လူကြိုက်များနေပြီး ရုပ်ရှင်ကြည့် Application တစ်ခုဖြစ်တဲ့ “လာလာကြည့်” App

ခုနောက်ပိုင်းဖုန်းအသုံးပြုသူတော်တော်များများကတော့ Mobile Application တွေကိုသုံးပြီး မြန်မာရုပ်ရှင်ဇာတ်ကားတွေ၊ နိုင်ငံခြားဇတ်ကားတွေကို အလွယ်တကူကြည့်ရှုတတ်လာကြသလို ဈေးနှုန်းသက်သာပြီး အသုံးပြုရအဆင်ပြေတဲ့ Mobile Application တွေကိုလည်း ရွေးချယ်အသုံးပြုလာတတ်ကြပါတယ်။ ငွေကြေးကုန်ကျမှုလည်း သက်သာစေသလို အားလပ် ချိန်မှာ မိမိနှစ်သက်ရာ ရုပ်ရှင်ဇတ်ကားတွေကိုသက်သောင့်သက်သာနဲ့ ကြည့်ရှုခွင့်ရတဲ့အတွက်ကြောင့် အားရကျေနပ်မိစေ တဲ့အတွက်ကြောင့်ပါပဲ။

Photo Source- https://www.facebook.com/lalakyi4u/?epa=SEARCH_BOX

ရုံတင်ပြီးသားရုပ်ရှင်ဇတ်ကားတွေ၊ မြန်မာဇတ်လမ်းကောင်းလေးတွေကို ကြည့်ချင်ပါလျက်နဲ့ မကြည့်လိုက်ရတာမျိုးတွေကို ခုလို Mobile Application တွေမှာပြန်လည်ဝင်ရောက်ကြည့်ရှုလို့ရတဲ့အတွက် အသုံးပြုသူအတွက်ပိုအဆင်ပြေစေသလို အား လပ်ချိန်တွေအတွက်လည်း အပျင်းပြေစေပါတယ်။
ခုတလောမှာတော့ ရုပ်ရှင်ဇတ်လမ်းတွေကို အလွယ်တကူဝင်ရောက်ကြည့်ရှုနိုင်တဲ့ Mobile Application များစွာထဲမှ လူသုံးများနေပြီး ၂၀၁၈ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင် စတင်မိတ်ဆက်အသုံးပြုခဲ့ Application တစ်ခုဖြစ်တဲ့ LaLaKyi Mobile Application တစ်ခုလည်းဖြစ်ပါတယ်။

Photo Source- Screenshot by Myanmar Tech Press

LaLaKyi Application ကတော့ ပထမဆုံး Play Store ကနေ Install လုပ်ပြီးတာနဲ့ Facebook ဖြင့်ဖြစ်စေ၊ Email ဖြင့်ဖြစ် စေဝင်ရောက်နိုင်ရန် ပြုလုပ်ထားပေးပါတယ်။ မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ နှစ်မျိုးစလုံးနဲ့အသုံးပြုနိုင်ပြီး တိုက်ရိုက်ကြည့် အစီအစဉ်၊ လပေးကြည့်ရှုခြင်း၊ တစ်ကားချင်းကြည့်ရှုခြင်း၊ Package များအလိုက်ကြည့်ရှုခြင်း စတဲ့ အမျိုးအစားခွဲခြားကြည့် ရှုနိုင်ပါတယ်။ ဇတ်ကားတစ်ကားချင်း ကြည့်ရှုနိုင်သလို မိမိကြိုက်နှစ်သက်ရာ ဇတ်လမ်းတွဲများကိုလည်း ရွေးချယ်ကြည့်ရှုနိုင် ပါတယ်။

Photo Source- Screenshot by Myanmar Tecch

ဇတ်ကားတစ်ခုကိုရွေးချယ်လိုက်ရုံဖြင့် ဇတ်ကားရဲ့ဇတ်ညွှန်းအကျဉ်းကို ဖော်ပြပေးထားတဲ့အတွက် ပိုအဆင်ပြေသလို ဇတ် ကားနမူနာကို အရင်ကြည့်ရှုလို့ရအောင်ပြုလုပ်ပေးထားပေးပါတယ်။ ဇတ်ကားကို ဝယ်ယူကြည့်ရှုရန်အတွက် Payment Method voucher redeem (သို့) 5BB ဖြင့် ငွေပေးချေနိုင်ပါတယ်။ Subscription ဖြင့်ကြည့်ရှုလို့ရအောင်လည်း ပြုလုပ်ထား ပါတယ်။

Photo Source- Screenshot by Myanmar Tecch

LaLakyi Website မှာလည်း ဇတ်ကားတွေကို ဝင်ရောက်ကြည့်ရှုနိုင်သလို Lalakyi Facebook Page ဟာလည်း Like လေးသိန်းကျော်နဲ့ Follow ရှစ်သိန်းကျော်ရရှိထားပြီးလည်ဖြစ်ပါတယ်။
LalaKyi Facebook Page ကတော့ https://www.facebook.com/lalakyi4u/  ဖြစ်ပြီး Website ကတော့ https://www.lalakyi.com တို့ပဲ ဖြစ်ပါတယ်။
အောက်ပါ Link မှ ဝင်ရောက် Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.globalnetmm.lalakyi