ကျန်းမာရေးဆိုင်ရာ ကြိုတင်ကာကွယ်မှုနဲ့ အနာဂတ်ဆိုင်ရာအစီအစဉ်ချမှုတွေ တွင်ကျယ်လာတဲ့အခါ အနာဂတ်မှာ တဟုန်ထိုး တိုးတက်အောင်မြင်လာနိုင်ခြေရှိတဲ့ လုပ်ငန်းတွေထဲမှာ အာမခံလုပ်ငန်းကလည်း တစ်ခုပါဝင်နေပါတယ်။ ခိုင်မာတဲ့အာမခံလုပ်ငန်းတစ်ခုဖြစ်တဲ့ ပရူဒန်ရှယ်အာမခံနဲ့ အတူလက်တွဲရင်း အပိုဝင်ငွေရရှိနိုင်မယ့် အလုပ်အကိုင် အခွင့်အလမ်းတစ်ခုက ရောက်ရှိလာပါပြီ။
ကျွမ်းကျင်ပညာရှင်များရဲ့ လက်တွဲကူညီမှုနဲ့အတူ ပရူဒန်ရှယ်အာမခံရဲ့ ငွေကြေးဆိုင်ရာအကြံပေးအဖြစ် အခိုင်အမာ ရပ်တည်နိုင်မယ့်အပြင် အချိန်မရွေး၊ နေရာမရွေး ကိုယ်ပိုင်လုပ်ငန်းတစ်ခုလို လုပ်ကိုင်ရင်း အားလပ်ချိန်တွေမှာပါ အပိုဝင်ငွေရှာဖွေနိုင်မှာဖြစ်ပါတယ်။
ငွေကြေးဆိုင်ရာရည်မှန်းချက်တွေကို အကောင်အထည်ဖေါ်နိုင်ဖို့ အခွင့်အလမ်းတွေကို ပရူဒန်ရှယ်အာမခံက ဖန်တီးပေး ထားတဲ့အတွက် တောက်ပတဲ့အနာဂါတ်တွေကို အတူတူအောင်မြင်စွာဖန်တီးနိုင်မှာဖြစ်ပါတယ်။
PRUAdvisor Business Opportunity Event ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ၊ ၂၂ ရက်နေ့၊ နေ့လည် ၃ နာရီခွဲ မှ ၅ နာရီအထိ Zoom မှတစ်ဆင့် ကျင်းပသွားမည်ဖြစ်ပြီး တက်ရောက်လိုသူများစတင် စာရင်းပေးသွင်းနိုင်ပြီဖြစ်ပါတယ်။
Prudential ဟာ ငွေရေးကြေးရေး ဖြေရှင်းချက်တွေ ပေးအပ်ပြီး မြန်မာပြည်သူလူထုအတွေက် သူတို့ရဲ့ နှစ်ရှည် ငွေကြေးစီမံကိန်းတွေနဲ့ အနာဂတ်အတွက် ဘဝအာမခံချက်ရရှိစေတဲ့ ကာကွယ်မှုတွေနဲ့ ငွေကြေးဆိုင်ရာ စုဆောင်းမှုတွေကို လုပ်ဆောင်နိုင်အောင် ဝန်ဆောင်မှုပေးလျက်ရှိတဲ့ ဒစ်ဂျစ်တယ်နည်းပညာကို အခြေပြုတဲ့ အာမခံကုမ္ပဏီ တစ်ခုဖြစ်ပါတယ်။
Photo Source https://web.facebook.com/PrudentialMyanmarLifeInsurance/
Prudential Myanmar Life Insurance (Prudential Myanmar) ဆိုတာ Prudential Corporation Asia လက်အောက်မှာရှိပြီး မြန်မာနိုင်ငံမှာ တစ်ဦးပိုင်အဖြစ် လုပ်ကိုင်နေတဲ့ အသက်အာမခံကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ Prudential Myanmar ဟာ ၂၀၁၉ ခုနစ် နိုဝင်ဘာလမှာ မြန်မာနိုင်ငံ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာ (MoPF) က ပေးအပ်တဲ့ အသက်အာမခံလုပ်ငန်း ဆောင်ရွက်ခွင့်လိုင်စင်ရရှိခဲ့ပြီး မြန်မာနိုင်ငံပြည်သူတွေအတွက် ရေရှည် ယုံကြည်စိတ်ချရတဲ့ ကာကွယ်စောင့်ရှောက်မှုနဲ့ လိုအပ်ချိန်မှာ အထောက်အပံ့ဖြစ်စေမယ့် စုဆောင်းငွေတွေ ပိုမို တိုးပွားလာစေမယ့် အသက် အာမခံ ပေါ်လစီ ထုတ်ကုန်တွေနဲ့ ငွေကြေးဖြေရှင်းချက်တွေကို ဝန်ဆောင်မှု ပေးလျက်ရှိနေပါတယ်။
Prudential Myanmar အနေနဲ့ မြန်မာနိုင်ငံမှာ အသက်အာမခံ လုပ်ငန်းကဏ္ဍ တိုးတက်ပျံ့နှံ့လာစေဖို့နဲ့ ပြည်သူ အားလုံးပါဝင် အသုံးပြုနိုင်တဲ့ ဘဏ္ဍာရေးစနစ်ကို တိုးမြှင့်ဖော်ဆောင်ပေးနိုင်ဖို့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အလေးထား ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ Prudential Myanmar ရဲ့ နည်းပညာ ဦးစားပေးချဉ်းကပ်မှုနဲ့ အာမခံ ဝန်ဆောင်မှုတွေကို ရိုးရှင်းလွယ်ကူပြီး အဆင်ပြေချောမွေ့စွာ ရယူနိုင်မယ့်အပြင် မြန်မာနိုင်ငံ အနှံ့အပြားမှာရှိတဲ့ ပြည်သူတွေဆီကို ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ရောက်ရှိနိုင်စေဖို့ ကတိကဝတ်ပြုထားပါတယ်။
Prudential ဆိုတဲ့ အမှတ်တံဆိပ်တစ်ခုအနေနဲ့ customers တွေရဲ့ အိပ်မက်နဲ့ မျှော်လင့်ချက်တွေကို အလေးထား နားလည်ပေးပြီး အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ဖို့ အဓိကရည်ရွယ်ထားပါတယ်။ ကျွန်ူပ်တို့ရဲ့ ဈေးကွက်ထိပ်တန်း ဝန်ဆောင်မှု ပေးအပ်နိုင်တဲ့ ပလက်ဖောင်းကနေတစ်ဆင့် မြန်မာနိုင်ငံ ပြည်သူ၊ ပြည်သား အားလုံးအတွက် ငွေရေးကြေးရေး စိတ်ချယုံကြည်နိုင်မှုနဲ့ ရှေရှည် အကျိုးဖြစ်ထွန်းစေမယ့် ခံစားခွင့်တွေ ပေးအပ်နိုင်မယ့် အကာအကွယ်တွေ၊ ငွေကြေး စုဆောင်းမှုတွေ ပေးအပ်လျက် ရှိပါတယ်။
အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://web.facebook.com/PrudentialMyanmarLifeInsurance/