Facebook ကစတင်ပြုလုပ်လိုက်တဲ့ Messenger Rooms Feature အသစ်

သူငယ်ချင်းတွေစုဖွဲ့ပြီးစကားပြောတာ အစည်းအဝေးတွေလုပ်တာက အနားမှာရှိနေရင်တော့ အားလုံးပြည့်စုံနေပေမယ့် အဝေးမှာရောက်နေတဲ့အချိန်ဆိုရင်တော့ လိုအပ်ချက်တွေရှိလာပါပြီ။ ဒီလိုအဝေးကသူတွေနဲ့ စုဝေးနိုင်ဖို့ အစည်းအဝေးတွေလုပ်နိုင်ဖို့အတွက် နည်းပညာအကူအညီတွေယူဖို့လိုလာပြီ ဖြစ်ပါတယ်။ Zoom, Zoho Meeting, Team Viewer, Skype for Business, Microsoft Teams, Skype, Google Meet စတာတွေကိုအသုံးပြုပြီး အစည်းအဝေးတွေပြုလုပ်လာကြတာများပါတယ်။

Photo source https://about.fb.com/news/2020/04/introducing-messenger-rooms/

Video နဲ့အစည်းအဝေးလုပ်တာ ဖြစ်တဲ့အတွက် အသံပဲကြားရတာထက်စာရင် အများကြီး သာလွန်ပါတယ်။ တစ်နေရာနဲ့တစ်နေရာသွားလာဖို့အတွက်လည်း မလိုအပ်တော့ဘဲ အသွားအလာကုန်ကျစရိတ်တွေနဲ့ အချိန်တွေပိုပြီး သက်သာသွားမယ်။ လိုအပ်တာအားလုံးကိုလည်း အဝေးကနေပဲ အင်တာနက်ရှိရုံနဲ့ အလုပ်တွေလုပ်နိုင်မယ်။ Video နဲ့အစည်းအဝေးလုပ်ပြီး အလုပ်လုပ်ခြင်းက ဆုံးဖြတ်ချက်ချရတာတွေလွယ်ကူစေပြီးတော့ အချိန်ကုန်လည်း သက်သာစေပါတယ်။ ဆိုးကျိုးအနေနဲ့ကတော့ အချင်းချင်းတိုင်ပင်ချိတ်ဆက်မှုအားနည်းနိုင်ပါတယ်။ အင်တာနက်လိုင်းမကောင်းတာနဲ့ကြုံတဲ့အခါ အခက်အခဲတွေလည်း ဖြစ်နိုင်ပါတယ်။ နည်းပညာအခက်ခဲတွေပေါ်ပြီးတော့ အဖွဲ့အစည်းနဲ့လုပ်ဆောင်မှုအားနည်းတာတွေ စိတ်ဖိစီးမှုပိုများတာတွေ ဖြစ်နိင်ပါတယ်။

Photo source https://about.fb.com/news/2020/04/introducing-messenger-rooms/

အခုလို COVID-19 ကာလကြောင့် Work From Home စနစ်နဲ့ အိမ်မှာအလုပ်လုပ်နေရင်း နေရင်း Video Chatting Software တွေအသုံးများလာတဲ့အချိန်မှာ လူသုံးများတဲ့ Facebook ကလည်း သူ့ရဲ့ Messenger မှာ Meeting တွေ လူအများနဲ့ ပြုလုပ်နိုင်မယ့် Messenger Rooms Feature အသစ်ကို စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ Zoom, Skype, Google Meet, Microsoft Team တို့လိုမျိုးအသုံးပြုနိုင်မှာ ဖြစ်ပြီးတော့ အချိန်ကန့်သတ်ထားခြင်းမရှိတဲ့အတွက် အသုံးပြုရပိုပြီးအဆင်ပြေစေမှာ ဖြစ်ပါတယ်။ Facebook ဒါမှမဟုတ် Messenger Application တွေကနေ Group Video Chat ကိုခေါ်ဆိုနိုင်မှာ ဖြစ်ပြီးတော့ လူအယောက် ၅၀ အထိ ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။

Messenger Rooms ရဲ့ Privacy Protection တွေအနေနဲ့ ကိုယ်လုပ်ထားတဲ့ Room ကိုဘယ်သူမြင်နိုင်တယ်ဆိုပြီး Lock နဲ့ Unlock ပြုလုပ်နိုင်ပါတယ်။ Unlock လုပ်ထားမယ်ဆိုရင်တော့ Room ရဲ့ Link ရှိတဲ့ဘယ်သူမဆို ဝင်ရောက်နိုင်မှာဖြစ်ပါတယ်။ Room Creator အနေနဲ့စတင်ခေါ်ဖို့တော့လိုပါတယ်။ Room Creator အနေနဲ့လည်း ဘယ်သူ့ကိုထည့်မယ် ဘယ်သူ့ကိုထုတ်မယ်ဆိုပြီးဆုံးဖြတ်နိုင်ပါတယ်။ Facebook ရဲ့စည်းမျဉ်းတွေကိုချိုးဖောက်မှုအတွက် Room ကို Report တင်နိုင်ပေမယ့် Facebook အနေနဲ့ ဖုန်းခေါ်ဆိုမှုထဲက Video နဲ့ Audio ပြောဆိုမှုတွေကို ဝင်ရောက်ကြည့်ရှုနေမှာတော့ မဟုတ်ပါဘူး။

Photo source https://about.fb.com/news/2020/04/introducing-messenger-rooms/

Room တစ်ခုကိုစထောင်ဖို့အတွက် အရင်ဆုံး Facebook နဲ့ Messenger နောက်ဆုံး Version ရှိနေဖို့တော့ လိုအပ်ပါတယ်။ Messenger ကိုအရင်ဖွင့်ပြီးတော့ ညာဘက်အောက်ခြေက People ကိုနှိပ်လိုက်ပါ။ Create Room ကိုနှိပ်ပြီးတော့ ပါဝင်နိုင်မယ့်သူတွေကို ရွေးပေးလိုက်ရပါမယ်။ အခြားသူတွေကိုလည်း Room မှာဖိတ်ခေါ်ဖို့အတွက် Room ရဲ့ Link ကို Share ပေးရမှာြဖစ်ပြီးတော့ ကိုယ့်ရဲ့ New Feed, Group နဲ့ Event တွေအထိပါ Sharing လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ Facebook ရှိနေတဲ့အတွက် ဖုန်းတွေ ကွန်ပြူတာတွေကနေအသုံးပြုနိုင်ပြီး Download လုပ်စရာတွေလိုအပ်မှာ မဟုတ်ပါဘူး။

နောက်တစ်ချက်အနေနဲ့ Messenger Room ကိုဝင်ရောက်နိုင်ဖို့အတွက် Facebook Account ရှိစရာလည်း မလိုအပ်ပါဘူး။ Facebook အနေနဲ့ လာမယ့်လတွေမှာလည်း Features တွေကို Messenger Rooms မှာ ထပ်တိုးဖြည့်သွားဦးမယ်လို့ သိရပါတယ်။