ရန်ကုန်မြို့တွင်း ဆိုင်အမျိုးမျိုးရဲ့ Discount တွေကိုသိရှိနိုင်တဲ့ KOOLPON Myanmar

ရန်ကုန်မြို့မှာတော့ စားသောက်ဆိုင်၊ အနားယူအပန်းဖြေစရာ Entertainment နေရာတွေကအများကြီးဆိုပေမယ့် တကယ့် တကယ်သွားတော့မယ်ဆိုရင် ရွေးချယ်ရခက်နေတဲ့အခါမျိုးတွေဖြစ်တတ်ကြပါတယ်။ ဘယ်ဆိုင်မှာ ဘယ်လိုဈေးနှုန်းတွေရှိ တယ်။ ဘယ်လို Discount တွေရှိတယ်ဆိုတာလည်း ကြိုတင်မသိထားတော့ ရွေးချယ်သွားရောက်တဲ့အခါအခက်တွေ့စေ တတ်တာအမှန်ပါပဲ။ သွားရောက်စားသောက်ပြီးမှ စိတ်တိုင်းမကျတဲ့အခါမျိုးဆိုရင်လည်း အချိန်လည်းကုန်သလို စိတ်ကသိ ကအောက်ဖြစ်စေပါတယ်။

Photo Source – https://www.facebook.com/koolpon.myanmar/

ရန်ကုန်မြို့တွင်းမှာသွားလာလှုပ်ရှားနေရတဲ့သူတွေအဖို့တော့ ကိုယ်စားချင်တဲ့အစားအစာဆိုင်တွေနဲ့ ကိုယ်သွားရောက်အပန်း ဖြေချင်တဲ့ Entertainment နေရာတွေကိုတော့ သိပြီးသားလူတွေရှိသလို မသိသေးတဲ့လူတွေလည်းရှိပါတယ်။ သိတဲ့သူဖြစ် စေ၊မသိသေးတဲ့သူဖြစ်စေ စားချင်တဲ့အစားအစာ၊ သွားရောက်အပန်းဖြေချင်တဲ့နေရာတွေရဲ့ Discount တွေကို စုံစုံလင်လင် သိရှိထားတော့ ပိုအဆင်ပြေသွားပြန်ပါတယ်။ အဲ့လိုသိထားတဲ့အတွက် မိတ်ဆွေအပေါင်းအသင်းတွေကို တဆင့်ပြန်လည် ပြောပြလို့ရသလို ကိုယ်တိုင်လည်းအားလပ်တဲ့အခါတွေမှာ သွားရောက်နိုင်ပါတယ်။

Photo Source – https://www.facebook.com/koolpon.myanmar/

ခုလိုမိုးရာသီမှာတော့ ရာသီဥတုအနေအထားမကောင်းရင် အိမ်ထဲကအိမ်ပြင်မထွက်ဖြစ်ကြတဲ့သူတွေက အပြင်မှာတစ်ခုခု ဝယ်မယ်၊ စားမယ်၊ ပြီးတော့ Discount ချထားတဲ့ဆိုင်လေးဆိုရင်ပိုကောင်းမယ်လို့တွေးနေတဲ့သူတွေအတွက်တော့ နည်း လမ်းကောင်းလေးတစ်ခုတော့သိထားသင့်ပါတယ်။

Photo Source – https://www.facebook.com/koolpon.myanmar/

ဘယ်ဆိုင်မှာ ဘယ်လို Discount တွေပေးပြီး ဘယ်လိုဝန်ဆောင်မှုမျိုးတွေရှိတယ်ဆိုတာကအစသိချင်လို့ အပြင်ထွက်ပြီး တကူးတကစုံစမ်းနေရာမလိုအောင် ခုခေတ်ခုအခါမှာတော့ နည်းပညာပိုင်းဆိုင်ရာအကူအညီတွေကများစွာရှိနေပါပြီ။ ဖုန်းထဲ ကို Application တစ်ခုထည့်ထားရုံနဲ့ သိမြင်နိုင်တာဖြစ်တဲ့အတွက် Application တစ်ခုခုတော့ ဆောင်ထားဖို့လိုပါတယ်။

Photo Source – https://www.facebook.com/koolpon.myanmar/

KOOLPON Myanmar Application ကတော့ရန်ကုန်မြို့တွင်းက အစားအသောက်၊ Entertainment၊ အသုံးအဆောင် ပစ္စည်း၊ အလှအပပြုပြင်ရေးဆိုင်ရာတွေ စတဲ့နေရာပေါင်းစုံရဲ့ Discount တွေကို တစ်နေရာတည်းစုံစုံလင်လင်နဲ့ဖော်ပြပေး ထားတဲ့အတွက် အရာရာနှံ့နှံ့စပ်စပ်ပိုသိရှိနိုင်ပါတယ်။
KOOLPON Myanmar App ကို Install ပြုလုပ်ပြီးစတင်ဖွံ့လိုက်ပြီဆိုတာနဲ့ Food & Drinks ၊ Beauty & Spa၊ Electronic၊ Fachion စတဲ့ အကြောင်းအရာတွေကို ဖော်ပြထားပြီး မိမိသိလို့ရှာဖွေချင်တဲ့အကြောင်းအရာကို ရွေးချယ်ကြည့်ရှုနိုင်ပါတယ်။ မြန်မာဘာသာနဲ့အင်္ဂလိပ်ဘာသာ နှစ်မျိုးဖြင့်အသုံးပြုနိုင်အောင်ပြုလုပ်ထားပါတယ်။
KOOLPON Myanmar Facebook Page တွင်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။
https://www.facebook.com/koolpon.myanmar/
အောက်ပါ Link မှ ဝင်ရောက် Install ပြုလုပ်နိုင်ပါတယ်။
-App Store –
https://apple.co/2SsLNLn
-Play Store-
https://bit.ly/2Tp45Sk