ဈေးနှုန်းသင့်တင့်ပြီး သုံးစွဲရတာအဆင်ပြေတဲ့ စမတ်ဖုန်းတွေထဲမှာ vivo Y71 စမတ်ဖုန်းလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ကျဉ်းမြောင်းတဲ့ ဘေးဘောင်တွေနဲ့ 18:9 FullView™ Display အသစ်ကြောင့် screen-to-body အချိုးက 84.4 ရာခိုင်နှုန်း ဖြစ်ပါတယ်။ ရလဒ်ကတော့ အသုံးပြုသူအတွက် စွဲငြိဖွယ်ရာ အာရုံခံစားမှုကို ရရှိစေတာပါပဲ။ သမားရိုးကျ 16:9 အချိုး မြင်ကွင်းနဲ့နှိုင်းယှဉ်မယ်ဆိုရင် 6.0-inch ဖြစ်တဲ့ Y71 မျက်နှာပြင်က 12.5 ရာခိုင်နှုန်း ပိုပြီး မြင်တွေ့နိုင်ပါတယ်။ ဒါပေမယ့် လည်း Y71 ဟာ လက်တစ်ဖက်တည်းနဲ့ ကောင်းကောင်း အသုံးပြုနိုင်တဲ့ အလေးချိန်နဲ့ အရွယ်အစား ဖြစ်နေပါတယ်။
Photo Source https://www.vivo.com/mm/products/
Vivo Y71 စမတ်ဖုန်းဟာ ကောက်ကြောင်းတွေရဲ့ အလှတရားနဲ့ဖန်တီးထားခြင်းလည်းဖြစ်ပါတယ်။ ပေါ့ပါးပြီး ပါးလွှာတဲ့ Y71 ရဲ့ ကိုယ်ထည်က လက်ထဲမှာ အံဝင်ခွင်ကျ ရှိနေစေမယ့် ကောက်ကြောင်းကွေးလေးတွေနဲ့ ဖန်တီးထားတာလည်း ဖြစ်ပါတယ်။ သစ်လွင်မြင့်မားတဲ့ polymer nano-blasting နည်းပညာသစ် ကြောင့် သူ့ရဲ့ဒီဇိုင်းဟာ ချောမွေ့ပြီး စွဲမက်စွာ ထိတွေ့ကိုင်တွယ်ချင်စရာကောင်းနေပါတယ်။
ဆိုဒ် တစ်ခုတည်းက အရွယ်အစားအားလုံးနဲ့ ကိုက်ညီတယ်ဆိုတာမျိုးနဲ့ အလှဓာတ်ပုံရိုက်ကူးခြင်းကို ချဉ်းကပ်လို့ရတယ် ဆိုတာကို မယုံကြည်ပါဘူး။ Vivo Y71 က အသက်အရွယ်၊ ကျား၊မ အမျိုးအစား၊ အသားအရေ၊ အသားအရောင် စတာတွေကို ထောက်လှမ်းဖော်ထုတ်ပြီး သဘာဝကျကျနဲ့ ပိုပြီးလှပတဲ့ မျက်နှာအလှပြုပြင်ခြင်းဆိုင်ရာကို ပြုလုပ်ပေးပါ လိမ့်မယ်။ အချိန်ကြာကြာအသုံးပြုလေလေ၊ Y71 က ဓာတ်ပုံရိုက်တဲ့အလေ့အထ၊ အလှပြုပြင်တဲ့ အလေ့အထတွေကို ပိုပြီး သိရှိမှတ်သားထားလေဖြစ်လို့ selfie ပုံတွေဟာ ပိုပြီးလိုက်ဖက်တဲ့ ဖြည့်စွက်ပြုပြင်မှုတွေ လုပ်ပြီးသား ဖြစ်နေပါလိမ့်မယ်။
vivo Y71 ဟာ PDAF နည်းပညာနဲ့ 13MP အရည်အသွေးမြင့် အနောက်ကင်မရာကို အသုံးပြုထားတာကြောင့် လျင်မြန်စွာကုန်ဆုံးသွားတဲ့ အခိုက်အတန့်လေးတွေကိုတောင် အမိအရဖမ်းယူထားနိုင်ပါလိမ့်မယ်။ ဓာတ်ပုံရိုက်ကူးသူ တွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေကတော့ စူးရှတဲ့နောက်ခံအလင်းရောင်နဲ့ လင်းလွန်းတဲ့အလင်းရောင်တွေပါပဲ။ ဒါပေမယ့် Y71 ကတော့ အဲဒီလိုအလင်းတွေကြောင့် သင့်မျက်နှာ မည်းမသွားအောင် အလင်းရောင် ချိန်ညှိပေးပါတယ်။
Y71 ဟာ 3GB RAM နဲ့ စွမ်းဆောင်ရည်ပြည့် Qualcomm processor ကို အသုံးပြုထားတာကြောင့် app တွေကို လျင်မြန်စွာနဲ့ ဖွင့်နိုင်ပါတယ်။ ဗီဒီယို ကြည့်နေချိန်၊ လူမှုကွန်ရက်အသုံးပြုနေချိန်တွေမှာ ချောမွေ့တဲ့ စွမ်းဆောင်ရည်ကို ရရှိပါလိမ့်မယ်။ အချိန်အကြာကြီးအသုံးပြုနေတယ် ဆိုရင်လည်း Y71 က memory မှာ လေးနေစေမယ့်အရာတွေကို ထောက်လှမ်းပြီး ရှင်းလင်းပေးမှာဖြစ်တာကြောင့် သင်ကတော့ အနှောင့်အယှက်ကင်းကင်းနဲ့ အေးအေးဆေးဆေးအသုံးပြုနိုင် မှာဖြစ်ပါတယ်။
Y71 ဟာ အဆင့်မြင့် Android 8.1 OS ကို အသုံးပြုထားပြီး 3360mAh ဘက်ထရီကို တပ်ဆင်ပေးထားတာကြောင့် စွမ်းအင်ကို ပိုပြီးထိရောက်စွာ သုံးနိုင်ပါလိမ့်မယ်။ vivo ရဲ့ နောက်ဆုံးပေါ် Smart Engine ကလည်း စွမ်းအင်သုံးစွဲမှုကို စီမံခန့်ခွဲပေးမှာဖြစ်တာကြောင့် မကြာခဏ ဘက်ထရီ အားကုန်မှာကို စိုးရိမ်စရာမလိုဘဲ စိတ်ချလက်ချ အပြင်ယူသွားနိုင်ပါ တယ်။
Photo Source https://www.vivo.com/mm/products/
ဖုန်းမျက်နှာပြင်လင်းလာတာနဲ့ Y71 က အသုံးပြုသူမျက်နှာရဲ့ သွင်ပြင်လက္ခဏာတွေကို ဖတ်ရှုဖော်ထုတ်ပြီး လျှင်မြန်စွာ unlock ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ ဖုန်းတစ်လုံးလို့တောင် မထင်ရဘဲ တစ်ချက်ကြည့်လိုက်တာနဲ့ မှတ်မိနေမှာလည်းဖြစ်ပါ တယ်။
vivo ရဲ့ smart Split feature ဟာ 6.0 လက်မရှိပြီး 18:9 အချိုး FullView™ Display နဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ app တွေ တပြိုင်နက်သုံးရတာကို ပိုပြီးတော့ ကောင်းမွန်လာစေမှာပါ။ ဗီဒီယိုကြည့်ရင်းနဲ့လည်း စာရိုက်ပြီး စကားပြောနေတဲ့ အခါ ဗီဒီယိုအရည်သွေးကောင်းနေသလို စာရိုက်ဖို့ ပိုကျယ်တဲ့ နေရာကိုလည်း ရနေပါလိမ့်မယ်။ (လက်ရှိအချိန်မှာ ထောက်ပံ့ပေးနိုင်တဲ့ video streaming တွေကတော့ Facebook, Line, Messages, Viber, WeChat, WhatsApp, BBM, Play Movies & TV, YouTube, Video, MX Player, VLC for Android, Chrome, Gmail တို့ဖြစ်ပါသည်။)