စိန်ပွင့်ပုံစံကင်မရာ ၄ လုံးနှင့် Vivo S1 Pro ဆိုသည်မှာ

တက်ကြွမှု၊ ပျော်ရွှင်မှု၊ ခေတ်မှီဆန်းသစ်မှုစတဲ့ စိတ်ခံစားမှုနဲ့ ပတ်ဝန်းကျင်အနေအထားတို့ကို အခြေခံပြီးလူငယ်တွေရဲ့ ဖက်ရှင်နဲ့ စတိုင်လ်တို့ဟာ လျင်မြန်စွာပြောင်းလဲလျက်ရှိနေပါတယ်။ တနင်္လာနေ့မှာ စမတ်ကျတဲ့ဖက်ရှင်နဲ့ ရုံးတက်ဖို့ဖြစ်ဖြစ်၊ သောကြာ နေ့ညနေမှာ အလန်းစား dress ဝတ်ပြီး သူငယ်ချင်းတွေနဲ့အတူ TGIF လုပ်ဖို့ပဲသွားသွား ယနေ့ခေတ် မြန်မာလူငယ်တွေဟာ ရှေးရိုးစွဲပုံစံကနေ ခွဲထွက်ပြီးတော့ မိမိတို့ရဲ့ ကိုယ်ပိုင်ဖက်ရှင်နဲ့ စတိုင်လ်ကို ရဲရဲဝင့်ဝင့် ပြောင်းလဲနေကြပါတယ်။
တစ်ဦးတစ်ယောက်ချင်းအနေနဲ့လည်း ခေတ်ရေစီးကြောင်းနဲ့အညီ စတိုင်လ်ကျပြီး စတားဖြစ်ချင်တယ်ဆိုရင်တော့ နေ့စဉ်ပြောင်း လဲနေတဲ့ သင့်ရဲ့ဝတ်စားဆင်ယင်မှု ဖက်ရှင်နဲ့အမြဲမပြတ် လိုက်လျောညီထွေရှိပြီး အလန်းစားပုံရိပ်တွေကို အမိအရ ရိုက်ကူး မှတ်တမ်းတင်ပေးနိုင်မယ့် စတိုင်လ်ကျလှပပြီး စွမ်းရည်မြင့်တဲ့ စမတ်ဖုန်းတစ်ခုလည်း လိုအပ်ပါလိမ့်မယ်။

Photo Source – ssth@hyvemyanmar.com

ကမ္ဘာ့ထိပ်တန်း နည်းပညာကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Vivo ကနေ နောက်ဆုံးထုတ်လုပ်ထားပြီး မတူကွဲပြားတဲ့ လူအများရဲ့ လူနေမှုပုံစံနဲ့ စတိုင်လ်တွေအားလုံးနဲ့ လိုက်ဖက်မယ့် စွဲမက်ဖွယ်ရာ ပုံစံဒီဇိုင်း အသစ်နဲ့ ဖန်တီးထားတဲ့ Vivo S1 Pro စမတ်ဖုန်းနဲ့ မိတ်ဆက်ပေးပါရစေ။ Vivo S1 စမတ်ဖုန်းကို ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက မြန်မာနိုင်ငံဈေးကွက်နဲ့ မိတ်ဆက်ပေးခဲ့ပြီး သုံးစွဲသူ များ အထူးစိတ်ကြိုက်တွေ့ခဲ့သလို မကြာမီမှာတော့ Vivo S Series ရဲ့ နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ ပြိုင်ဖက်ကင်းတဲ့ ပုံစံဒီဇိုင်းနဲ့ S1 Pro စမတ်ဖုန်းကို မိတ်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။
“Upgrade Your Style” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း Vivo S1 Pro ဟာ လူငယ်တွေ စိတ်ကြိုက်တွေ့စေမယ့် စတိုင်လ်ကျလှပတဲ့ စမတ်ဖုန်း တစ်ခုပဲဖြစ်ပြီး ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ၆.၃၈ လက်မအရွယ် Full HD+ Super AMOLED မျက်နှာပြင်၊ တစ်မူထူးခြားတဲ့ စိန်ပွင့်ပုံစံ ဖန်တီးပုံဖော်ထားတဲ့ နောက်ကျောပြင် ကင်မရာ ၄ လုံး၊ မျက်နှာပြင်အောက်မှာ ထည့်သွင်းထားတဲ့ လက်ဗွေလုံခြုံရေးစနစ် တို့ကြောင့် S1 Pro စမတ်ဖုန်းကို ကိုင်ဆောင်ထားမယ်ဆိုရင် အများအလယ်မှာ ထင်ရှားပေါ်လွင်စေမှာ သေချာနေပါတယ်။

Photo Source – ssth@hyvemyanmar.com

Vivo S1 Pro ဟာ ပုံစံဒီဇိုင်းက လှပဆန်းသစ်ရုံမက ကမ္ဘာကျော်ဒီဇိုင်းဂုရုကြီးတွေတောင် လက်ဖျားခါရမယ့် Mistic Black (အနက်) နဲ့ Dreamy White (အဖြူ) အရောင်ပြေးကာလာ ၂ မျိုးနဲ့ ထွက်ရှိလာမှာ ဖြစ်လို့ S1 Pro ဟာ သင့်ရဲ့ ဘယ်လို စတိုင်လ်မျိုးနဲ့မဆို လိုက်ဖက်မှု ရှိနေမှာအမှန်ပဲဖြစ်ပါတယ်။
ဒါ့အပြင် ကမ္ဘာ့စမတ်ဖုန်းဈေးကွက်မှာ ပြိုင်ဖက်ကင်းတဲ့ စိန်ပွင့်ပုံစံကဲ့သို့ တမူထူးခြားစွာ ဖန်တီးပုံဖော် ထားတဲ့ 48 MP (f/1.8) ပင်မကင်မရာနဲ့ 8MP (f/2.2) ပူးတွဲကင်မရာ၊ 2MP (f/2.4) မြင်ကွင်းကျယ် ကင်မရာနဲ့ 2MP (f/2.4) အနီးရိုက် ကင်မရာ ၄ လုံးတို့ ပါဝင်တဲ့ AI Rear Quad Camera Setup ကို တပ်ဆင်ပေးထားလို့ တန်ဖိုးရှိတဲ့ အမှတ်တရ ပုံရိပ်များကို အကောင်းဆုံး ပုံထွက်နှုန်းနဲ့ အမိအရ ရိုက်ကူးရယူနိုင်မှာ ဖြစ်ပါတယ်။

Photo Source – ssth@hyvemyanmar.com

မတူထူးခြားတဲ့ စတိုင်လ်ကိုယ်စီနဲ့ ဖက်ရှင်ကျကျ ‌နေထိုင်သွားလာနေကြတဲ့ လူငယ်တွေစိတ်ကြိုက်တွေ့စေမယ့် အရာတစ်ခုက တော့ မိုးရေပေါက် (Water Drop) ပုံစံ လှပသေသပ်စွာ ဖန်တီးထည့်သွင်း ပေးထားတဲ့ Vivo S1 Pro ရဲ့ ရှေ့ဖက် Selfie ကင်မရာပဲ ဖြစ်ပါတယ်။ ပြိုင်ဖက်ကင်းတဲ့ 32MP ပုံထွက်နှုန်းနဲ့ AI Beauty Mode တို့‌ကြောင့် မိမိတို့ရဲ့ နေ့စဉ်ဖက်ရှင်နဲ့ စတိုင်လ်တို့ကို S1 Pro နဲ့ မလွတ်တမ်း Selfie ရိုက်ကူး ရယူနိုင်မှာ သေချာပါတယ်။အချိန်နဲ့အမျှ ပြောင်းလဲတိုးတက်နေတဲ့ ခေတ်ရှေ့ပြေး ဖက်ရှင်ရေစီးကြောင်းထဲမှာ Vivo S1 Pro ဟာ မြန်မာလူငယ်တွေရဲ့ ထူးခြားတဲ့ဖက်ရှင်နဲ့ ကွဲပြားတဲ့ စတိုင်လ်တွေ ကို အကောင်းဆုံး ပံ့ပိုးကူညီနိုင်တဲ့ နောက်ဆုံးပေါ် စွမ်းရည်မြင့် စမတ်ဖုန်း တစ်လုံးအဖြစ် မကြာခင်မှာ ထွက်ရှိလာတော့မှာပါ။