ထိတ်လန့်ဖွယ် သရဲ၊ ဝိဉာဉ်၊ ကမ္ဘီရ အကြောင်းအရာများကို ဖတ်ရှုနိုင်မည့် Application (၂) ခု

စာပေတွေထဲမှာလည်း ရသစာပေ၊ သုတစာပေတွေကို ကြိုက်နှစ်သက်တဲ့သူတွေရှိသလို နာနာဘာဝနဲ့ပတ်သက်တဲ့ စိတ်လန့် ခြောက်ခြားဖွယ်အကြောင်းအရာတွေကို ကြိုက်နှစ်သက်ကြတဲ့သူတွေလည်း ရှိပါတယ်။ ထူးဆန်းဖွယ်ရာကမ္ဘီရအကြောင်းအ ရာတွေ၊ ဝိဉာဉ်လောကသားတွေရဲ့ အဖြစ်အပျက်တွေကို အရမ်းစိတ်ဝင်စားကြတဲ့သူတွေကလည်း ကိုယ်တိုင်က ကြောက် တတ်နေတာတောင်မှ ကြောက်ကြောက်လန့်လန့်နဲ့ ဖတ်ဖြစ်အောင်ဖတ်ကြပါသေးတယ်။ တချို့ကလည်း ကလေးသူငယ် တွေကို ပုံပြင်အဖြစ်ပြန်လည်ပြောပြဖို့ ဖတ်ရှုကြပါတယ်။

Photo Source – http://mosthauntedplacesblog.com/asia/india/orissa/

နာနာဘာဝအကြောင်းအရာတွေ၊ ကမ္ဘီရဆိုင်ရာအကြောင်းအရာတွေက လူတစ်ယောက်ရဲ့ကြောက်စိတ်ကိုဖြစ်စေတတ်သလို စိတ်ဝင်စားမှုကိုလည်းမြင့်တတ်စေတာအမှန်ပါပဲ။ အဲ့ဒါကြောင့်လည်း အချို့ကနာနာဘာဝနဲ့သက်ဆိုင်တဲ့စာအုပ်၊ ထူးဆန်းအံ သြဖွယ်အကြောင်းအရာတွေကို စာအုပ်ဆိုင်မှာတကူးတကရှာဖွေဝယ်ယူပြီး အားလပ်တဲ့အချိန်တိုင်းဖတ်ကြလေ့ရှိပါတယ်။ အ ထူးသဖြင့် လျှိ့ဝှက်ဆန်းကြယ် အကြောင်းအရာ၊ ဝိဉာဉ်၊ သရဲ စတဲ့အကြောင်းအရာတွေကို ယောင်္ကျားလေးစာဖတ်ပရိတ် သတ်ထက် မိန်းကလေးစာဖတ်ပရိတ်သတ်က အများဆုံးပိုပြီးဖတ်ရှုတတ်ကြပါတယ်။
အချို့နာနာဘာဝနဲ့သက်ဆိုင်တဲ့ စာပေတွေကအပြင်လောကရဲ့ တကယ့်ဖြစ်ရပ်မှန်တွေကို ပြန်လည်ရေးသားတင်ပြထားခြင်း ဖြစ်ပြီး တချို့အကြောင်းအရာတွေကတော့ အသိပညာတစ်ခုခုပေးတဲ့အနေနဲ့သာရေးသားဖော်ပြထားခြင်းလည်းဖြစ်ပါတယ်။ ဖြစ်ရပ်မှန်တွေကိုအခြေခံပြီး ရေးသားတင်ပြထားခြင်းကလည်း စာဖတ်သူတွေအနေနဲ့ဗဟုသုတတစ်မျိုးရစေသလို အခြားရသ တစ်ခုခုကိုပေးစေလိုတဲ့ ရည်ရွယ်ချက်နဲ့ရေးသားထားတဲ့ စာပေတွေကလည်းဆွဲဆောင်မှုနဲ့စာဖတ်သူတွေ အထူးစိတ်ဝင်စား စေပါတယ်။

Photo Source – http://www.globalinfoking.com/10-most-haunted-places-in-the-world/

ဒါ့အပြင် မိမိနဲ့အကြိုက်တူဝါသနာတူသူငယ်ချင်းမိတ်ဆွေတွေကို တဆင့်ပြန်လည်မျှဝေပေးနိုင်သလို ဖုန်းထဲမှာအလွယ်တကူ ဆောင်ထားလို့ရတဲ့အတွက် ကိုယ်ကခရီးထွက်နေရင်တောင်မှ နေရာမရွေးအချိန်မရွေးဖတ်ရှုလို့ရတာကလည်း အားသာချက် တစ်ခုပါပဲ။ ခုဖော်ပြပေးမယ့် Mobile Application တွေကတော့ စာအုပ်ဝယ်ယူစရာမလိုပဲ အားလပ်တဲ့အချိန်တွေ၊ အိပ်ယာ ဝင်တဲ့အချိန်တွေမှာ ကိုယ်စိတ်ဝင်စားတဲ့ နာနာဘာဝ၊ ဝိဉာဉ်၊ ကမ္ဘီရဆိုင်ရာအကြောင်းအရာတွေကို ရွေးချယ်ဖတ်ယူနိုင်တဲ့ Application တွေပဲဖြစ်ပါတယ်။

Photo Source- Screenshot by Myanmar Tech Press

(၁) Taye Kabar (သရဲကမ္ဘာ)
ဒီ Application ကတော့ နာနာဘာဝလောကမှာဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းအရာတွေကို စာဖတ်သူတွေစိတ်ဝင်စား အောင်နဲ့ အလွယ်တကူဖတ်ရှုလို့ရအောင် ဖော်ပြထားပါတယ်။ Application ထဲက အချို့အကြောင်းအရာတွေက ဖြစ်ရပ်မှန် တွေကို အခြေခံပြီးရေးသားဖော်ပြထားတာဖြစ်တဲ့အတွက် အမှန်တကယ်စိတ်ဝင်စားမှုရရှိစေမှာပါ။ အင်တာနက်ဖွင့်ပြီးအသုံး ပြုရတဲ့ Application ဖြစ်ပေမယ့် ထင်ထင်ရှားရှား ရှင်းရှင်းလင်းလင်းဖတ်ရှုနိုင်ပါတယ်။ ပါရှိတဲ့အကြောင်းအရာတွေကလည်း ဖြစ်ရပ်မှန်ဇတ်လမ်းတွေကို အခြေခံထားတဲ့စာပေတွေအပြင် (သရဲအားသွားရောက်စိန်ခေါ်မိသူ)၊ (ဘူတာရုံကသရဲ)၊ (အမိန့်ပြန်တမ်းမရလို့ မကျွတ်မလွတ်တဲ့ရုံးစောင့်) စတဲ့ခေါင်းစဉ်တွေများစွာနဲ့ စာဖတ်သူတွေ အထူးဆွဲဆောင်မှုရှိအောင် ရေး သားဖော်ပြပေးထားပါတယ်။

Photo Source by Myanmar Tech Press

(၂) Myanamr Ghost Story (သရဲလောကအကြောင်းများ)
ဒီ Application ကလည်း နာနာဘာဝနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကို စာဖတ်သူတွေ ရွေးချယ်ဖတ်ရှုလို့ရစေရန် ကဏ္ဍ အလိုက်ခွဲခြားဖော်ပြထားပါတယ်။ (ကိုယ်တွေ့သရဲများအကြောင်း၊ ကမ္ဘီရဖြစ်ရပ်ဆန်းများ၊ ဖြစ်ရပ်မှန်ဇတ်လမ်းများ၊ ဝိဉာဉ် Video များ၊ သရဲဝတ္တူများ) စတဲ့အကြောင်းအရာတွေ ကိုဖော်ပြထားသလို မိတ်ဆွေသူငယ်ချင်းကိုလည်း ထပ်ဆင့်မျှဝေလို့ ရအောင်ပြုလုပ်ထားပါတယ်။ စာဖတ်သူစိတ်ဝင်စားအောင် ပုံနှင့်တကွရေးသားဖော်ပြထားသလို Bookmark ပြုလုပ်ထားပြီး Offline ဖြင့်လည်း အသုံးပြုဖတ်ရှုနိုင်တဲ့အတွက် ပိုအဆင်ပြေစေပါတယ်။
ဖော်ပြပါ Application များကို အောက်ပါ Link မှ ဝင်ရောက် Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.taye.kabar
https://play.google.com/store/apps/details?id=com.myanplaystore.myanmarghoststory