AMOLED HD မျက်နှာပြင်နဲ့ ကမ္ဘာကြီးကိုချိတ်ဆက်ပေးနိုင်တဲ့ HUAWEI WATCH GT 2e

Huawei ကောင်းမွန်တဲ့ဖန်တီးမှုတစ်ရပ်အနေနဲ့ ထုတ်လုပ်ထားတဲ့ HUAWEI WATCH GT 2e ကလည်း နေ့စဉ်လူနေမှု ပတ်ဝန်းကျင်ကို များစွာအထောက်အကူဖြစ်စေပါတယ်။ HUAWEI WATCH GT 2e မှာ စတိုင်ကျလှပစေခြင်းတွေအပြင် ကိုင်တွယ်ရလွယ်ကူပြီး ကြာရှည်ခံတဲ့ stainless steel frame ကို အရောင်သွေးစုံလင်တဲ့ straps တွေနဲ့ လှပစွာတွဲဖက်ပေးထားပါတယ်။ 1.39-in အသုံးပြုထားတဲ့ AMOLED HD မျက်နှာပြင်နဲ့ ကမ္ဘာကြီးကိုချိတ်ဆက်ပေးပြီး ဒီဇိုင်းမျိုးစုံကိုပြောင်းလို့ရတာကြောင့် လက်ကနေ မချချင်တော့လောက်အောင်စွဲမက်စေမှာပါ။
HUAWEI WATCH GT 2e ရဲ့ များပြားလှသော watch face ဒီဇိုင်းတွေနဲ့ လက်ကို အရောင်ပုံစံအမျိုးမျိုးနဲ့ အလှဆင်နိုင် ပါတယ်။ မိမိရဲ့ နှလုံးခုန်နှုန်း၊ လမ်းလျှောက်နှုန်း၊ ရာသီဥတု အစရှိတဲ့အချက်အလက်တွေကို ကိုယ့်စိတ်ကြိုက်ပြောင်းလဲ လို့ပါတယ်။
HUAWEI ရဲ့ ပထဆုံးထုတ်လုပ်ထားတဲ့ wearable chip ဖြစ်တဲ့ Kirin A1 က အကောင်းဆုံး performance ကိုလုပ် ဆောင်ပေးပြီး power စားခြင်းကိုလည်း သက်သာစေပါတယ်။ HUAWEI WATCH GT 2e မှာပါဝင်တဲ့ Dual-chip ဒီဇိုင်းနဲ့ ပါဝါသက်သာတဲ့ algorithms 2.0 က တစ်နေ့လုံး၊ တစ်ညလုံးအသုံးပြုနိုင်အောင် ထောက်ပံ့ပေးပါတယ်။ ဘက်ထရီကြာ ရှည်ခံစေရန် ပါဝါသုံးစွဲခြင်းကို အလိုအလျောက်ချိန်ညှိပေးပါတယ်။ နှစ်ပတ်တိုင်အောင် အသုံးပြုနိုင်ပါတယ်။

Photo Source https://consumer.huawei.com/mm/

ဒါ့အပြင် ရွေးချယ်နိုင်သော Workout Modes ၈၅ မျိုးပါဝင်ပါတယ်။ အသစ်ထည့်ရှိပေးထားတဲ့ စိတ်ကြိုက်ရွေးချယ်နိုင်တဲ့ workout modes 85 မျိုးက မိမိကို rock climbing, parkour, street dancing ဒါမှမဟုတ် skateboard စီးခြင်းစတဲ့ adventure အသစ်တွေကို မိမိရဲ့လက်ပေါ်မှာတင် အတူလုပ်ဆောင်နိုင်ပြီဖြစ်ပါတယ်။
နောက်ဆုံးပေါ်နည်းပညာကိုအသုံးပြုထားတဲ့ HUAWEI WATCH GT 2e က တောင်တက်ခြင်း၊ ပြေးခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်းအစရှိတဲ့ ပရော်ဖက်ရှင်နယ်အားကစား ၁၅ ခုတို့ကို အချိန်နဲ့တပြေးညီ မှန်ကန်တိကျသော data များကို ထောက်ပံ့ပေးနိုင်ပါတယ်။ ပြင်ပလေ့ကျင့်ခန်းတွေကို ပြုလုပ်တဲ့အခါမှာ တိကျတဲ့လမ်းကြောင်းကို အခြေခံနိုင်ရန် GPS နဲ့ GLONASS positioning systems နှစ်ခုလုံးက ထောက်ပံ့ပေးထားပါတယ်။
HUAWEI WATCH GT 2e မှာပါဝင်တဲ့ VO2Max က လေ့ကျင့်ခန်းတစ်ခုမှာ တစ်ယူနစ်တွင်တိုင်းတာသည့် အောက်စီဂျင် သုံးစွဲမှုကို ရည်ညွှန်းခြင်းဖြစ်ပါတယ်။ VO2Max မြင့်ခြင်းက နှလုံးသွေးလည်ပါတ်မှုခံနိုင်ရည်ကို ဖော်ပြပါတယ်။ ဒါ့အပြင် Aerobic / Anaerobic workout effect က မိမိလေ့ကျင့်ခန်းမှ ကျန်းမာရေးအပေါ် သက်ရောက်မှုကို တိုင်းတာပြသပါတယ်။ ကြာရှည်စွာအေရိုးဗစ်လေ့ကျင့်ခန်းများကို ပြုလုပ်ခြင်းက ကြံ့ခိုင်မှုအလုံးစုံကိုတိုးတက်စေပြီး အေရိုးဗစ်လေ့ ကျင့်ခန်းစွမ်းရည် ကို မြှင့်တင်ပေးပါတယ်။ Recovery Time က လေ့ကျင့်ခန်းအပြည့်လုပ်ပြီးနောက် မလိုအားအပ်သော ဖိအားများအဖြစ် စေရန်အတွက် ပြန်လည်အားဖြည့်ရန်လိုအပ်သည့် အချိန်ကိုရည်ညွှန်းပါတယ်။ လေ့ကျင့်မှုပမာဏ အချက်အလက်ကိုစု ဆောင်းပြီး မိမိရဲ့သင့်တော်သောလေ့ကျင့်မှုကို တွက်ဆပေးပါတယ်။

Photo Source https://consumer.huawei.com/mm/

Personal Fitness Trainer ကတော့အချိန်နှင့်တပြေးညီ နှလုံးခုန်နှုန်း တိုင်းတာခြင်း၊ pace-setting, weight loss, endurance စတဲ့ level အမျိုးမျိုးအတွက် fitness goals အစရှိတဲ့ courses အမျိုးမျိုး၊ အခြေအနေအမျိုးမျိုးအတွက် ကြိုတင်အသံသွင်းထားသည် voice-over (၁၀)မျိုးထက်မနည်းရှိတာကြောင့် မိမိတွင် Personal Fitness Trainer ရှိနေသလို ခံစားရမှာဖြစ်ပါတယ်။ ဒါ့အပြင် မိမိကပုံမှန်လုပ်နေကျလေ့ကျင့်ခန်းကိုလုပ်နေရင်း တစ်ချက်နှိပ်ရုံနဲ့ နာရီက မိမိရဲ့လုပ်ဆောင်မှုတွေကို မှတ်သားသွားမှာဖြစ်ပါတယ်။ Indoor / outdoor running, indoor / outdoor walking, elliptical rowing စတဲ့လေ့ကျင့်ခန်းတွေအတွက် common workout modes (၆) မျိုးပါဝင်ပါတယ်။
Blood oxygen saturation6 (Sp02) က ခန္ဓာကိုယ်ရဲ့ အောက်စီဂျင်အထောက်အပံ့ကို ပြသပေးတဲ့ အရေးကြီးသော vital signs တစ်ခုဖြစ်ပါတယ်။ SpO2 လျော့နည်းခြင်းက အားကုန်ခန်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းနှင့် ခေါင်းမူးခြင်းစတဲ့ လက္ခဏာတွေကိုဖြစ်ပေါ်စေပါတယ်။ HUAWEI WATCH GT 2e မှာ သွေးထဲမှ အောက်စီဂျင် level ကို လိုအပ်တဲ့ အချိန်တိုင်းမှာ တိုင်းတာနိုင်ရန် ထောက်ပံ့ပေးထားပါတယ်။
HUAWEI WATCH GT 2e မှာပါဝင်တဲ့ HUAWEI TruSlee™ 2.0 က ပိုမိုကောင်းမွန်စွာအိပ်စက်နိုင်ရန် အကြံပေးနိုင်သည့်အပြင် အိပ်စက်ချိန်မှာဖြစ်တတ်တဲ့ ကောင်းမွန်စွာမအိပ်စက်နိုင်သော ပြသနာ (၆)မျိုးကို သိပ္ပံနည်းကျကျ ခြေရာခံနိုင်ပါတယ်။ အိပ်စက်နေသောအချိန်တွင်လည်း မိမိရဲ့နှလုံးခုန်နှုန်း၊ အသက်ရှုနှုန်းတို့ကိုစစ်ဆေးပြီး အိပ်စက်ခြင်း အရည်အသွေးကို အမှတ်ပေးနိုင်ပါတယ်။
မိမိရဲ့ bluetooth earphones နဲ့ချိတ်ဆက်ပြီး HUAWEI WATCH GT 2e ကနေ တိုက်ရိုက်သီချင်းတွေကို နားထောင် နိုင်ပါတယ်။ ကြိုးတွေမလိုအပ်ပဲ မိမိရဲ့လေ့ကျင့်ခန်းအတွက် အကြိုက်ဆုံးသီချင်းတွေကို သီချင်းပေါင်း ၅၀၀ ကျော်အထိ သိမ်းဆည်းပေးထားနိုင်ပါတယ်။ ဒါ့အပြင် အချိန်နှင့်တပြေးညီ incoming call များ၊ SMS message များ၊ email များ၊ calendar event များ စသည်တို့ကို လက်ခံပေးပါတယ်။ ဒါ့အပြင် နေ့စဉ်ဘဝအတွက် ရာသီဥတုခန့်မှန်းခြင်း၊ alarms များ၊ timer နှင့် flahslight တို့ကို အသုံးပြုနိုင်တဲ့အပြင် သင့်ဖုန်းရှာရန်အတွက်ပါ အသုံးပြုနိုင်ပါတယ်။
HUAWEI WATCH GT 2e ကအလှပဆုံးပုံရိပ်တွေကို အလွယ်တကူရိုက်ကူးနိုင်ရန် သို့မဟုတ် pre-set 5 seconds timer ထားရှိပြီး မတူညီသောရှုထောင့်တို့ကရိုက်ကူးရန်တို့အတွက် HUAWEI WATCH GT 2e က မိမိဖုန်းရဲ့ remote shutter တစ်ခုအဖြစ် ဆောင်ရွက်ပေးနိုင်ပါတယ်။