Mytel အသုံးပြုသူများအတွက် VIU ၏ ပရီမီယမ်ဇာတ်လမ်းတွဲများအခမဲ့ကြည့်ရှုနိုင်ရန် VIU နှင့်ပူးပေါင်း

Mytelသည် MyID VIU Movie ဟုခေါ်သည့် အသစ်စက်စက် စိတ်ဝင်စားဖွယ် ဖျော်ဖြေရေးဝန်ဆောင်မှုကို MyID အက်ပလီကေးရှင်းတွင် စတင်မိတ်ဆက်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။ Mytel သည် မြန်မာနိုင်ငံတွင် ခေတ်စားလျက်ရှိသော အွန်လိုင်းဗီဒီယို Streaming ဝန်ဆောင်မှုတစ်ခုဖြစ်သည့် VIU နှင့် ပူးပေါင်းခဲ့ပြီး VIU ပလက်ဖောင်းကို MyID အက်ပလီကေးရှင်း၏ ဝန်ဆောင်မှုတစ်ခုအဖြစ် ပေါင်းစပ်လိုက်ခြင်းဖြစ်သည်။ Mytelသည် MyIDအ သုံးပြုသူများအတွက် ယခုဝန်ဆောင်မှုအသစ်ကိုမိတ်ဆက်ပေးခဲ့ပြီးအကောင်းဆုံးပရီမီယမ်ရုပ်ရှင်များ၊ ဇာတ်လမ်းတွဲများအပြင် အခြားအခြားသော ဝန်ဆောင်မှုများကို ကြည့်ရှု့ခံစားရန်အတွက် တစ်ခြားအက်ပလီကေးရှင်းများကိုဒေါင်းလုတ်လုပ်ကာ လစဉ်ကြေးများ ထပ်မံပေးဆောင်ရန်မလိုပဲ အက်ပလီကေးရှင်းတစ်ခုထဲတွင် ရယူနိုင်မည်ဖြစ်သည်။

Photo Source https://www.facebook.com/mytelmyanmar

“Mytel က သုံးစွဲသူတွေအတွက် အကောင်းဆုံးဝန်ဆောင်မှုတွေကိုပေးနိုင်ဖို့ နည်းလမ်းတွေကိုအမြဲကြိုးစားရှာဖွေနေပါတယ်။ ဒါကြောင့် အခုလို VIU အွန်လိုင်းရုပ်သံဝန်ဆောင်မှုကို MyID အက်ပလီကေးရှင်းမှာထည့်သွင်းပေးပြီးသုံးစွဲသူတွေအတွက် တခြားသီးသန့်အက်ပလီကေးရှင်းတစ်ခုကိုထပ်ပြီးထည့်သွင်းစရာမလိုပဲ ပရီမီယမ်ဇာတ်လမ်းတွဲတွေကို အခမဲ့ကြည့်ရှုနိုင် အောင်ဆောင်ရွက်ပေးထားပြီးတော့ MyID ရဲ့ ဖျော်ဖြေရေးကဏ္ဍကိုတိုးမြင့်ပေးထားပါတယ်။ ဒီလိုကြည့်ရှုနိုင် ဖို့ကိုလစဉ်ကြေးတွေထပ်ပေးဖို့မလိုတော့တာကြောင့် Mytel ဝန်ဆောင်မှုတွေကို ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအားလုံး အတွက် စိတ်ကျေနပ်မှုအမြင့်ဆုံးနဲ့ အဆင်ပြေဆုံးအသုံးပြုနိုင်အောင် Mytel အနေနဲ့ ဆောင်ရွက်ပေးထားခြင်း ပဲဖြစ်ပါတယ်”ဟု Mytel ၏ ပြင်ပဆက်ဆံရေးအရာရှိချုပ်ဒေါ်နီလာအေး မှပြောကြားသည်။
Mytel သည် ယခုကဲ့သို့ VIU နှင့်ပူးပေါင်းခြင်းဖြင့် MyID သုံးစွဲသူများအတွက် ရုပ်ရှင်ကြည့်ရှုသောအခါ အကောင်းဆုံး streaming အတွေ့အကြုံအားပေးနိုင်ရန် ရည်ရွယ်ပါသည်။ သုံးစွဲသူများအနေဖြင့် VIU ၏ ပရီမီယမ်ဇာတ်လမ်းတွဲများ ကိုကြည့်ရှုရန် မိမိဖုန်းထဲတွင် အခြားအက်ပလီကေးရှင်းရှိရန်မလိုအပ်ပဲ MyID တွင် ထပ်မံထည့်သွင်းလိုက်သော MyID VIU ဝန်ဆောင်မှုမှတစ်ဆင့် အလွယ်တကူကြည့်ရှုနိုင်မည်ဖြစ်ပါသည်။ ယခုဝန်ဆောင်မှုသည် VIU အက်ပလီကေးရှင်းမှ ဇာတ်ကားများ၊ ဇာတ်လမ်းတွဲများအားလုံးကို MyID မှတစ်ဆင့် ကြည့်ရှုနိုင်ရန် ပေါင်းစပ်ထားခြင်းဖြစ်သည်။ ထို့အပြင် အထူးခံစားခွင့်တစ်ရပ်အနေဖြင့် Mytel သုံးစွဲသူများသည် VIU အက်ပလီကေးရှင်းတွင် သီးသန့်အနေဖြင့် ပရီမီယံဇာတ်လမ်းတွဲများကိုအခမဲ့ ဒေါင်းလုပ်ရယူ၍ ကြည့်ရှုခံစားနိုင်မည်ဖြစ်သည်။ သုံးစွဲသူများသည် ဤ MyID VIU ဝန်ဆောင်မှုနှင့် ဂိမ်းများကိုယခုလင့်ခ်မှတစ်ဆင့် (bit.ly/MyIDApp) သို့မဟုတ် Google Play Store နှင့် App Store နှစ်ခုလုံးမှ ဒေါင်းလုတ်လုပ်၍ ရယူနိုင်သည်။ MyIDသည် သုံးစွဲသူများအတွက် အပြန်အလှန်အကျိုးရှိစေမည့် ဝန်ဆောင်မှု များနှင့် ဒီဂျစ်တယ်ပိုင်းဆိုင်ရာလိုအပ်ချက်များကိုတစ်နေရာထဲတွင် ဖြည့်ဆည်းနိုင်သည့် အက်ပလီကေးရှင်း တစ်ခုဖြစ်ကြောင်း ပြသနိုင်ခဲ့ပြီဖြစ်သည်။

Photo Source https://www.facebook.com/mytelmyanmar

မကြာသေးမီကပင် Mytel သည် MyID အက်ပလီကေးရှင်းတွင် သုံးစွဲသူများစိတ်ဝင်စားအပျင်းပြေစေမည့် ဂိမ်းများဖြစ်သောပျော်စရာတင်းနစ် ၊ ဝက်ဖိုက်တာ ၊ ဝက်ဘောလုံး ၊ သေနတ်ပစ်သမားနှင့် အအေးမိုင်းတွင်းအစရှိသည့် ဂိမ်း ၅ မျိုးအား မိတ်ဆက်ခဲ့သည်။ အသုံးပြုသူများသည် ဂိမ်းများအားအခမဲ့ကစားနိုင်သကဲ့သို့ ပြိုင်ဘက် အခြားကစားသမား များနှင့်လည်းလောင်းကြေးထပ်ကစားခြင်းဖြင့် အနိုင်ရရှိလျှင် ဂိမ်းဒင်္ဂါးများ၊ ချန်ပီယံရှစ်ရမှတ်များနှင့် အပတ်စဉ်နှင့်လစဉ် ဆုများရရှိနိုင်ရန် အခွင့်အလမ်းများကိုရရှိနိုင်မည်ဖြစ်သည်။ ဂိမ်းဒင်္ဂါးများကိုသုံးစွဲသူများ၏ လက်ကျန်ငွေအားအသုံးပြု၍ ဝယ်ယူနိုင်ပြီး Mytel ဒေတာနှင့် On-net Voice များကိုလည်းဂိမ်းဒင်္ဂါးများဖြင့် ပြန်လည်လဲလှယ်နိုင်မည်ဖြစ်သည်။ ကစားသမားတိုင်း၏ အနိုင်ရရှိထားသောချန်ပီယံရှစ်အမှတ်စုစုပေါင်းအားဂိမ်း၏ မူလစာမျက်နှာပေါ်ရှိအမှတ်ပေးဇယားတွင် ဖော်ပြနေမည်ဖြစ်ပြီးမိမိရောက်ရှိနေသောအဆင့်ကိုအပတ်စဉ် ပြန်လည်ကြည့်ရှုနိုင်မည်ဖြစ်သည်။ အမှတ်ပေးဇယားမှ အမှတ်အများဆုံးရရှိသူ ၁၀ ယောက်အားအပတ်စဉ်အနိုင်ရရှိသူများအဖြစ် ရွေးချယ်သွားမည် ဖြစ်ပြီးထိုသူများကိုအပတ်စဉ် ဆုကြေးအဖြစ် ငွေကျပ် ၅သိန်းတိတိအား MytelPay e-Money မှတစ်ဆင့် ပေးအပ်သွားမည်ဖြစ်သည်။ လစဉ်အနိုင်ရရှိ သူအား “Golden Pot ကံထူးရှင်” အဖြစ် ကျပန်းကျရွေးချယ်ကာ e-Money ဆုများထပ်မံပေးအပ်သွားမည်ဖြစ်သည်။
မြန်မာလူမျိုးတို့၏ အကျိုးနှင့်သက်သာချောင်ချိရေးအားဂရုစိုက်သော ရှေ့ပြေးတီထွင်သူအော်ပရေတာ Mytel သည် မိမိနိုင်ငံအား အကူအညီဖြစ်စေနိုင်မည့် ဆန်းသစ်သောတီထွင်မှုများနှင့် ဝန်ဆောင်မှုများ၏ ဖွံ့ဖြိုးတိုးတက်ရေးအား အထူး အာရုံစိုက်လျက်ပြီး မြန်မာပြည်သူတို့အတွက် ကောင်းမွန်သောအနာဂတ်ကိုဖန်တီးပေးနိုင်ရန် ဆက်လက်၍ ဆောင်ရွက်သွား မည် ဖြစ်ပါသည်။
Mytel ကုမ္ပဏီသည် ၂၀၁၆ခုနှစ်တွင် တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံဆက်သွယ်ရေးဈေးကွက်သို့ နောက်ဆုံးဝင်ရောက် လာသည့် ဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီဖြစ်သည်။ မြန်မာနိုင်ငံတွင် ဝန်ဆောင်မှုပေးနေသော ဆက်သွယ်ရေး အော်ပရေတာ ၁၁ ခုနှင့် ချိတ်ဆက်ပြီးရှေ့ပြေးဈေးကွက်များတွင် ဆယ်စုနှစ်တစ်ခုကျော်တိုင် အတွေ့အကြုံရှိသည့် ဗီယက်နမ်ဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီ Viettel နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ အသေးစိတ်အချက် အလက်များကိုပိုမိုသိရှိလိုပါက https://www.facebook.com/mytelmyanmar နှင့် https://www.mytel.com.mm တွင် ဝင်ရောက်ကြည့်ရှု့နိုင်သည်။