MYTDP ၂၀၂၀ မှ Technopreneurship 2020 Accelerate Award ဆုကို Aung Myin Online Learning Platform မှရရှိ

မြန်မာလူငယ် နည်းပညာ စွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ် (MYTDP) ၂၀၂၀ ကိုအောင်မြင်စွာ ကျင်းပပြီးဆုံးခဲ့ပြီဖြစ်ပြီး အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်တို့မှ နောက်ဆုံးအဆင့်အဖြစ် ရွေးချယ်ခံထားရသည့် အဖွဲ့ ၁၀ ဖွဲ့ အနက်မှ အဖွဲ့ (၄) ဖွဲ့ကို အကဲဖြတ်ဒိုင်အဖွဲ့မှ စိစစ်ရွေးချယ်ခဲ့ကြကြောင်းသိရသည်။ အဆိုပါအသင်း ၄ သင်းတွင် Technopreneurship 2020 Accelerate Award (ကျပ်သိန်းတစ်ရာ) ဆုကို Aung Myin Online Learning Platform မှရရှိခဲ့ကြောင်းသိရသည်။

Photo Source – http://www.mpt.com.mm/

ဆုရရှိခဲ့သောအဖွဲ့များမှာ-
(၁) Technopreneurship 2020 Accelerate Award ဆု ကျပ် သိန်း (၁၀၀)
Aung Myin Online Learning Platform
Aung Myin Online Learning Platform ကို mobile app မှတစ်ဆင့် access ပြုလုပ်၍ စီမံခန့်ခွဲမှုနှင့်သက်ဆိုင်သော သင်ခန်းစာများ HR, Marketing, Finance စသည့်သင်တန်းများကို ဗွီဒီယိုဖိုင် များဖြင့် လေ့လာနိုင်ပါသည်။ လူငယ်များနှင့် ဝန်ထမ်းများအတွက် မဖြစ်မနေ သိရှိထားသင့်သော soft skills များကိုလည်း လေ့လာနိုင်ပြီး ကမ္ဘာကျော်စာအုပ်ကောင်းများ၏ အနှစ်ချုပ် (summary) များကို Animation နှင့် ရှင်းပြထားသည့် ဗွီဒီယို များကိုလည်း ကြည့်ရှု နိုင်ပါသည်၊၊ လစဉ်ကြေး subscription သို့မဟုတ် course တစ်ခုချင်းအလိုက် ဝယ်ယူ၍ လေ့လာနိုင်ပြီး ယခုလက်ရှိပြည်နယ်နှင့် တိုင်းများ အသီးသီးမှ သုံးစွဲသူများ ရှိနေပြီဖြစ်သည်။
(၂) Technopreneurship 2020 Startup Award ဆုကျပ် သိန်း (၈၀)
All In One Sports App
မြန်မာနိုင်ငံတွင် ဘောလုံးပြိုင်ပွဲ အများအပြား ကျင်းပပြုလုပ်နေ သော်လည်း ပွဲရလဒ်များကို ပရိသတ်များ အလွယ်တကူ ပြန်လည်ကြည့်ရှု နိုင်ရန် ကြေညာထားခြင်း၊ မှတ်တမ်း ထိန်းသိမ်း နိုင်ခြင်း မရှိသေးပေ၊၊ ထို့ကြောင့် ယခု App မှတစ်ဆင့် နိုင်ငံတကာမှ Premier League နှင့် Champions League စသည့် ပြိုင်ပွဲများ၏ ရလဒ်များကို ဖုန်းဖြင့်ကြည့်ရှုနိုင်သကဲ့သို့ မြန်မာ ပြည်တွင်းမှ ပြိုင်ပွဲများကိုလည်း ကြည့်နိုင်အောင် ဆောင်ရွက်သွားမည့် App တစ်ခုဖြစ်သည်။ ထို့အပြင် ဘောလုံး အားကစားကို အထူးစိတ်ဝင်စားသည့် ကစားသမားများ ဖွံ့ဖြိုး တိုးတက်မှု ရှိလာစေရေးအတွက် လေ့ကျင့်ရေး နည်းစနစ် ဗွီဒီယိုများ ဆောင်းပါးများနှင့် နည်းစနစ်ပိုင်း နားလည်စေရန် Law of the Games တို့ကို တစ်နေရာတည်းတွင် စုစည်း ထည့်သွင်း ဖော်ပြပေးသွားမည်ဖြစ်သည်။

Photo Source – http://www.mpt.com.mm/

(၃) Technopreneurship 2020 Idea Award ဆု ကျပ်သိန်း (၃၀)
Productive Chicken Farm
ကြက်မွေးမြူရေးအတွက် အထောက်အကူပြုမည့် IOT (Internet of Things ) System တစ်ခု ဖြစ်သည်။ ကြက်မွေးမြူရေးအတွက် အရေးကြီး သော အပူချိန် ၊ စိုထိုင်းဆ ၊ အလင်း ၊ noise နှင့် ရေ၏ အချဉ်ဓာတ် (Acidity) တို့ကို Sensor Data များအပေါ် မူတည်၍ လိုအပ်သလို ထိန်းညှိ ပေးမည့် Product တစ်ခု ဖြစ်ပါသည်၊၊ Sensor အချက်အလက်များကို website တွင် လွယ်ကူစွာ ကြည့်နိုင်ခြင်း ကြက်စာကျွေးစနစ် ရေတိုက်သည့် စနစ်နှင့် website တွင် ကြက်စာနှင့် ကြက်ချေး မြေသြဇာ ရောင်းဝယ်သည့်စနစ်တို့ ပါဝင်သည်။
(၄) Technopreneurship 2020 Idea Award ဆု ကျပ်သိန်း (၃၀)
Futsal Plus
မြန်မာနိုင်ငံတွင်ရှိသည့် futsal ဘောလုံးကွင်း ပိုင်ရှင်နှင့် ကစားသူများအကြား အဆင်ပြေ လွယ်ကူရန် ချိတ်ဆက်ပေးသည့် platform တစ်ခု ဖြစ်သည်။ ယခု app မှာ futsal ကစားသူ များအတွက် အချိန်ကုန်သက်သာပြီး ကွင်းများကို လွယ်လွယ် ကူကူ ငှားရမ်းနိုင်မည်ဖြစ်ကာ ယခင်ကထက် ပိုအဆင်ပြေ လွယ်ကူလာပြီး ကွင်းပိုင်ရှင်များ အနေဖြင့်လည်း လစ်လပ်နေသည့် အချိန် နည်းနိုင်သမျှ နည်းသွားမည် ဖြစ်သည်၊၊ ယခု app ကို အသုံးပြုနေသည့် futsal က စားသမား များအနေဖြင့်လည်း futsal ကို free ကစာနိုင်မည့် point များရရှိနိုင်မည် ဖြစ်သည်။ futsal ကွင်းများ များပြား လာပြီဖြစ်သဖြင့် business ပိုင်းလည်း အခိုင်အမာ ရရှိနိုင်မည် ဖြစ်သည်။

Photo Source – http://www.mpt.com.mm/

Accelerate Award နှင့် Startup Award များ ရရှိခဲ့သည့် အဖွဲ့များသည် ဆုကြေးငွေအပြင် ထင်ရှားသော စွန့်ဦးတီထွင် လုပ်ငန်းရှင်များ၏ လမ်းညွှန်ပြသမှုရရှိနိုင်မည့် အခွင့်အရေး၊ Kanaung Hub Incubation စင်တာတွင် လုပ်ငန်းခွင်နေရာကို ၆ လ ကြာ အသုံးပြုနိုင်မည့် အခွင့်အရေးနှင့် စီးပွားရေး လုပ်ငန်းသစ်အဖြစ် စတင်တည်ထောင်နိုင်ရန် ပံ့ပိုးကူညီမှု အခွင့်အရေးများကို ရရှိသွားမည် ဖြစ်သည်။ အဆိုပါပြိုင်ပွဲကို အသင်းပေါင်း ၈၆ သင်းမှ နည်းပညာ စွန့်ဦးတီထွင်သူပေါင်း ၄၀၀ ကျော်တို့က အဆိုပြုလွှာများ တင်သွင်းခဲ့ကြပြီးယှဉ်ပြိုင်ခဲ့ကြခြင်းလည်းဖြစ်သည်။
ပြိုင်ပွဲ၏ နောက်ဆုံးအဆင့်ယှဉ်ပြိုင်မှုများနှင့် အကဲဖြတ်ဒိုင်လူကြီးများက ယခုနှစ်ပြိုင်ပွဲတွင် အနိုင်ရရှိသူများကိုစိစစ်ရွေး ချယ်ခြင်း အခမ်းအနားကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၂၉ ရက်နေ့က ရန်ကုန်မြို့ MICT park တွင် ကျင်းပခဲ့သည်။