MPT သုံးစွဲသူများ ပြည်တွင်းနှင့်နိုင်ငံတကာတေးသီချင်းများစွာ နားဆင်နိုင်မည့် JOOX VIP ပရီမီယမ်ဝန်ဆောင်မှု ဒေတာပက်ကေ့ချ်အသစ်ကို မိတ်ဆက်

MPT သည် ၎င်း၏ ဂီတချစ်သူ အားလုံးအတွက် ဂီတနှင့် ဖျော်ဖြေရေးတွင် အကောင်းဆုံး ဝန်ဆောင်မှုများ ပေးစွမ်းနိုင်ရန်ရည်ရွယ်၍ ကြိုက်နှစ်သက်ရာ အင်တာနက်အသုံးပြုနိုင်သည့် JOOX Data Pack ဒေတာပက်ကေ့ချ် အသစ်ကို မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း သိရသည်။
JOOX Data Pack ဒေတာပက်ကေ့ချ်အသစ်ကို ဝယ်ယူလိုက်ရုံဖြင့် JOOX ၏ VIP အကျိုးခံစားမှုများဖြစ်သည့် ပြည်တွင်းနှင့် နိုင်ငံတကာတေးသီချင်း သန်းပေါင်းများစွာပါဝင်သော တေးသီချင်းများကို အကန့်အသတ်မရှိ ဝင်ရောက် ခံစားနားဆင်နိုင် မည်ဖြစ်သည်။
JOOX သည် ဂီတဖျော်ဖြေရေး Streaming ဝန်ဆောင်မှုများ ပေးနေသည့်အလျောက် အနုပညာရှင်များ၏ များပြားလှ စွာသော အယ်လ်ဘမ်များ၊ သီချင်းများနှင့် စိတ်ကြိုက်ရွေးချယ်ထားသော Playlist သီချင်းများကို တေးသီချင်းချစ်သူများသို့ ပေးအပ်လျက်ရှိပါသည်။ ထို့အပြင် JOOX VIP အစီအစဉ်သည် တေးသီချင်းများကို Hi-Fi အရည်အသွေးရရှိခြင်း၊ မိမိကြိုက်နှစ်သက်သည့် သီချင်းများကို ရွေးချယ်နားဆင်နိုင်ခြင်းနှင့် ကြော်ငြာ များ မပါဝင်ခြင်းစသည့် အထူးအခွင့်အရေးများကို ရရှိမည်ဖြစ်သည်။ တေးသီချင်းအားလုံးကို အရေအတွက်အကန့် အသတ်မရှိ စိတ်ကြိုက် ဒေါင်းလုတ်ရယူထားနိုင်ကာ Offline ဖြင့် ပြန်လည်နားဆင်နိုင်မည်လည်းဖြစ်သည်။

Photo Source https://www.facebook.com/mptofficialpage/

လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူအများစု မိမိတို့နေအိမ်၌သာနေထိုင်ရစဉ် JOOX Data Pack ဒေတာပက်ကေ့ချ်အသစ်သည် MPT သုံးစွဲသူများကို JOOX VIP ဝန်ဆောင်မှု ခံစားနိုင်ခွင့်နှင့်အတူ အပိုကုန်ကျစရိတ်မရှိဘဲ သီချင်းများအားလုံး အကန့် အသတ်မရှိ စိတ်ကြိုက်နားဆင်နိုင်မည်ဖြစ်သည်။ MPT သုံးစွဲသူများသည် JOOX Data Pack ကို အောက်ပါ အမျိုးအစားများအလိုက် ဝယ်ယူနိုင်ပါသည်။ ဝယ်ယူထားသော JOOX ဒေတာကိုလည်း ကြိုက်နှစ်သက်ရာမည်သည့်နေရာတွင် မဆိုအသုံးပြုနိုင်မည်ဖြစ်သည်။
JOOX သည် MPT ၏ အဓိက မိတ်ဖက်လုပ်ငန်းတစ်ခုဖြစ်သော Tencent ကော်ပိုရေးရှင်း၏ လုပ်ငန်းတစ်ခုဖြစ်ပြီး ၂၀၁၉ ခုနှစ်မှစ၍ MPT သုံးစွဲသူများအတွက် နှစ်သက်ကြည်နူးဖွယ်ရာ ဂီတအတွေ့အကြုံများကို ဝေမျှပေးလျက် ရှိပါသည်။
JOOX Data Pack ကိုဝယ်ယူခြင်းဖြင့် MPT သုံးစွဲသူများသည် JOOX ၏ ကမ္ဘာတစ်ဝန်းရှိ တေးဂီတစာရင်း များထဲမှ သန်းပေါင်းများစွာသော တေးသီချင်းများကို အခမဲ့နားဆင်နိုင်မည်ဖြစ်ပြီး လူမှုကွန်ရက်မှတစ်ဆင့် ဗွီဒီယိုများကို တိုက်ရိုက်ကြည့်ရှုနိုင်ခြင်းနှင့် အွန်လိုင်းဂိမ်းကစားခြင်းစသည့် ဒီဂျစ်တယ်ဝန်ဆောင်မှုများအား အသုံးပြုနိုင် မည်ဖြစ်သည်။
“JOOX က ကျွန်တော်တို့ MPT နဲ့ ၂၀၁၉ ခုနှစ်ကစတင်ပြီး မိတ်ဖက်လုပ်ငန်း ဖြစ်လာခဲ့ပြီး ဒီနှစ်မှာတော့ MPT သုံးစွဲသူတိုင်း အတွက် ပြည်တွင်းနဲ့ နိုင်ငံတကာတေးသီချင်းတွေကို စိတ်ကြိုက်ခံစားနားဆင်နိုင်မယ့် ဈေးနှုန်းသက်သာ တဲ့ JOOX Data Pack ကို မိတ်ဆက်ပေးလိုက်ခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ ပူးပေါင်းမှုကို ပိုမိုခိုင်မာစေမှာပါ။ ကျွန်တော်တို့ရဲ့ ဆန်းသစ်တီထွင်မှုနဲ့ ဈေးနှုန်းသင့်တင့်တဲ့ ဖျော်ဖြေရေးဒေတာဝန်ဆောင်မှုနဲ့အတူ MPT သုံးစွဲသူတွေရဲ့ ဒစ်ဂျစ်တယ်အတွေ့အကြုံကို ပိုမိုကောင်းမွန်လာစေနိုင်မယ်လို့ ယုံကြည်ပါတယ်။ အခုလို ခက်ခဲလှတဲ့ အချိန် ကာလမှာ သုံးစွဲသူတွေကို သက်သောင့်သက်သာနဲ့ အိမ်မှာပဲ နေနိုင်ဖို့၊ ဖျော်ဖြေမှုတွေနဲ့ စိတ်ခွန်အား တက်ကြွမှုတွေပေးစွမ်းနိုင်ဖို့ အထူးခံစားခွင့်တွေနဲ့ MPT ရဲ့ ဒီဂျစ်တယ်ဖျော်ဖြေရေး ဝန်ဆောင်မှုတွေကို တိုးချဲ့ လုပ်ဆောင်နေပါတယ်” ဟု MPT-KGSM Joint Operations ၏ စီးပွားရေးဌာနကြီးမှ အရာရှိချုပ်ဖြစ်သူ Mr. Tetsunori Nagashima က ပြောကြားသည်။

Photo Source https://www.facebook.com/mptofficialpage/

JOOX Data Pack ကို USSD Code နံပါတ် *8003# သို့ ခေါ်ဆိုခြင်း (သို့မဟုတ်) MPT4U app မှတစ်ဆင့် ဝယ်ယူနိုင်ပါသည်။ ထို့နောက် JOOX Data Pack တွင် မိမိကြိုက်နှစ်သက်ရာ Package ကို ရွေးချယ်ဝယ်ယူပြီးပါက ဝယ်ယူထားသော ဒေတာနှင့်တကွ JOOX VIP သို့ဝင်ရောက်နိုင်မည့် Link ကို SMS မှတစ်ဆင့် ရရှိမည်ဖြစ်ပါသည်။ ဝယ်ယူရရှိထားသော JOOX Data Pack ဒေတာပမာဏ ကုန်ဆုံးသွားပါက အခြားဝယ်ယူထားသော အင်တာနက် ပက်ကေ့ချ်များ (သို့မဟုတ်) သုံးသလောက်ပေး အင်တာနက်နှုန်း (Pay As You Go) ဖြင့် ကောက်ခံသွား မည်ဖြစ်သည်။
သုံးစွဲသူများအနေဖြင့် JOOX Data Pack ကို အကြိမ်အကန့်အသတ်မရှိဘဲ စိတ်ကြိုက်ဝယ်ယူကြည့်ရှုနိုင်ပါသည်။ JOOX Pack တစ်ခုထက် ပို၍ဝယ်ယူမည်ဆိုပါက အဆိုပါ ဒေတာပမာဏနှင့် သက်တမ်းသည် ပေါင်းစည်း သွားမည်ဖြစ်ပြီး ဝယ်ယူရရှိထားသော ပက်ကေ့ချ်များ၏ စုစုပေါင်း ဒေတာပမာဏကို အသုံးပြုနိုင်ပါသည်။ သက်တမ်းကာလသည် နောက်ဆုံးဝယ်ယူထားသော အင်တာနက်ပက်ကေ့ချ်၏ သက်တမ်းကုန်ဆုံးရက်အတိုင်း သတ်မှတ်သွား မည်ဖြစ်သည်။ JOOX Music Application ကို ဒေါင်းလုတ်ပြုလုပ်ရန် Google Play Store မှလည်းကောင်း Apple App Store မှလည်းကောင်း ဒေါင်းလုတ်ရယူနိုင်မည်ဖြစ်သည်။
MPT သုံးစွဲသူအားလုံးသည် MPT4U အက်ပလီကေးရှင်းကို အသုံးပြု၍ မိမိတို့၏ ကိုယ်ပိုင်အကောင့်များကို အိမ်မှာ နေရင်း မိုဘိုင်းလ်ဖုန်းပေါ်မှတစ်ဆင့် အဆင်ပြေစွာ စီမံခန့်ခွဲနိုင်မည်ဖြစ်သည်။ JOOX Data Pack ဝန်ဆောင်မှု များနှင့် ပတ်သက်၍ အသေးစိတ်ပိုမိုသိရှိလိုပါက 106 ကို ဖုန်းခေါ်ဆို၍ဖြစ်စေ၊ MPT ၏ တရားဝင် Facebook page သို့ ဝင်ရောက်၍ ဖြစ်စေ၊ MPT ၏ တရားဝင် ဝက်ဘ်ဆိုက် သို့ ဝင်ရောက်၍ဖြစ်စေ ကြည့်ရှုလေ့လာနိုင်ပါသည်။