးမှန်ကန်မှု ရှိစေရန်အတွက် ရောင်းချသူများ၏ လုပ်ငန်းလိုင်စင်နှင့် သက်ဆိုင်ရာစာရွက်စာတမ်းအထောက်အထားများကို မြန်မာ့စာတိုက်လုပ်ငန်းမှ အဆင့်ဆင့် စီစစ်ပြီးရောင်းချခွင့်ပြုထားခြင်း လည်းဖြစ်ပါတယ်။
မြန်မာ့စာတိုက်လုပ်ငန်းက ရောင်းချသူနဲ့ဝယ်ယူသူတို့အကြား မှန်ကန်ခိုင်မာမှုရှိစေရန်အတွက် ဝယ်ယူသူတို့ထံရောင်းကုန် ပစ္စည်းများကို ပို့ဆောင်ပေးခြင်း၊ ဝယ်ယူသူထံမှ ငွေကောက်ခံပေးခြင်း၊ အခန်းကဏ္ဍကိုသာ အဓိကပံ့ပိုးကူညီဆောင်ရွက်ပေး ခြင်းလည်းဖြစ်ပါတယ်။ ရောင်းချသူများရဲ့ ကုန်စည်စာရင်းများကို ထည့်သွင်းဖော်ပြနိုင်ရန်နဲ့ရောင်းကုန်ပစ္စည်းများအား ဝယ်ယူသူများအလွယ်တကူ မြင်တွေ့နိုင်စေရန်အတွက် Za Information Technology Co.,Ltd. မှနည်းပညာဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးထားခြင်းလည်းဖြစ်ပါတယ်။ အလားတူ ရောင်းချသူများအတွက် ငွေကြေးရှင်းတမ်းဆိုင်ရာအခန်း ကဏ္ဍကိုလည်း နည်းပညာဖြင့်တာဝန်ယူဆောင်ရွက်ပေးလျှက်ရှိပါတယ်။
Photo Source – https://www.marketplace.com.mm/
စားသုံးသူအကာအကွယ်ပေးဥပဒေအကြောင်းအရ ကျိုးကြောင်းစီလျှော်စွာ လိုက်နာဆောင်ရွက်မှုမရှိတဲ့ ရောင်းချသူများအား အရေးယူဆောင်ရွက်ပေးမည်ဖြစ်သည့်အတွက်ကြောင့် Marketplace Website မှဝယ်ယူ အားပေးကြသူများအတွက် အပြည့်အဝ ကာကွယ်ပေးထားပြီးဖြစ်ပါတယ်။ ဒါ့အပြင် ရောင်းချသူများကို နှောက်ယှက်ခြင်း၊ အကြိမ်ကြိမ်မှာယူပြီး ရွေးချယ်မှုမရှိသည့် ဝယ်ယူသူများအား လိပ်စာနှင့်တကွ စီစစ်မှတ်တမ်းတင်ထားတဲ့အတွက်ကြောင့် ရောင်းချသူများဆီမှာ လည်း ထိုပုဂ္ဂိုလ်များနှင့် သက်ဆိုင်သောအသိပေးအချက်အလက်များကိုလည်း ရောင်းချသူများထံသို့ ဖော်ပြထားပါပြီးလည်း ဖြစ်ပါတယ်။
Marketplace.com.mm Website မှာဝယ်ယူစားသုံးသူများမှ နစ်နာမှုတစ်စုံတစ်ရာရှိခဲ့ရင်လည်း Marketplace Customer Care ထံသို့အထောက်အထားခိုင်လုံစွာဖြင့် တိုင်ကြားနိုင်မှာလည်းဖြစ်ပါတယ်။ အဲ့ဒါကြောင့် တာဝန်ယူမှု/တာဝန်ခံမှုစနစ် များပံ့ပိုးဆောင်ရွက်ပေးထားတဲ့အတွက်ကြောင့် စားသုံးသူအများပြည်သူတို့အတွက် မှန်ကန်သေချာသော ထုတ်ကုန်/သွင်း ကုန်ပစ္စည်းများအား စိတ်ကြိုက်လွတ်လပ်စွာဝယ်ယူနိုင်မှာလည်းဖြစ်ပါတယ်။
အောက်ပါ Link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.marketplace.com.mm/
https://www.facebook.com/MarketPlace.Com.MM/