Payment ကိစ္စများအတွက် အဆင်ပြေလွယ်ကူစေမယ့် OnePay

မြန်မာပြည်တွင်း ငွေကြေးသုံးစွဲမှုပိုင်းဆိုင်ရာတွေမှာ တိုးတက်လာတဲ့နည်းပညာကိုအသုံးပြုပြီး ငွေသားမဲ့ငွေပေးချေခြင်းစနစ် ကို များစွာအကာင်အထည်ဖော်လာကြပါပြီ။ ပိုမိုလွယ်ကူလျင်မြန်စေတဲ့ Payment ပုံစံမျိုးတွေနဲ့လက်ကိုင်ဖုန်းက နေတစ်ဆင့် ငွေပေးချေတာတွေ၊ ငွေလွှဲပြောင်းတာတွေ၊ အခြား ခရီးသွားလာမှုဆိုင်ရာတွေကအစ လုပ်ဆောင်လာကြတာ ကလည်း ပိုမိုကောင်းမွန်တဲ့ခေတ်သစ်လူနေမှုအဆင့်တန်းပုံစံတစ်ခုကို ပြောင်းလဲစေဖို့အတွက် ကောင်းမွန်တဲ့လုပ်ဆောင် ချက်တစ်ရပ်လည်းဖြစ်ပါတယ်။ မြန်မာပြည်အနှံ့အပြား ကျေးလက်ဒေသတွေမှာ လက်ရှိအသုံးပြုမှုနည်းပါးနေသေးတယ်ဆို ပေမယ့် နောက်ပိုင်းအသုံးပြုသူဦးရေများပြားလာတာနဲ့အမျှ ကျေးလက်ဒေသများအထိမှာ သုံးစွဲမှုပျံနှံ့လာနိုင်မယ့် အလား အလာကောင်းများရှိလို့နေပါတယ်။
စားသောက်ဆိုင်၊ လူသုံးကုန်ပစ္စည်းအရောင်းဆိုင်၊ ခရီးသွားကားလက်မှတ်၊ လေယာဉ်လက်မှတ်စတာတွေကိုလည်း ငွေ သားကိုင်ဆောင်သုံးစွဲမှုမရှိဘဲ မိုဘိုင်းလ်ဖုန်းမှာ App တစ်ခုထည့်သွင်းထားရုံနဲ့ ငွေပေးချေဝယ်ယူနိုင်သလို တစ်ဦးနဲ့တစ်ဦး ငွေလွှဲပြောင်းခြင်းဆိုင်ရာမှာ လွယ်ကူမြန်ဆန်စေတဲ့အတွက် လုပ်ငန်းလည်ပတ်မှုမှာ အချိန်ကြန့်ကြာမှုမရှိစေမှာ အမှန်လည်း ဖြစ်ပါတယ်။ အဲ့ဒီအတွက်ကြောင့်လည်း မြန်မာပြည်တွင်းမြို့ကြီးတွေမှာ အလွယ်တကူငွေပေးချေနိုင်တဲ့ Payment App တွေ များစွာရှိလို့နေပါတယ်။

Photo Source – https://www.facebook.com/onepaymm/

အဲ့ဒီလို အလွယ်တကူငွေပေးချေလို့ရတဲ့ App တွေထဲမှာလည်း Onepay App တစ်ခုလည်း အပါအဝင်ဖြစ်ပါတယ်။ Onepay ဆိုတာကတော့ နေ့စဉ်လူနေမှုဘဝမှာ လိုအပ်တဲ့ လုပ်ငန်းစဉ်တွေကိုပိုမို အဆင်ပြေချောမွေ့စေဖို့ အသုံးပြုနိုင်တဲ့ မိုဘိုင်းအက်ပ်တစ်ခုဖြစ်ပါတယ်။ Onepay ကိုအသုံးပြုပြီး စမတ်ဖုန်းကနေတစ်ဆင့် ငွေပေးချေခြင်း ငွေလက်ခံခြင်း၊ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုများဝယ်ယူသုံးစွဲဖို့ ငွေပေးချေနိုင်ခြင်း၊ မိုဘိုင်းဖုန်းငွေဖြည့်သွင်းခြင်း၊ ဘေလ်ပေးဆောင်ခြင်း၊ အစားအသောက်များမှာယူပေးချေခြင်းစတဲ့ လုပ်ဆောင်ချက်များကို အသုံးပြုနိုင်ပါတယ်။
Onepay application သည် ဂေဟစနစ်အတွင်း သုံးစွဲသူများနှင့် လုပ်ငန်းရှင်များအကြားသုံးစွဲနေကြသော ငွေပေးချေမှုလုပ် ဆောင်ရေး Platform များ၊ အပြန်အလှန်အသုံးချနိုင်စွမ်းများနှင့် သုံးစွဲရအဆင်ပြေစေရန် လုပ်ဆောင်ပေးပြီး လုံခြုံစိတ်ချရ စေရန် လုပ်ဆောင်ပေးသော Application တစ်ခုလည်းဖြစ်ပါတယ်။ Application ကို စမတ်ဖုန်းတစ်လုံးရှိရုံ မှတ်ပုံတင်ထားသော SIM card တစ်ကဒ်ရှိရုံနှင့် အသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။

Photo Source – https://www.facebook.com/onepaymm/

Onepay App မှာအဓိကပါဝင်တဲ့ လုပ်ဆောင်ချက်တွေကတော့ သုံးစွဲသူများအတွက် ဆိုင်တွေမှာစုံလင်တဲ့ပစ္စည်းများ ဝန်ဆောင်မှုများအတွက် လွယ်ကူမြန်ဆန်တဲ့ငွေပေးချေမှု၊ မြန်မာပြည်တွင်းဖုန်း SIM ကဒ်များအားလုံးအတွက် ဖုန်းဘေဖြည့် သွင်းနိုင်ခြင်း၊ လက်လီဆိုင်များနှင့် လူနေမှုဝန်ဆောင်ခများအတွက် ငွေပေးချေနိုင်ခြင်း၊ မြို့ထဲရှိနာမည်ကြီးစားသောက် ဆိုင်များမှ အစားအသောက်များကို အိမ်တိုင်ရာရောက်မှာယူစားသောက်နိုင်ခြင်း၊ အားကစားပစ္စည်းများအတွက် ကြိုတင်စာရင်းသွင်း ငွေပေးချေမှုများပြုလုပ်နိုင်ခြင်း၊ ဘတ်စ်ကားလက်မှတ်များဝယ်ယူနိုင်ခြင်း၊ သုံးစွဲသူများ၏ AGD ဘဏ်အကောင့်များမှ Application ထဲသို့ အဆင်ပြေလွယ်ကူမြန်ဆန်စွာ ငွေသွင်းငွေထုတ်လုပ်နိုင်ခြင်း၊ မည့်သည့် Visa, Master Card, Credit Cards များဖြစ်သော MPU Cards များကနေပါ wallet ထဲသို့ငွေဖြည့်နိုင်ခြင်း၊ Onepay ကိုအသုံးပြုသည့်အခါ အထူးဝန်ဆောင်မှု အထူးလျှော့ဈေးများရရှိခြင်း၊ အခြား Onepay အသုံးပြုသူများသို့ ငွေလွဲရလွယ်ကူခြင်းစတဲ့အချက်တွေပါဝင်မှာလည်းဖြစ်ပါတယ်။

Photo Source – https://www.facebook.com/onepaymm/

Onepay App ကိုစတင်အသုံးပြုသူများအနေဖြင့် Onepay Application ကို Android နှင့် Apple Store များတွင် အခမဲ့ ရယူနိုင်မှာလည်းဖြစ်ပါတယ်။ ထည့်သွင်းအသုံးပြုမယ့်ဖုန်းနံပါတ်ကိုတော့ မှတ်ပုံတင်ထားရန်လိုအပ်မှာလည်းဖြစ်ပါတယ်။ မှတ်ပုံတင်သည့်အခါမှာလည်း မည်သည့် AGD ဘဏ်ခွဲကိုမဆိုလာရောက်မေးမြန်းနိုင်ပြီး Onepay အေးဂျင့်များကိုလည်း အကူအညီတောင်း၍ မေးမြန်းနိုင်မှာဖြစ်ပါတယ်။
အောက်ပါ Link များမှ ဝင်ရောက်လေ့လာနိုင်ပါတယ်။
https://www.onepay.com.mm/
https://www.facebook.com/onepaymm/
OnePay App အားအောက်ပါ Link မှ ဝင်ရောက် Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.agd.upi