လူကြိုက်များပြီး သုံးရလွယ်တဲ့ Cookie TV Application

အားလပ်ချိန်လေးမှာအိမ်မှာနေရင်းဖြစ်ဖြစ် ခရီးသွားနေရင်းနဲ့ပဲဖြစ်ဖြစ် နိုင်ငံခြားဇတ်လမ်းကောင်းကောင်းလေးတွေကို တချို့ ကလည်းကြည့်ချင်တဲ့အခါ ရှိပါတယ်။ တချို့ကလည်း TV ကတိုက်ရိုက်လွှင့်နေတဲ့ အစီအစဉ်တွေကို ဖုန်းထဲကနေပဲအလွယ် တကူကြည့်ချင်ကြတဲ့သူတွေလည်းရှိပါတယ်။ အဲ့ဒါတွေကို အဆင်ပြေစေဖို့အတွက် အခုနောက်ပိုင်းမှာ Cookie TV App ကို သုံးစွဲလာကြပါတယ်။ လူကြိုက်များပြီး သုံးရလွယ်ကူတဲ့ Application တစ်ခုဖြစ်တာကြောင့် အဆင်ပြေစေပါတယ်။
မြန်မာပြည်ရဲ့ ပထမဆုံး All in one Mobile Application ဖြစ်ပြီး နိုင်ငံတကာသတင်းများ၊ အားကစားသတင်းများ၊ ရုပ်သံ ဖျော်ဖြေရေးဝန်ဆောင်မှုများ၊ ကလေးများအတွက်အထူးအစီအစဉ်များ၊ ရုပ်ရှင်များကိုတစ်နေရာတည်းတွင် ကြည့်ရှုနိုင်ပါတဲ့ Mobile TV Application ဖြစ်ပါတယ်။ Cookie TV App ကိုမြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ နှစ်မျိုးနဲ့အသုံးပြုနိုင်ပါတယ်။

Photo Source- https://bit.ly/2Gd09N2

Cookie TV App တွင် ရုပ်သံလိုင်းပေါင်း (၅၀) ကျော်ပါရှိပြီး ထုတ်လွှင့်ခဲ့ပြီးသောရုပ်သံလိုင်းများကိုလည်း တစ်ပတ်အတွင်း ပြန်လည်ကြည့်ရှုနိုင်စေရန်ပြုလုပ်ထားပါတယ်။ နောက်ဆုံးထွက်ရှိထားတဲ့နိုင်ငံခြားဇတ်လမ်းများကိုလည်း မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာတို့နဲ့ကြည့်ရှုနိုင်ပါတယ်။ ဝယ်ယူထားပြီးသားရုပ်ရှင်ဇတ်ကားတွေကိုလည်း “ My Library” ထဲတွင် စတင် ဝယ်ယူသည့်နေ့မှစ၍ ရက်သုံးဆယ်အထိသိမ်းထားလို့ရပါတယ်။ သို့သော် စပြီးကြည့်ရှုလိုက်မယ်ဆိုရင်တော့ (၇၂) နာရီအ တွင်း ပြီးအောင်ကြည့်ရမှာဖြစ်ပါတယ်။

Photo Source- Screenshot by Myanmar Tech Press

နိုင်ငံခြားဇတ်လမ်းများမှာလည်း အသစ်စက်စက်ဇတ်ကားများ၊ တစ်ပတ်အတွင်းထွက်ရှိထားသောဇတ်ကားများ၊ ရောင်းအား အကောင်းဆုံးဇတ်ကားများ၊ လစဉ်ကြည့်ဇတ်ကားများ၊ တစ်ဝက်ဈေးနှုန်းဖြင့်ကြည့်နိုင်သည့်ဇတ်ကားများ၊ ကိုရီးယားဇတ်လမ်း တွဲများ၊ အဆိုတော်မှ သရုပ်ဆောင်ဘဝသို့ဇတ်ကားများ၊ The Rock ဇတ်ကားများ၊ ဖြစ်ရပ်မှန်အခြေခံရိုက်ကူးထားသောဇတ် ကားများ၊ Girl Power ဇတ်ကားများ၊ အကယ်ဒမီဆွတ်ခူးရုပ်ရှင်များ၊ Blumhouse Horror ဇတ်လမ်းများစုစည်းမှု၊ အက်ရှင် ဇတ်မြူးဇတ်ကားများ၊ ဂီတအသားပေးရှပ်ရှင်များ၊ အာကာသစူးစမ်းရေးဇတ်ကားများ၊ ကိုရီးယားဇတ်ကားများ၊ Lego Movies Special ဇတ်ကားများ၊ ဘဝဇတ်ခုံဖြစ်ရပ်စုံ ဇတ်ကားများ၊ အန်နီမေးရှင်းရုပ်ရှင်များ၊ သည်းထိတ်ရင်ဖိုအက်ရှင်ဇတ်လမ်းများ၊ ထိတ်လန့်ခြောက်ခြားဇတ်ကားများ၊ ဟာသဇတ်ကားများ၊ မိသားစုဇတ်ကားများ စသည်ဖြင့် စုံလင်စွာပါရှိပါတယ်။

Photo Source- Screenshot by Myanmar Tech Press

Cookie TV အတွက် ငွေပေးချေရာတွင်လည်း KBZ Bank, MPT, Telenor, Ooredooo, Mytel, Wave Money, OK Dollar တို့မှတဆင့် ပေးသွင်းနိုင်ကြောင်းကိုလည်း App မှာဖော်ပြထားပါတယ်။

Photo Source- https://bit.ly/2Ilagkc

ပထမဆုံး Cookie TV App ကို Install ပြုလုပ်ပြီးတာနဲ့ အပိုလက်ဆောင်အနေနဲ့ ကျပ် (၁၀၀၀၀) ကျပ်ရရှိပြီး မိမိကြိုက်နှစ် သက်တဲ့ ဇတ်ကားကိုတိုက်ရိုက်ကြည့်ရှုသည်ဖြစ်စေ Download ပြုလုပ်၍ ကြည့်ရှုသည်ဖြစ်စေ သတ်မှတ်ထားသည့် ဈေးနှုန်း အတိုင်းကျသင့်သွားမှာဖြစ်ပါတယ်။ ဈေးနှုန်းတွေကတော့ တစ်ကားနဲ့တစ်ကားမတူညီပါဘူး။ ကိုယ့်သူငယ်ချင်းတွေဆီကို Coookie TV App ကိုအသုံးပြုနေရင်းမျှဝေလိုက်ရင်လည်း Bonus တွေရရှိနိုင်ပါသေးတယ်။
Cookie TV App ထဲတွင် “အကူအညီရယူရန်”နေရာကို နိုပ်လိုက်ရင်လည်း Cookie TV နဲ့ပတ်သက်ပြီး ဝန်ဆောင်မှုတွေနှင့် အခြားသိချင်တဲ့အကြောင်း အရာများကိုမေးမြန်းနိုင်သလို အကြောင်းအရာစုံလင်စွာလည်းရှင်းပြထားပါတယ်။

အောက်ပါ Link တွင် ဝင်ရောက် Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details?id=net.giitd.cookietv